ဆော်ဒီအာရေဗျက အာရှသို့ ရေနံဈေးတက်ခြင်းဖြင့် စျေးကွက်များကို အံ့အားသင့်စေခဲ့


07 February, 2023

ဆော်ဒီအာရေဗျက အာရှသို့ ရေနံဈေးတက်ခြင်းဖြင့် စျေးကွက်များကို အံ့အားသင့်စေခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 ဆော်ဒီအာရေဗျသည် တနင်္လာနေ့ (ဖေဖော်ဝါရီ ၆)တွင်  အာရှသို့ မတ်လမှာ သင်္ဘောတင်မည့် ၎င်း၏ အထင်ကရ ရေနံစိမ်း၏ တရားဝင်ရောင်းဈေးကို တိုးမြှင့်ခဲ့သည်။

ခြောက်လအတွင်း ပထမဆုံးအကြိမ် ရောင်းဈေး  တိုးလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ဝယ်လိုအား ပြန်ကောင်းလာလိမ့်မည်ဟု မျှော်လင့်ထားခြင်းကြောင့် ဖြစ်သည်။

ဆော်ဒီရေနံကုမ္ပဏီကြီး Aramco သည် ၎င်း၏ အထင်ကရ Arab Light  ရေနံစိမ်းအကြဲ၏ ဈေးနှုန်းကို အာရှသို့ မတ်လတွင် တင်ပို့ခြင်းအတွက် တစ်စည်လျှင် $0.20  မြှင့်တင်ခဲ့သည်။ ဒူဘိုင်း/အိုမန် ပျမ်းမျှ တစ်စည်ဈေးနှုန်းအထက် $2.00 ဟု သတ်မှတ်သည်။ 
ယခုနှစ်တွင် ရေနံဈေးများ ကျဆင်းနေသော်လည်း Aramco က တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၂၂  စက်တင်ဘာလနောက်ပိုင်း  အာရှအတွက် တရားဝင်ရောင်းချသည့် ဈေးနှုန်း official selling price (OSP) များ ပထမဆုံးအကြိမ် တိုးလာခြင်းဖြစ်သည်။
အာရှ၏ ဝယ်လိုအားသည် ဒုတိယသုံးလပတ်မှစ၍ မြင့်တက်လာမည်ဟု ဆော်ဒီက မျှော်လင့်ထားသည်။
ပြီးခဲ့သောလတွင် ဆော်ဒီအာရေဗျသည် Arab Light ဈေးနှုန်းကို တစ်စည်လျှင် ၁.၄၅ ဒေါ်လာ လျှော့ချခဲ့သည်။
ဒူဘိုင်း/အိုမန် စံဈေးနှုန်း အထက် တစ်စည်လျှင် ဒေါ်လာ ၁.၈၀ ဖြင့် ဖေဖော်ဝါရီလ သင်္ဘောတင်သည့် ရေနံဈေးနှုန်းကို သတ်မှတ်ပေးခဲ့သည်။


ဖေဖော်ဝါရီလအတွက် ဒူဘိုင်း/အိုမန် ပျမ်းမျှဈေးနှုန်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ ယေဘုယျအားဖြင့် အများက မှန်းဆထားသည့်အတိုင်း လျော့ကျခဲ့ခြင်း ဖြစ်သည်။

မတ်လအတွက် ဆော်ဒီက စျေးနှုန်းများ မြင့်တက်လိုက်ခြင်းသည် ဈေးကွက်ကို အံ့အားသင့်စေခဲ့သည်။

“OSP မြင့်တက်မယ်လို့ အတော်များများက  မမျှော်လင့်ထားပါဘူး။  ဆော်ဒီက ရေနံဝယ်လိုအားအပေါ်  အတော်မျှော်လင့်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု စင်ကာပူအခြေစိုက် ရေနံကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခင်သီတင်းပတ်တွင်  အရင်းအမြစ် လေးခုကို ရိုက်တာက စစ်တမ်းကောက်ယူခဲ့ရာတွင် ဆော်ဒီက ဈေးချလိမ့်မည်ဟု ဆိုခဲ့ကြသည်။
Arab Light ၏စျေးနှုန်းသည် မတ်လတွင် သင်္ဘောတင်မည့် ရေနံစိမ်းများအတွက် $0.30 ဝန်းကျင် လျှော့ချရန် မျှော်လင့်ထားကြောင်း ပါဝင်ဖြေဆိုသူများက ပြောကြားခဲ့သည်။

Bloomberg စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူတို့က $0.20 လျှော့ချလိမ့်မည်ဟု မှန်းဆထားကြသည်။
  
အခြားရေနံအမျိုးအစား Arab Extra Light ကိုမူ Aramco က ဈေးလျှော့ချခဲ့သည်။ 
Arab Extra Light ကို  $1.30 ဈေးလျှော့သည်။ အိုမန်/ဒူဘိုင်းစံဈေးနှုန်း အထက် တစ်စည်ကို ၂.၂၅ ဒေါ်လာ ဟု သတ်မှတ်သည်။
 
Arab Medium နှင့်  Arab Heavy တို့၏ OSP ကို $0.50 တိုးသည်။

Source oilprice 
 

Energy News Read 223 times