ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဧက ၁၀ဝ ခန့်ဖြင့် မွေးမြူမည့် ငါးတန်စီမံကိန်းအတွက် အစုရှယ်ယာရှင်များ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။
လက်ရှိတွင် ငါးတန်စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အစုရှယ်ယာရှင်များကို စတင်ဖိတ်ခေါ်သွားမှာပါ။ “MIC က လာစစ်ပြီးပြီ။ ခွင့်ပြုမိန့်ကျရင် အစုရှယ်ယာရှင်ခေါ်မှာပါ။ အောင်အောင်မြင်မြင်မွေးနိုင်ရင် တစ်နှစ်ထဲမှာ ၂၇ သန်းရင်းပြီး သန်း ၅ဝ ရမယ်ဆို ဒီလုပ်ငန်းဟာ လုပ်သင့်တယ်”ဟု ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။
ငါးတန်မွေးမြူရေးစီမံကိန်းကို ဧက ၁၀၀ ပေါ်တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၇ သန်းခန့်ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက မွေးမြူရေးကန်များ ရင်းနှီးမြှုပ်နှံ၍ မွေးမြူမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ မွေးမြူသည့် ငါးတန်များကို တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသများကို တင်ပို့နေခြင်းဖြစ်ပြီး ငါးတန်မွေးမြူရေးစီမံကိန်းမှ ထွက်ရှိသည့် ငါးတန်များကို နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်တင်ပို့မည်ဖြစ်ပါတယ်။
ငါးတန်သည် ရောဂါဒဏ်ခံနိုင်ကာ ခြောက်လခန့်သာမွေးမြူရပြီး ဈေးကွက်တင်နိုင်သည့်အတွက် လက်ရှိမွေးမြူနေသည့် ငါးမြစ်ချင်း၊ တီလားဗီးယား မွေးမြူသည့်ကာလသည် တစ်နှစ်ကျော်ကြာသောကြောင့် မွေးကာလတိုသည့် ငါးတန်ကိုသာ ပြောင်းလဲမွေးမြူသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောပါတယ်။
The Voice