တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC )ကလုပ်ခွင့် ပြုသည့် ဟိုတယ်လုပ်ငန်း ခုနစ်ခုတွင် နိုင်ငံခြားသားပိုင် ဟိုတယ်လုပ်ငန်းတစ်ခုသာပါရှိကြောင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။
TRIC ဖွဲ့စည်းပြီး အချိန်တစ်နှစ်ပြည့်ချိန်တွင် ဟိုတယ်လုပ်ငန်း ၇ ခုကို လုပ်ခွင့်(အတည်ပြုမိန့်)ပြုခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ထားဝယ်၊ ဝဲကျွန်းရပ်ကွက်၊ တိုင်းလ.ဝ.ကရုံးအနီးရှိ ဟိုတယ်လုပ်ငန်းတစ်ခုသာ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၀ ဒဿမ ၂၇၁ သန်းရှိကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
“နိုင်ငံခြားသား လုပ်ငန်းက တစ်ခု ပဲရှိသေးတယ်”ဟု ဒေါက်တာထွန်းထွန်း က ပြောသည်။
အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ်သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC )ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းခဲ့သည်။
TRIC စတင်ဖွဲ့စည်းချိန်မှ လက်ရှိ အချိန်ထိ ဟိုတယ်လုပ်ငန်း ၇ ခု၊ စက်မှု လုပ်ငန်း ၄ ခုနှင့် အသေးစားလျှပ်စစ် လုပ်ငန်း ၁ ခုတို့ကို အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လျှောက်ထားဆဲလုပ် ငန်း ၁၂ ခုရှိနေပြီး သက်ဆိုင်ရာဌာန အချို့၏ သဘောထားမှတ်ချက်ကို စောင့် နေကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။
TRIC တွင် ရင်းနှီးမြု§ပ်ခွင့် အတည် ပြုမိန့်ရရှိပါက တိုင်းဒေသကြီး အတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေ ခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များရှိ သည်။
Dawei Watch