အာရှအတွက် ရေနံဈေးနှုန်းများ အများစုကို  ဆော်ဒီအာရေဗျ လျှော့ချသတ်မှတ်


05 November, 2022

အာရှအတွက် ရေနံဈေးနှုန်းများ အများစုကို  ဆော်ဒီအာရေဗျ လျှော့ချသတ်မှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုနှင့်အတူ အာရှဒေသတွင်းစျေးကွက် အားနည်းသွားသည့် အရိပ်လက္ခဏာများ ပြနေချိန်မှာ  ဆော်ဒီအာရေဗျသည် အာရှအတွက် ရေနံဈေးနှုန်းများ အများစုကို လျှော့ချသတ်မှတ်သည်။
.
ဗဟိုဘဏ်များက အတိုးနှုန်းမြှင့်တင်ခြင်းများ၊ တရုတ်နိုင်ငံတွင် ကိုဗစ်သုည မူဝါဒအရ လော့ဒေါင်းများ ချနေဆဲဖြစ်ခြင်းကြောင့် ဒေသတွင်း ရေနံသုံးစွဲမှု လျော့နည်းနေပြီး ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းများ ဇွန်လနောက်ပိုင်း ၂၀% ဈေးကျဆင်းစေခဲ့သည်။
အစိုးရထိန်းချုပ်ထားသော Saudi Aramco သည် အဓိကဈေးကွက်ဖြစ်သော အာရှဈေးကွက်အတွက် ၎င်း၏အဓိကရေနံစိမ်း Arab Light အမျိုးအစား ဒီဇင်ဘာလဈေးနှုန်းကို လျှော့ချသတ်မှတ်သည်။ .၄၀ လျှော့ချပြီး တစ်စည်လျှင် စံဈေးနှုန်းအထက် $5.45 ဟု သတ်မှတ်သည်။


 

 

အီးယူက ဒီဇင်ဘာလ ၅ ရက်တွင် အရေးယူပိတ်ဆို့မှု တင်းကျပ်သည့်အခါ ရုရှားရေနံ တင်ပို့မှု လျော့ကျမည့် အလားအလာ ရှိနေသဖြင့် Brent ရေနံစိမ်းသည် $100 နီးပါးဖြင့် ရောင်းဝယ်နေကြဆဲ ဖြစ်သည်။
ရုရှားရေနံ တင်ပို့သည့် ပမာဏသည် တစ်ရက်လျှင် စည် ၁ သန်းမှ ၃ သန်းကြားအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။
.
ဆော်ဒီနှင့် ရုရှားတို့ ဦးဆောင်သော ၂၃ နိုင်ငံ ပါဝင်သည့် ရေနံထုတ်လုပ်သူများ မဟာမိတ်အဖွဲ့OPEC+ က ယခုလတွင် ရေနံထုတ်လုပ်မှု လျှော့ချရန် ဆုံးဖြတ်ချက် ချထားသည်။ 
.
Aramco သည်  အလတ်စားနှင့် အပျစ် ရေနံအမျိုးအစားများ၏ အာရှအတွက် ဈေးနှုန်းများကို ကိုးလတာအတွင်း အနိမ့်ဆုံးအဆင့်သို့ ဈေးလျှော့ချခဲ့သည်။
.
ဆော်ဒီအာရေဗျသည် ၎င်း၏ရေနံအများစုကို အာရှသို့ နှစ်ရှည်စာချုပ်များဖြင့် ရောင်းချနေပြီး စျေးနှုန်းကို လစဉ်သုံးသပ် သတ်မှတ်ပြဋ္ဌာန်းပါသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 294 times