ဂျပန်နိုင်ငံတွင် အလုပ်သမားလိုအပ်ချက်အရ အလုပ်သင်လုပ်သား၊ ကျောင်းသားနှင့် ကျွမ်းကျင်လုပ်သားများကို သင်တန်းပို့ချခြင်းနှင့် ပို့ဆောင်ရေးဆောင်ရွက်နိုင်ရန် မြန်မာလုပ်သားများ စေလွှတ်နိုင်ဖို့ မြန်မာ - ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ( SEDA ) နှင့် မိတ်ဖက်အဖွဲ့အစည်းများ မတ် ၉ ရက် မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
" လေးလပိုင်းဆိုရင် ဂျပန်မှာ အလုပ်သမားလိုအပ်ချက် ပိုများလာတယ်။ အရင်က စက်ရုံပိုင်းလုပ်သားပဲရှိတယ်။ အခုက service ပိုင်းလုပ်သားလိုတယ်။ ပထမဆုံးအနေနဲ့ ဘိုးဘွားရိပ်သာမှာလုပ်မယ့် အလုပ်သမား ၁၅၀ စေလွှတ်မှာပါ ” ဟု မြန်မာ - ဂျပန် လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးအေးမင်းက ပြောပါတယ်။
ဂျပန်နိုင်ငံအစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၁၂ လပိုင်းမှစ၍ နိုင်ငံခြားသားများကို ဂျပန်တွင် လက်ခံရန် ပထမဆုံးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး လက်ရှိမှာ လုပ်ငန်းပေါင်း ၁၄ မျိုးရှိပြီး လုပ်သား သုံးသိန်းခွဲ့ခန့် လိုအပ်ချက်ရှိကြောင်း သိရပါတယ်။
"၂၀၁၉ ခုနှစ် လေးလပိုင်းကစပြီး ဂျပန်နိုင်ငံမှာ လူသားအရင်းအမြစ်လိုအပ်ချက်ကြောင့် ကျွန်တော်တို့စပြီးတော့ Work ဗီဇာအနေနဲ့ လက်ခံမယ်၊ ငါးနှစ်စာအလုပ်လုပ်နိုင်မယ့် သင်တန်းသားတွေလိုအပ်တယ်၊ အဲဒီအတွက် ကျွန်တော်တို့ စတင်တာဖြစ်ပါတယ် ” ဟု Tokio Investment ကုမ္ပဏီမှ Hideki Matsushita ကပြောပါတယ်။
ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်လိုသူများဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိရပြီး ဂျပန်စကားပြော ကျွမ်းကျင်သူဖြစ်ရန်လိုအပ်ပါတယ်။
မြန်မာ - ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မိတ်ဖက်အဖွဲ့များ ပူးပေါင်း၍ ဂျပန်စကားပြောသင်တန်းကျောင်း၊ ဂျပန်ပို့မည့်အဖွဲ့၊ ဂျပန်တွင် လက်ခံမည့်အဖွဲ့၊ ငွေေြ့ကးထောက်ပံ့မည့်အဖွဲ့များမှ ပူးပေါင်းကူညီပေးရန် သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။
ကြေးမုံ
Myanmar Industry Directory