အာရှအတွက် ရေနံစိမ်းဈေးနှုန်းများ ဆော်ဒီအာရေဗျ လေးလမြောက် လျှော့ချနိုင်ဖွယ်ရှိ


31 January, 2023

အာရှအတွက် ရေနံစိမ်းဈေးနှုန်းများ ဆော်ဒီအာရေဗျ လေးလမြောက် လျှော့ချနိုင်ဖွယ်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 
ကမ္ဘာ့အများဆုံးရေနံတင်ပို့သည့် ဆော်ဒီအာရေဗျသည် အာရှသို့ရောင်းချသည့် ရေနံစိမ်းစျေးနှုန်းများကို မတ်လတွင် ဆက်တိုက် စတုတ္ထမြောက်လအဖြစ် ဈေးလျှော့ချနိုင်ခဲ့သည်။
တရုတ်နိုင်ငံ ဝယ်လိုအား ပြန်လည်ဦးမော့လာရန် မျှော်မှန်းထားသော်လည်း ရောင်းလိုအား အလွန်အကျွံ ဖြစ်မည့်အရေး  စိုးရိမ်စရာများ ရှိနေသည်။
နိုင်ငံပိုင်ရေနံကုမ္ပဏီ Saudi Aramco သည် ၎င်း၏ အထင်ကရ Arab Light ရေနံစိမ်း၏ တရားဝင်ရောင်းဈေးကို မတ်လတွင် အာရှဝယ်လက်များထံ ပို့ဆောင်ရန်အတွက် သင်္ဘောတင်မည့် ရေနံစိမ်းများအတွက် အမေရိကန်ဒေါ်လာ 
ဆင့် ၃၀ ခန့် လျှော့ချနိုင်သည်။
 
၎င်းရောင်းဈေးနှုန်းသည် Platts Dubai နှင့် Dubai Mercantile Exchange တို့၏ပျမ်းမျှဈေးနှုန်းအောက်  တစ်စည်ကို $1.50 ဝန်းကျင်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
၂၀၂၁ နိုဝင်ဘာလ နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်သည်။

 

အာရှ၏ အလယ်အလတ်တန်းစား ရေနံစိမ်း  လိုအပ်ချက်မှာ ငြိမ်နေဆဲဖြစ်သည်။
တရုတ်နိုင်ငံ၏ သုံးစွဲမှုသည် လတ်‌တလောကာလအတွင်း ပြန်လည်မြင့်တက်လာမည် မဟုတ်ချေ။

တရုတ်အစိုးရသည် တင်းကျပ်သော ကိုဗစ် သုည မဟာဗျူဟာကို ပြန်လည်ရုတ်သိမ်းလိုက်သောကြောင့် ထိပ်တန်းရေနံတင်သွင်းသူ တရုတ်နိုင်ငံသည် လောင်စာဝယ်လိုအား ပြန်လည်နိုးထလာမည်ဟု ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံ၏ ရေနံရောင်းဝယ်ရေး မဟာကုမ္ပဏီကြီး Unipec သည် ဇန်နဝါရီလတွင် အဘူဒါဘီ၊ ဘရာဇီးနှင့် မြောက်အမေရိကတို့မှ ရေနံစိမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် မှာယူခဲ့သည်။

တရုတ်နှင့်အိန္ဒိယသည် လျှော့စျေး ရုရှားရေနံစိမ်းများကို ဆက်လက်ဝယ်ယူနေကြသောကြောင့် ဆော်ဒီရေနံစိမ်း ဝယ်လိုအား လျော့ကျနေဆဲ ဖြစ်သည်။

ဥရောပသမဂ္ဂသည် ရုရှားရေနံထုတ်ကုန်များ တင်သွင်းမှုကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ပိတ်ပင်ရန် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ရုရှားသည် ရေနံထုတ်ကုန်များ လျှော့ထုတ်ရမည်ဖြစ်ရာ ရေနံစိမ်းများ ပိုများနေတော့မည်ဖြစ်ပြီး ရုရှားသည် ရေနံစိမ်းကို ပိုမိုတင်ပို့လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

OPEC+ ဟု ခေါ်ဝေါ်ကြသည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် မဟာမိတ်များသည်ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကြားတွင် တစ်နေ့လျှင် စည်ပေါင်း ၂ သန်း လျှော့ချထုတ်လုပ်မည့် လက်ရှိ ရေနံထုတ်လုပ်မှုမူဝါဒကို ဆက်လက်ကိုင်စွဲထားနိုင်ဖွယ်ရှိသည်။

ဆောဒီ ရေနံစိမ်း တရားဝင် ‌အရောင်း ဈေးနှုန်း official selling price OSP များသည် အီရန်၊ အီရတ်နှင့် ကူဝိတ်တို့မှ ရေနံစိမ်းဈေးနှုန်းများအတွက် ချိန်ညှိပေးကြရသည့် စံ တစ်ခုဖြစ်ပြီး အာရှသို့ စီးဆင်းသည့် တစ်ရက် စည်ပေါင်း barrels per day (bpd) ၉ သန်း၏ ရောင်းဈေးများအပေါ် သက်ရောက်မှု ရှိပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 2421 times