နှမ်းသီးနှံဖွံ့ဖြိုးရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း  ဂျီအေပီစနစ်နဲ့ စိုက်ပျိုးမယ်


18 March, 2019

မကွေးတိုင်းဒေသကြီးအတွင်း  မြို့နယ် ၂၅မြို့မှာ နှမ်းသီးနှံဖွံ့ဖြိုးရေးအတွက်  GAP စနစ်နဲ့ စိုက်ဧက ၅၀ဝဝဝ ကို လာမယ့်မိုးရာသီကာလမှာ လျာထားစိုက်ပျိုးမှာဖြစ်ေြ့ကာင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းမှပြောပါတယ်။

GAP စနစ်မှာ ကမ္ဘာ့အဆင့်မီနဲ့ အာဆီယံအဆင့်မီဆိုပြီး သတ်မှတ်ချက်တွေရှိပါတယ်။ မြန်မာနိုင်ငံမှာက အာဆီယံအဆင့်မီအောင်ပဲ GAPစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအတွက် တိုင်းဒေသကြီးအတွင်း  မြို့နယ်၂၅မြို့မှာ စိုက်ဧက ၅၀ဝဝဝ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ခရိုင်ဦးစီးမှူးတွေ၊ မြို့နယ်ဦးစီးမှူးတွေနဲ့ ညှိနှိုင်းပြီး မြို့နယ်အလိုက် စိုက်ပျိုးမယ့်ဧက၊ ဧရိယာ၊ တောင်သူ၊ ကွင်းသတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှစတင်ကာ နှမ်းနက်ကို GAP စနစ်နဲ့ မြို့နယ်လေးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၇အုပ်စုမှ တောင်သူပေါင်း ၈၅၃ ဦးနဲ့ စိုက်ဧက ၃၀၉၄ ဒသမ ၅၇ ဧကကို စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို ၂၀၁၈ ခုနှစ်မှာလည်း မြို့နယ် ၂၅ မြို့နယ်ရဲ့ ကျေးရွာပေါင်း ၁၂၀ မှ တောင်သူပေါင်း ၄၀၅၀ နဲ့ နှမ်းနက် ဧက ၂၂၈၀ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် မိုးရာသီကာလမှာတော့ စိုက်ဧကများ တိုးမြှင့်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။

GAP စနစ်နဲ့ ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးမှတ်တမ်းတွေထားရှိပြီး ဆောင်ရွက်ရမယ့် ဂိုက်လိုင်းနဲ့အညီ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဓာတုဆေးဝါးကင်းစင်လက်မှတ်တွေ၊ စစ်ဆေးချက်တွေ အပြည့်အဝရရှိပြီး ဂျပန်နိုင်ငံကို GAP စနစ်နဲ့ စိုက်ပျိုးတဲ့ နှမ်းနက်တွေကို အောင်မြင်စွာတင်ပို့နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဓာတုဆေးဝါးကင်းလွတ်တဲ့နှမ်းကို GAP အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး GAP စနစ်နဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ GAP စနစ်ဟာ တောင်သူတွေအတွက် နည်းစနစ်နဲ့ အကူအညီတွေပေးတဲ့အတွက် သီးနှံအထွက်တိုးမယ်လို့ ဒေသခံတောင်သူ ကိုဝင်းဇော်ဦးက ပြောပါတယ်။

The Myanmar Times
 

Local News Read 484 times