ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုကြောင်း ကမ်းလှမ်းခဲ့သည်ဟု အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဦးမြင့်စန်း၏ ပြောကြားချက်အရ သိရှိရသည်။
G to G စနစ်ဖြင့် စီမံကိန်း ဖော်ဆောင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရမှ အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရဖက်ကလည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ဖြစ်သည်။
ဟက်တာ ၂၀,၀၀၀ အကျယ်အ၀န်းရှိသော ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည် ဖြစ်သည်။
Source From Ministry of Investment and Foreign Economic Relations