စီးပွားရေးကဏ္ဍများ အခြေအနေ အရပ်ရပ် သုံးသပ် ခန့်မှန်းချက်များ (2)


22 September, 2018

စီးပွားရေးကဏ္ဍအသီးသီးတွင် အကျပ်အတည်းများ ကိုယ်စီ ရှိနေကြသည်။ ရုတ်ချည်း ပြောင်းလဲသွားသော ဒေါ်လာငွေလဲနှုန်းကို အမီလိုက်ပြီး ချိန်ညှိလုပ်ကိုင်ကြရသည်။ ထို့အတွက် အခက်အခဲများ အနည်းနှင့်အများ ရှိနေသည်။ ဥပမာအားဖြင့် ဆက်သွယ်ရေး အော်ပရေတာ အော်ရီဒူးသည် ဖြစ်ပေါ်နေသော ငွေလဲနှုန်းကြောင့် အရှုံးပြခဲ့သည်ဟု ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားသည်။

စူပါမားကက်တွင် ထုတ်ကုန်များ၏ ၅၀% သည် ပြည်ပမှ တင်သွင်းထားသည်

မြန်မာပြည်တွင် ပြုလုပ်သည့် ထုတ်ကုန်များတွင် အနည်းဆုံး ၅၀% သည် ပြည်ပသွင်းကုန်များကို အားကိုးအားထား ပြုသည်။ သို့ဖြစ်ရာ ငွေလဲနှုန်း မြင့်တက်သည့်အတွက် ဈေးတက်ပြီး ရောင်းချရသည့်အတွက် ရောင်းအားကျဆင်းခြင်းကို အနည်းနှင့်အများ ကြုံရမည်။ ဈေးနှုန်းသစ်များကို ကျင့်သားရလာချိန်ကျမှ အခြေအနေ ပုံမှန်ပြန်ဖြစ်မည် ဖြစ်သည်။

ထိုင်းနှင့် တရုတ်အပါအဝင် ပြည်ပနိုင်ငံများမှ လူသုံးကုန်များနှင့် ကုန်ကြမ်းများ တင်သွင်းခြင်း၊ ကုမ္ပဏီတွင် ငှားရမ်းထားသော နိုင်ငံခြားသားများအတွက် လခ၊ ပြည်ပမှ လာရောက်လုပ်ကိုင်သော ပညာသင်ကျောင်းများ၏ ပညာရေးဝန်ဆောင်မှု၊ လေကြောင်းလိုင်းကဲ့သို့သော ဝန်ဆောင်မှုများသည် ဒေါ်လာဈေးတက်သည့်အခါ ကမောက်ကမ ဖြစ်ကြရသည်။ ကုန်ကျစရိတ်သည် ဒေါ်လာကို အခြေပြုထားလျှင် တက်လာမည့်ငွေဈေးကို ကာမိအောင် ပိုပိုသာသာ ထည့်တွက်ကြရသည်။ အကောက်ခွန်မှ အခွန်စည်ကြပ်ရန် တွက်ချက်သည့်အခါ ကာလပေါက်ဈေး ငွေလဲနှုန်းဖြင့် တွက်ချက်သည်။ သို့ဖြစ်ရာ ဒေါ်လာသည်သာ အဓိကကျပြီး ကျပ်ငွေသည် အားချည့်နဲ့နေသည်။

ခရီးသွားလုပ်ငန်း

****

ဒေါ်လာ ရှာသော ခရီးသွားလုပ်ငန်းကဏ္ဍကို မီးခိုးတိတ် စီးပွားဟု လွဲမှားစွာ ပြောဆိုကြသည်။ သွားလာကြရန် ယာဉ်ကို သုံးရသည်။ ထိုယာဉ်တို့သည် မီးခိုးထွက်သည့် ယာဉ်များချည်းသာ ဖြစ်သည်။

ခရီးသွားလုပ်ငန်းမှ တိုင်းပြည်စီးပွားရေးအပေါ် ကျေးဇူးပြုပေးနေသည်မှာ နိုင်ငံတကာ စံအဆင့်အတန်းအရ ကြည့်ှလျှင် အနည်းပါးဆုံးဖြစ်နေသည့်ကဏ္ဍဟု မြန်မာ့ပြည်တွင်း ခရီးသွားလုပ်ငန်းကဏ္ဍကို World Travel & Tourism Council က သုံးသပ်ထားသည်။ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသည် ၃ ဒဿမ ၄ သန်း ရှိခဲ့ရာ ယခင်နှစ်ထက် ၂ ဒဿမ ၇ ရာခိုင်နှုန်း ပိုများခဲ့သည်။ ယခုနှစ်အပိုင်းအခြားတွင် ရခိုင်အရေးကိစ္စ၊ ဗမာတိုင်းရင်းသား အပါအဝင် တိုင်းရင်းသားများအကြား အရေးကိစ္စများကြောင့် ခရီးသည် အလာနည်းသွားသည်။

tourism

ခရီးသွားလုပ်ငန်းမှ GDP အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်တစ်ဆင်ခံ ကျေးဇူးပြုခြင်းသည် အိမ်နီးနားချင်း နိုင်ငံများထက် များစွာ နည်းပါးနေသည်ကို တွေ့ရသည်။

tourism gdp

ယှဉ်ပြိုင်နိုင်စွမ်း အညွှန်းတစ်ခု ဖြစ်သည့် WEF Global Travel & Tourism Competitiveness Index တွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံတို့ကို အဆင့်အသီးသီး သတ်မှတ်ပေးထားရာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၃၄ တွင် ရောက်ရှိနေသည်ဟု ၂၀၁၅ ခုနှစ် ထုတ်ပြန်သောစာရင်းအရ သိရသည်။ ယှဉ်ပြိုင်နိုင်စွမ်းအညွှန်းကိန်းအတွက် အချက်လေးချက်ဖြစ်သည့် စီးပွားဝန်းကျင် (Business Environment) ဘေးကင်းရေးနှင့် လုံခြုံရေး(Safety and Security) ၊ ကျန်းမာရေးနှင့် သန့်ရှင်းမှု (Health and Hygiene) ၊ လူအရင်းအမြစ်နှင့် လုပ်သားဈေးကွက်( Human Resource and Worker Market) ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အရံသင့် ရှိခြင်း( ICT Readyness) တို့ နှိုင်းယှဉ်ပြထားပါသည်။

tourism compettive

ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ

****

ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အစိုးရမှ ဘတ်ဂျက်သုံးစွဲမှုကို တိုးမြှင့်ခဲ့သည်။ လူမှုဆိုင်ရာ အရေးကိစ္စဖြစ်ပြီး အရေးကြီးသောကိစ္စများ ဖြစ်ကြသည့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ဘတ်ဂျက်သုံးစွဲမှုသည် ပညာရေးကဏ္ဍကို ကျန်းမာရေးထက် ပိုမိုသုံးစွဲထားသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲပေးသည်ကိုလည်း တွေ့ရသည်မှာ ကောင်းသည့် လက္ခဏာ ဖြစ်သည်။ သို့သော် စုစုပေါင်းဘတ်ဂျက်၏ ရာခိုင်နှုန်းအရကြည့်လျှင် နည်းပါးနေသေးသည်။ 

health and edu

ပညာသင်ပြပေးသည့် ပုံစံကို ပြောင်းလဲပေးလိုက်သည်မှာ ပညာရေးကဏ္ဍ၏ ထူးခြားသော တိုးတက်မှုတစ်ခု ဖြစ်သည်။ ကျောင်းပညာရေးသည် ကျောင်းချိန်ပြည့်ရန် တက်ကြရသော ပညာရေးဖြစ်ပြီး စာမေးပွဲ အောင်ဖို့အတွက် ကျူရှင်ပညာရေးကိုသာ အဓိက အားထားနေကြရသောအဖြစ်မှ လာမည့် ဆယ်စုနှစ်အတွင်း သက်သာရာ ရမည်ဟု မျှော်လင့်အားထားကြရပေသည်။

အခွန်ကဏ္ဍ

****

အစိုးရ အသုံးစရိတ်များအတွက် အခွန်ဖြင့် ဝင်ငွေရှာသည့်ပုံစံကို ၂၀၁၂ ခုနှစ်တွင် ပြောင်းလဲသုံးစွဲခဲ့သည်။ ယခင်က အခွန်မဟုတ်သည့် ဝင်ငွေကို တည်မှီခဲ့သည်။ ယခုလို အခွန်ကို အားပြုသည့်အတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍသာမက လူအများတို့ပါ အခွန်ထမ်းကြရသည်။ လစာအတွက် ဝင်ငွေခွန် ပေးဆောင်ရသည်။ ထိုသို့ အခွန်ပေးဆောင်ပြီးသားငွေဖြင့် ဝယ်ယူမှုအ၀၀တို့အတွက် နောက်တစ်ကြိမ် အခွန်ပေးဆောင်ရပြန်သည်။ ဥပမာ အခွန်ဆောင်ပြီးသား လစာငွေဖြင့် အင်တာနက်သုံးလျှင် ၅% ကို ထပ်မံပေးဆောင်ရမည် ဖြစ်သည်။

အခွန်ဌာနများ ဖွဲ့စည်းပုံကိုလည်း ယခင်က အခွန်အမျိုးအစားအရ ခွဲခြားသတ်မှတ်ပေးထားခဲ့ပြီး ယခုအခါ အခွန်ပေးဆောင်သည့်သူများ၏ အခွန်ပမာဏ အနည်းအများအရ ကိုင်တွယ်ဆောင်ရွက်ပေးနိုင်ရန် အခွန်ထမ်းကြီး၊ အလယ်အလတ်တန်းစား အခွန်ထမ်း စသဖြင့် ခွဲခြားသတ်မှတ်ထားသည်။

TAX

အခွန်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကောက်ခံသော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရရှိခဲ့သော အခွန်ငွေပမာဏထက် လျော့နည်းပါသည်။ အကြောင်းမှာ နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပြနေကြသဖြင့် ၎င်းတို့ထံမှ ရရှိမည့် အခွန်များ မရရှိတော့ခြင်းသည့် အဓိကျသည့် အကြောင်းအချက်တစ်ခု ဖြစ်သည်။ နောက်ထပ် အကြောင်းတရားတစ်ခုမှာ အကျင့်ပျက်ခြစားခြင်းကြောင့် စည်းကြပ်ရရှိမည့် ပမာဏများ အဖိတ်အစင် ရှိနေခြင်း ဖြစ်သည်။

ဂျီဒီပီကို ဖြည့်ဆည်းခြင်း

****

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား ရရှိမှု အရေးပါသည်။

၂၀၁၁-၁၂ တွင် ရန်ကုန်တိုင်းဒေသကြီး၏ မဟာဓာတ်အားလိုင်းမှ လူတစ်ဦးကျ ဓာတ်အား ရရှိမှုသည် ရခိုင်ပြည်နယ်ထက် အဆ ၁၇၀၊ ဧရာဝတီတိုင်းဒေသကြီးထက် ၁၄ဆ အထိပိုမို မြင့်မားခဲ့သည်။ ထိုသို့ မမျှမတ ဖြစ်နေသော်လည်း တိုင်းပြည် ဂျီဒီပီကို အများဆုံး ကျေးဇူးပြုနေသော ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်မီး ပိုမိုရရှိမှ တိုးတက်ကြီးထွားနိုင်မည် ဖြစ်သည်။

GDP FULLFILL

တိုင်းပြည် ဂျီဒီပီ ကျေးဇူးပြုခြင်းအရ ကြည့်လျှင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဂျီဒီပီ စုစုပေါင်း၏ ထက်ဝက်ကျော်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။

Investment/Divestment Local News Read 5358 times