နစ်ကေး (Nikkei) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း စက်တင်ဘာလ PMI™


01 October, 2018

စက်တင်ဘာလအတွင်း စစ်တမ်းမှတ်တမ်းမှ နစ်ကေး (Nikkei) မြန်မာစက်မှုကုန်ထုတ်လုပ်ငန်း PMI™ သည် ဈေးနှုန်းမြင့်မားမှုများကို အချက်ပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ရေး လုပ်ငန်း အခြေအနေများမှာ စက်တင်ဘာလအတွင်း ဆက်လက်ဆုတ်ယုတ်လာခဲ့ပြီး၊ ထုတ်လုပ်မှု၊ အော်ဒါသစ်မှာယူမှုများနှင့် အလုပ်နေရာ အားလုံးတို့ထဲတွင် လစဉ်ကျဆင်းလာခဲ့ပါသည်။

ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းသည် နောက်ဆုံး ကုန်ထုတ်လုပ်ရေးကဏ္ဍ စွမ်းဆောင်မှုအရှိန်ကျလာခြင်း၏ အဓိကအချက်ဖြစ်ပြီး စက်တင်ဘာလ စစ်တမ်းက သွင်းကုန်များ၏ဈေးနှုန်းများမှာ သိသိသာသာ စံချိန်တင်တက်လာကြောင်း တွေ့ရပါသည်။

အမေရိကန်ဒေါ်လာနှင့်ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာမှုများကြောင့် ငွေကြေးဖောင်းပွမှုကိုဖြစ်စေကြောင်း မှတ်တမ်းများမှညွှန်ပြခဲ့ပါသည်။

အဓိကအချက်များ
***********

  • ကျပ်ငွေလဲနှုန်းများကျဆင်းလာခြင်းသည်သွင်းကုန်စရိတ်များနှင့် ထုတ်ကုန်ဈေးနှုန်းများကိုမြင့်တက်စေခြင်း
  • ထုတ်လုပ်မှုနှင့်အော်ဒါသစ်မှာယူမှုများ ရှေ့ဆက်ဆုတ်ယုတ်လာနေခြင်း
  • သွင်းကုန်ဝယ်ယူမှုများ စံချိန်တင်ကျဆင်းလာသော်လည်း လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ ၂၀၁၇ ခုနှစ်နိုဝင်ဘာလမှစပြီး အမြင့်ဆုံး အဆင့်သို့တက်လှမ်းလိုက်ခြင်း


နစ်ကေး (Nikkei) မြန်မာနိုင်ငံကုန်ထုတ်လုပ်မှုဝယ်ယူရေး
***********************************
မန်နေဂျာများ၏ အညွှန်းကိန်းခေါင်းစီး Purchasing Managers’ IndexTM (PMI™) - ထုတ်လုပ်ရေး စွမ်းပကားများကိုပြသပေးသည့် ပေါင်းစပ်ထားသည့်တစ်ခုတည်းသော အညွှန်းကိန်း - မှ သြဂုတ်လတွင် အနိမ့်ဆုံး အမှတ်၄၆.၄ ရှိခဲ့ရာမှစက်တင်ဘာလတွင်၄၇.၅ အထိ တိုးတက်လာခဲ့သော်လည်း ကဏ္ဍတစ်ရပ်လုံး၏ စီးပွားရေး အခြေအနေမှာ သိသိသာသာ ဆိုးဝါးနေကြောင်း ဆက်လက်အချက်ပြနေဆဲဖြစ်သည်။

PMI ခေါင်းစီးကိန်းမှာ ယခုအပြောင်းအလဲမရှိအမှတ်၅၀.၀ အောက်သို့ ကျဆင်းလာခဲ့ခြင်းသည်သုံးလဆက်တိုက်တိုးတက်မှုမရှိဘဲ ကျဆင်းမှုကိုထောက်ပြနေသည်။

နောက်ဆုံးစစ်တမ်းပါ တမူထူးခြားစွာတိုးတက်လာမှုမှာ ထုတ်လုပ်ရေး သွင်းကုန်ဈေးနှုန်းများ တသီတသန်း စံချိန်သစ်မြင့်တက်လာခြင်းဖြစ်ပါသည်။ စစ်တမ်း၌ ပါဝင်ဖြေကြားခဲ့သူ၇၁% ကျော်တို့က သွင်းကုန်ဝယ်ဈေးများ မြင့်တက်လာခြင်းကိုအချက်ပြခဲ့ကြပြီး အစီရင်ခံစာ အများစုထဲတွင်အထူးသဖြင့်အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်မှုနှုန်း နိမ့်ကျလာနေခြင်းမှာ သွင်းကုန်များ၏ ဈေးနှုန်းကို မြှင့်တက်စေခဲ့သည်ဟု ဖော်ပြကြပါသည်။ တန်ပြန်အနေဖြင့် ထုတ်ကုန်ရောင်းဈေးများကိုစစ်တမ်း သမိုင်းတစ်လျှောက် အမြန်ဆုံးနှုန်းဖြင့်တိုးမြှင့်တောင်းဆိုခဲ့ကြရပါသည်။

ပါဝင်ဖြေကြားခဲ့ကြသူအများအပြားတို့က ယေဘုယျ ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများမှာ ယခုလထဲတွင်ဝယ်လိုအားကိုနိမ့်ကျလာစေခဲ့သည်ဟု သုံးသပ်ကြသည်။ ဒေသတချို့တို့မှာ ရေကြီးနေခြင်း သတင်းများကပါ မြန်မာ ထုတ်လုပ်ကြသူတို့၏ လုပ်ငန်းများနှင့်အော်ဒါသစ်ရရှိမှုတို့ကို ထိခိုက်စေခဲ့သည်မှာ လေးလ ဆက်တိုက်ဖြစ်ပါသည်။

ဈေးကွက်၏ ဝယ်လိုအား ကျဆင်းလာသည့်နှင့်အမျှ ထုတ်လုပ်မှု ပမာဏများးကိုပါ ဖြတ်တောက်ခဲ့ရသည်။ ဈေးနှုန်းများ တဟုန်ထိုးတက်လာခြင်းကြောင့် ထုတ်လုပ်ရေးဆိုင်ရာ သွင်းကုန်များ ရှားပါးလာစေကာ ထုတ်လုပ်မှုကိုအနုတ်လက္ခဏာ ဆောင်လာစေသည်ဟု အထောက်အထားတစ်ခု ရှိနေပါသည်။ စက်တင်ဘာလသည်ထုတ်လုပ်မှု ပမာဏများ သုံးဆက်တိုက်ကျဆင်းလာခဲ့သည့်လဖြစ်လာကာ ကျဆင်းမှုနှုန်းမှာ ထင်ရှားလှပြီး သြဂုတ်လ၏ စံချိန်တင်နှုန်းထက်မသိမသာ အားပျော့ခဲ့ပါသည်။

ပစ္စည်းပေးသွင်းတို့၏ ပေးသွင်းမှုကြာမြင့်ချိန်ပိုကြာမြင့်လာမှုနှင့်အတူ ကုန်ကြမ်း ပစ္စည်းများ ဈေးကြီးလာမှုအပြင်ထုတ်လုပ်မှုနှင့်အလုပ်သစ် ကျဆင်းလာခြင်းက ထုတ်လုပ်ကြသူတို့အား သွင်းကုန်များ အပိုဝယ်ယူမှုကို လျှော့ချလာစေခဲ့သည်။ လများစွာအတွင်းမှာ ထည့်ကုန်ဝယ်ယူမှုများကို လေးကြိမ်မြောက်လျှော့ချလာခဲ့ပြီး၊ စစ်တမ်း မှတ်တမ်းအတွက်စံချိန်သစ် ဖြစ်လာသည်။ ထုတ်လုပ်သူတို့သည်စက်တင်ဘာလ၏ လက်ကျန် သိုလှောင်ကုန်များကိုမလွှဲသာမချောင်သာ အားကိုးခဲ့ကြရရာ နှစ်နှစ်အတွင်း စံချိန်တင်နှုန်းအနီးသို့တစ်ဖန်ကျဆင်းသွားစေခဲ့ပါသည်။ ယင်းအတောအတွင်းမှာ ဝန်ထမ်းဦးရေ ပမာဏများမှာ သုံးလဆက်တိုက် လျှော့ချခံခဲ့ကြရသည်။ သို့သော်လည်း ကျဆင်းမှုမှာ အနည်းငယ်သာဖြစ်ခဲ့ပြီး ဝန်ထမ်းများကိုထိန်းသိမ်းထားနိုင်အောင်ကုမ္ပဏီများက ပုံမှန်အားဖြင့်ထုတ်လုပ်မှုအရှိန်ကိုလက်ဆက်မြှင့်တင်ခဲ့ကြောင်း အများပြောဆိုချက်အထောက်အထားများက ညွန်ပြထားပါသည်။

ယင်းအချက်က လက်ရှိလထဲတွင်လက်ကျန်လုပ်ငန်းများ ထပ်မံနည်းပါးလာခဲ့ခြင်းကိုပါ ရှင်းပြပေးပါသည်။ နောက်ဆုံးအနေနှင့်လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ စက်တင်ဘာလတွင် အပေါင်းလက္ခဏာ နယ်မြေတွင်းမှာ ရှိနေလျက်၂၀၁၇ နိုဝင်ဘာလမှစပြီး အမြင့်ဆုံး အဆင့်သို့တက်လှမ်းနိုင်ခဲ့ပါသည်။ ကုမ္ပဏီများက ၎င်းတို့၏ စက်ရုံများကိုတိုးချဲ့ရန်၊ စက်ယန္တရား ကဏ္ဍသစ်တွင်ရင်းနှီးမြှုပ်နံှရန်နှင့် ထုတ်ကုန်သစ်များ ထုတ်လုပ်ရန်အစီအစဉ်ကောင်းများကို အစီရင်ခံတင်ပြခဲ့ကြသည်။

ဝေဖန်ချက်(မှတ်ချက်)
**************
မြန်မာစက်မှုကုန်ထုတ်လုပ်မှုPMI အညွှန်း၏ စစ်တမ်း ဒေတာကို သုံးသပ်၍ စစ်တမ်းကိုပြုစုပေးသည့်IHS Markit မှစီးပွားရေးပညာရှင် Sian Jones က ထောက်ပြသွားသည်မှာ- “နောက်ဆုံး စစ်တမ်းဒေတာက မြန်မာနိုင်ငံရှိထုတ်လုပ်သူများအတွက် စက်တင်ဘာလထဲတွင်စိန်ခေါ်မှုများသည့် လုပ်ငန်းလည်ပတ်မှုအခြေအနေများရှိကြောင်း အချက်ပြခဲ့ပါသည်။

“အမေရိကန်ဒေါ်လာဈေး ပိုမိုထိုးတက်လာနေခြင်းက ထည့်ကုန်စရိတ်များကိုလျင်မြန်စွာ တိုးလာစေခြင်းကြောင့် ဈေးနှုန်းများရုတ်တရက်မြင့်မားလာခြင်း၏အကျိုးဆက်မှာ အဓိကအကျဆုံး အခက်အခဲကြီး ဖြစ်လာခဲ့ပါသည်။ ထို့အပြင်အထွေထွေ
ငွေကြေးဖောင်းပွမှုဖိအားများက ဝယ်လိုအားကိုအရှိုက်ထိုးလိုက်ပြီး ကုန်ထုတ်လုပ်မှုနှင့်အော်ဒါများ ကျဆင်းလာနေချိန်တွင်လုပ်ငန်းများ၏ ပစ္စည်းအသစ်ဝယ်ယူလိုစိတ်ကိုနှိမ့်ချပစ်လိုက်ပါသည်။

“ရလဒ်အဖြစ်အလုပ်သစ်ခန့်ထားမှုများအပေါ် ဖိစီးလာခဲ့သော်လည်း လုပ်သားဦးရေမှာ ယခုလအတွင်း အနည်းငယ်မျှသာ ကျဆင်းခဲ့ပါသည်။ ထုတ်ကုန်များအား တမင်ရည်ရွယ်ပြီး ပိုမိုတိုးမြှင့်ထုတ်လုပ်ခဲ့ခြင်းဖြင့် ဝန်ထမ်းများကိုဆက်လက်ထိန်းထားရန်ကြိုးပမ်းမှုများရှိခဲ့ကြောင်း အစီရင်ခံကြသည်ဖြစ်ရာ ကုမ္ပဏီများက လက်ရှိမုန်တိုင်းကို ကျော်လွှားနိုင်မည်ဟုယုံကြည်နေကြောင်း ထောက်ပြခြင်း ဖြစ်နိုင်ပါသည်။

အနာဂတ်ဆိုင်ရာ ယုံကြည်မှုမှာ အံ့သြဖွယ်ကောင်းစွာ ဦးမော့လျက်ရှိနေပြီး တစ်နှစ်အတွင်းမှာပင်စက်တင်ဘာလ၏ အကောင်းမြင်မှုမှာ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။”

PMI ဆိုသည်မှာ
**********
PMI™ စစ်တမ်းများမှာ ယခု အခါနိုင်ငံ ၄၀ ကျော်တွင်ရှိပြီး ဖြစ်ပါသည်။

၎င်းပြင် ယူရိုဇုန်အပါအဝင် အဓိကဒေသကြီးများ အတွက်လည်း ရှိပါသည်။ ဤစစ်တမ်းများမှာ ကမ္ဘာတွင်အနီးကပ်စောင့်ကြည့်ခံရဆုံးသော စီးပွားရေးလုပ်ငန်း စစ်တမ်းများ ဖြစ်သကဲ့သို့ အချိန်နှင့် တစ်ပြေးညီ တိကျပြီး လစဉ်တစ်မူထူးခြားသည့် စီးပွားရေးအလားအလာ ညွှန်ကိန်းများသည် တိကျပြီး နောက်ဆုံးပေါ် အချက်အလက်များ ဖော်ပြပေးသည့် အရည်အသွေးကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များ၊ စီးပွားရေး ဆုံးဖြတ်ချက်ချသူများက လိုလားနှစ်ခြိုက် ကြပါသည်။

Industry Reviews Read 3372 times