ကိုဗစ်နဲ့အတူ ကာလရှည်ကြာ ယှဉ်တွဲနေထိုင်ကြရတဲ့အခါ ကိုဗစ်ကူးစက်ပျံ့နှံမှုကို တားဆီးကာကွယ်ဖို့ ကြိုးပမ်းအားထုတ်ကြတာမှာ နည်းလမ်းတစ်ခုက အသွားအလာတွေ ဖြတ်တောက်ပစ်ပြီး လူအချင်းချင်း ထိတွေ့မှု မရှိသလောက်နည်းပါး ဖြစ်သွားအောင် လော့ဒေါင်းချပစ်လိုက်တာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယား သာဓက
လွန်ခဲ့သောသုံးလတာကာလအတွင်း လူငါးသန်းနီးပါးရှိသော သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၏မြို့တော် မဲလ်ဘုန်းမြို့၏ မြို့ပြဧရိယာတွင် နေထိုင်ကြသူ ဦးရေ ငါးသန်းဝန်းကျင်ကို လော့ဒေါင်း ချထားခဲ့ပါတယ်။ အိမ်မှ မရှိမဖြစ် လိုအပ်သောအရာများ ဝယ်ယူဖို့အတွက်သာ အိမ်ပြင်ကို ထွက်ခွင့်ရှိတယ်။ ကာယလေ့ကျင့်ခန်းယူဖို့ တစ်နေ ၂နာရီ အိမ်အနီးကို ထွက်ခွင့်ရှိတယ်။ ဆေးဝါးကုသမှုလိုအပ်ချက်များကို ဖြည့်ဆည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းတို့အတွက် အပြင်ထွက်ခွင့် ရှိတယ်။ အိမ်မှ အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့ လုပ်ငန်းမျိုးတွေအတွက် အလုပ်သွားဖို့ အပြင်ထွက်ခွင့်ရှိတယ်။
ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေက လွဲလို့ တခြားအကြောင်းကြောင့် အိမ်ပြင်ထွက်ခွင့် မရှိဘူး။ မြို့ပြဧရိယာ နယ်နိမိတ်ကို ကျော်ခွင့် မရှိဘူး။ အိမ်မှ ၅ ကီလိုမီတာ (သုံးမိုင်သာသာ) ထက် ပိုဝေးတဲ့နေရာကို သွားခွင့် မရှိဘူး။ တားမြစ်ချက်ကို ချိုးဖောက်ရင် ရဲက ဖမ်းဆီးအရေးယူတယ်။ ကြီးမားတဲ့ဒဏ်ငွေ ရိုက်တယ်။
လူ ဦး ရေ ၆.၇ သန်းရှိသော ဗစ်တိုးရီးယားပြည်နယ်သည် COVID-19 ကူးစက်မှုအသစ် ၁၉၁ ခုကိုမှတ်တမ်းတင်သောနေ့အလွန် ဇူလိုင်လ ၅ ရက်နေ့မှာ ဗစ်တိုးရီးယားအစိုးရက ပြည်နယ်ကို လော့ဒေါင်းချလိုက်တယ်။ ကူးစက်မှုအသစ် ၁၉၁ ခုဟာ ရောဂါကူးစက်မှု စတင်ကတည်းကပြည်နယ်၏ တစ်နေ့တာအများဆုံးစံချိန် ဖြစ်ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ရောဂါကူးစက်မှုအသစ် (၇၂၃) ခုဖြစ်ပွားခဲ့တဲ့အထိ စံချိန်သစ် မြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ ၁၄ ရက်ကြာအတွက် ပျမ်းမျှနှုန်းသည် ၁၂ သို့ ကျဆင်းသွားတယ်။
မည်သည့်အဓိက နိုင်ငံရေးပါတီကမှ လော့ဒေါင်းချခြင်းကို ဆန့်ကျင်တာ ဝေဖန်တာ မရှိခဲ့ဘူး။ မကျေနပ်လို့ ဆန္ဒပြသူများ ကွက်တိကွက်ကြား ရှိခဲ့ပေမဲ့ ရဲက ထိန်းသိမ်းခဲ့တယ်။ ရဲများက ဆန္ဒပြသူများအား အိမ်အပြင် ထွက်တဲ့ ချိုးဖောက်မှုဖြင့် ၎င်းတို့အားဒဏ်ငွေချမှတ်နိုင်တယ်လို့ သတိပေးခဲ့ခြင်းကြောင့် ဆန္ဒပြသူ အနည်းအကျဉ်းသာ ရှိခဲ့ပြီး သူတို့ကို ကြီးလေးတဲ့ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။
ဆန္ဒပြခြင်းဟာ အိမ်မှထွက်ခွာရခြင်းအတွက် အကြောင်းပြချက် မဟုတ်ပါ။
အလွန်အမင်း ကူးစက်တတ်သောရောဂါတစ်ခုကို ကြုံတွေ့ရသောအခါ အသက်အရွယ် အိုမင်းသူတွေ။ ရောဂါအခံရှိသူတွေ အသက် အန္တရာယ်ကျရောက်စေတာမို့ ဗစ်တိုးရီးယား ပြည်နယ်မှာ နေထိုင်ကြသူ အများစုဟာ လူငယ်လူနည်းစုက လူ့အခွင့်အရေး ပိတ်ပင်မှုတစ်ရပ်အဖြစ် ဆန့်ကျင် ဆန္ဒပြပြီး လွတ်လပ်မှုကို တောင်းဆိုကြတဲ့အပေါ် သဘောမတူကြဘူး။ လူအများစုက အသက်တွေကို စောင့်ရှောက်ကယ်တင်ရန် လော့ဒေါင်းလိုအပ်ကြောင်း လက်ခံကြတယ်။
ထို့အပြင်ပိတ်ဆို့မှုအတွင်း သေဆုံးမှုအသစ်များ သိသိသာသာကျဆင်းခြင်းက COVID-19 သေဆုံးမှုကို လော့ဒေါင်းက တားဆီးနိုင်ကြောင်း သက်သေပြပါတယ်။ သို့သော် ၎င်းသည် လော့ဒေါင်းကို ပုံဖော်ခြင်းရဲ့ အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။
ယူနိုက်တက်ကင်းဒမ်း (ယူကေ) သာဓက
ပြီးခဲ့တဲ့လက ယူနိုက်တက်ကင်းဒမ်း (ယူကေ) တွင် သိပ္ပံပညာရှင် ၃၂ ဦး သည် ၀ န်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ထံ လော့ဒေါင်းချခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးများကို ညွှန်ပြခဲ့ပါတယ်။ သို့သော် ၎င်းသည် လော့ဒေါင်းရုပ်ပုံရဲ့ အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ယူနိုက်တက်ကင်းဒမ်း (ယူကေ) တွင် သိပ္ပံပညာရှင် ၃၂ ဦး သည် ၀ န်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ထံ လော့ဒေါင်းချခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးများကို ညွှန်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ကင်ဆာသုတေသန ယူကေ( Cancer Research UK )မှ ခန့်မှန်းတွက်ချက်မှုကို တင်ပြခဲ့ကြတယ်။ လော့ဒေါင်းကြောင့် ယူကေမှာ အသက်ဆုံးရှုံးစေနိုင်တဲ့ ကင်ဆာရောဂါကို စစ်ဆေးမှု၊ စမ်းသပ်မှုနဲ့ ကုသမှုတွေ လုပ်မပေးနိုင်တာကြောင့် လူနာပေါင်း ၆၀,၀၀၀ လောက် အသက်ဆုံးရှုံးသွားခဲ့ကြတယ်။ ယူကေမှာ COVID-19 ကြောင့် သေဆုံးရသူဦးရေ ၄၂,၀၀၀ ထက် ပိုများပါတယ်။
လော့ဒေါင်းကြောင့် ဆေးကုသမှုတွေ ဝန်ဆောင်မှု မမပေးနိုင်လို့ သေကြရတာ ကင်ဆာရောဂါ တစ်မျိုးတည်း မဟုတ်ပါဘူး။ အခြားရောဂါအမျိုးမျိုးမှာလည်း အလားတူ ကြုံတွေ့ကြရပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေစေပါတယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတစ်ခုကိုပဲ ကွက်ကွက်လေး ကြည့်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လော့ဒေါင်းသာ မလုပ်ခဲ့ရင် COVID-19 ေကြောင့် သေဆုံးမှုသည် လက်ရှိသေဆုံးသူထက်အဆများစွာ ပိုမိုများပြားလာနိုင်ပါတယ်။ တားမနိုင် ဆီးမရ ဖြစ်ကုန်နိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်။ လော့ဒေါင်ချထားခြင်းက အခြားကူးစက်ရောဂါတွေ မပျံ့ပွားအောင် တားဆီးပေးထားနိုင်တယ်၊
ဥပမာအားဖြင့် သြစတြေးလျနိုင်ငံတွင် ရာသီအလိုက်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများကို လုံးဝဖယ်ရှားပေးနိုင်ပြီး ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် အသက်ပေါင်း ၄၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့တယ်။
ကယ်တင်ရာရောက်ခြင်းနှင့် အသက်ဆုံးရှုံးရခြင်း
မီချီဂန်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Olga Yakusheva ဦးဆောင်သော သုတေသီအဖွဲ့ တစ်ဖွဲ့သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ပျံ့နှံ့ကူးစက်ပျံ့နှံ့စေသည့် မူဝါဒများကြောင့် ကယ်တင်ခြင်းရာရောက်သော နှင့် အသက်ဆုံးရှုံးးသွားသော လူဦးရေကို ခန့်မှန်းရန် ကြိုးပမ်းခဲ့ကြတယ်။ ကျန်းမာရေးအစီအမံများသည် လူပေါင်း ၉၁၃၇၆၂ နှင့် ၂,၀၄၆,၃၂၂ ကြားကို ကယ်တင်ရာရောက်ခဲ့ပြီး၊ “သွယ်ဝိုက်အသက်ဆုံးရှုံးမှု” အသက်ပေါင်း ၈၄,၀၀၀ မှ ၅၁၄,၈၀၀ အထိ ကိုဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်ရာ အသားတင်အနေဖြင့် အသက်ပေါင်း ၄၉၈,၉၆၂ မှ ၁,၉၆၂,၃၂၂ အထိ ကယ်တင်ရာ ရောက်သည်လို့ အဖြေထွက်တယ်။ ၎င်းသည် ယေဘုယျဆန်သော်လည်း၊ အပြုသဘောဆောင်သောရလဒ်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ Yakusheva နှင့် သူမ၏ တွဲဖက်ရေးသားသူများသည် ကယ်တင်ရာရောက်သော သို့မဟုတ် ဆုံးရှုံးသွားသော အသက်အရေအတွက် မှလွဲ၍ အခြားအရာများကိုထည့်သွင်းစဉ်းစားခြင်း မပြုထားချေ။
လော့ဒေါင်းကြောင့် ကြုံတွေ့ရမည့် ပေးဆပ်ရခြင်းများနှင့် အကျိုးကျေးဇူးများတွင် အဓိကကျသည့် ကိစ္စရပ် ၃ ခုကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဘဲ အကဲဖြတ်ထားတာ ဖြစ်နေပါတယ်။ ပထမတစ်ချက်မှာ လုံလောက်သောအကဲဖြတ်မှုဖြစ်ဖို့ဆိုတာ လူတစ်ဦး အသက်သေဆုံးသည် သို့မဟုတ် ကယ်တင်ရာရောက်သည် ဆိုပြီး အားလုံးကို တန်းတူထားပြီး ရေတွက်ခြင်း မပြုဘဲ အသက် ၉၀ နှင့် ၂၀၊ ၃၀၊ ၄၀ စသဖြင့် အသက်အပိုင်းအခြားကို ထည့်ပြောဖို့ လိုပါတယ်။ အသက်တစ်ချောင်းဆိုပြီး တန်းတူ ရေတွက်ဖို့ မသင့်ပါ့ဘူး။
ဒုတိယအချက်မှာ ဘ၀နေထိုင်မှု အရည်အသွေးအပေါ် လော့ဒေါင်းရဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ ဥပမာအားဖြင့် လော့ဒေါင်းချပြီး ပိတ်ထားခြင်းသည် အလုပ်လက်မဲ့ပြဿနာ ပေါ်ပေါက်စေသည်။ ဝင်ငွေလျော့ကျစေပြီး ဘဝကို ကြိုးစားပြီး ကျေနပ်ရောင့်ရဲရစေပါတယ်။ ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်းကို တိုင်းတာရန်ခက်ခဲသောကြောင့် လော့ဒေါင်းပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပေးဆပ်ရခြင်းများနဲ့ အကျိုးကျေးဇူးများကို အတိအကျ စာရင်းတင်ပြလို့ မရနိုင်ပါဘူး။
တတိယအချက်မှာ ယခင် သာမန်အခြေအနေမှာပင်လျှင် မိမိနှင့် မိမိ၏ မိသားစုအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန်နေရတဲ့သူတွေအပေါ် ပိတ်ဆို့ထားမှုရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အလွန်အမင်းဆင်းရဲနွမ်းပါးမှု အခြေအနေမျိုးဖြင့် နေထိုင်သေ လူမျးစု ရှိနေတဲ့နိုင်ငံများရဲ့ အစိုးရများသည် အထူးခိုင်လုံသော လူမှုစီးပွားဆိုင်ရာ အကြောင်းပြချက်များဖြင့် ပိတ်ဆို့မှုများကို ရှောင်ရှားကြတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အစိုးရများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ စီးပွားရေးကျဆင်းလျှင် အခြားနိုင်ငံများမှာ ဒုက္ခအကြီးအကျယ် ရောက်ကုန်မယ်ဆိုတာကို သတိမူသင့်တယ်။ ဥပမာ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ လော့ဒေါင်းချလို့ စီးပွားရေးတွေ ထိခိုက်တဲ့အခါ ဝယ်လိုအား ကျဆင်းတယ်။ ကုန်ပစ္စည်းတွေ ထုတ်လုပ်တင်သွင်းနေကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ပြည်ပပို့ကုန်ဝင်ငွေ ထိခိုက်ကုန်တဲ့အပြင် ကုန်ထုတ်လုပ်မှုကဏ္ဍာမှာ လူလျှော့ချရတာတွေ၊ အလုပ်ချိန် လျှော့ချရတာတွေအပြင် စက်ရုံ ပိတ်သိမ်းပစ်လိုက်ရလို့ အလုပ်လက်မဲ့တွေ ပေါများကုန်တဲ့အထိ ဆိုးကျိုးရလဒ်တွေ ထွက်ပေါ်တယ်။
အဲဒီလို ဆိုးကျိုးရလဒ်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေနည်းတူ လော့ဒေါင်းကို ကာလရှည်ကြာ ကျင့်သုံးတယ်ဆိုရင် တစ်ပူပေါ် နှစ်ပုဆင့်ပြီး ပိုပူလောင်ကုန်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများထံမှ ပို့ကုန် အမှာစာ ပမာဏ လျော့ကျကုန်တာအတွက် စီးပွားပျက်ကိန်းဆိုက်တဲ့အပြင် ရထားတဲ့ အမှာစာအတွက် ကုန်ထုတ်လုပ်ဖို့ကလည်း လော့ဒေါင်းကြောင့် အလုပ်ရပ်ဆိုင်းထားရလို့ အမှာစာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တယ်။
ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ lockdowns ကြောင့် ဘယ်လောက်အထိနာသလဲဆိုတာ တိတိပပ တင်ပြဖို့ ခက်ခဲပေမဲ့ ပမဏာ မသေးဘူးဆိုတာကတော့ သိသာထင်ရှားပါတယ်။ ပညာရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore အဆိုအရ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်တွင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံသည် ကျောင်းများပိတ်ထားပြီးကလေးငယ် ၁.၆ ဘီလီယံကို လူကိုယ်တိုင်မသင်ကြားဘဲ လျစ်လျူပြုထားရတယ်။ များလှစွာသော ကလးတွေအဖို့ အိမ်မှာ သင်ယူခြင်းနဲ့ အဝေးမှသင်ယူခြင်းသည် ဖြစ်နိုင်ခြေရှိလိမ့်မည် မဟုတ်ပါ။
ဆင်းရဲတဲ့ မိဘတွေအဖို့ ကျောင်းမတက်ရတဲ့ ကလေးတွေကို အအားထားမဲ့အစား မိသားစု ဝင်ငွေရဖို့ အလုပ်လုပ်ခိုင်းကြရမှာ ဖြစ်လို့ ကလေးလုပ်သားတွေ တိုးပွားမှာ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်မှာ မျိုးဆက်တစ်ခု ပညာရေးပျောက်ခဲ့တဲ့အဖြစ်ရဲ့ ရလဒ်ကို နောင်တစ်ချိန်မှာ ကြုံကြရမှာဖြစ်လို့ ကျောင်းတွေကို အရဲစွန့်ပြီး ဖွင့်ကြတာ၊ အခြေအနေဆိုးလာရင် ယာယီပြန်ပိတ်ပေးထားလိုက်တာတွေ လုပ်ကြတာ တွေ့ရပါတယ်။
လော့ဒေါင်းက ကိုဗစ်ကြောင့် သေဆုံးရမယ့်သူ ဦးရေကို လျော့ကျစေတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုဗစ်က ကာကွယ်ဆေး ပေါ်တဲ့အထိ အမြတ်ပြတ် ဖယ်ရှား ရှင်းထုတ်နိုင်မှာ မဟုတ်သလို မိမိနိုင်ငံတစ်ခုတည်းမှာ ကိုဗစ်ကင်းစင်နေအောင် လုပ်နိုင်တယ်ဆိုရင်တောင် တံခါးအလုံပိတ်ပြီး ပြည်ပမှ ဝင်လာမယ့်သူတွေ၊ မိမိနိုင်ငံသားတွေ မလာရလို့ ဘယ်အချိန်အထိ တားထားနိုင်မှာလဲ။ ပြည်တွင်းမှသူ ပြည်ပ ထွက်သွာပြီး ပြန်မလာရလို့ တားမြစ်ထားနိုင်မှာလဲ။
ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရင်း သူတစ်ပါးထံမှ မိမိကို မကူစက်အောင် ဂရုစိုက်ကြရသလို မိမိထံ ကူးခံထားရမှန်း မသိအောင် ရောဂါလက္ခဏာ မပြတာတွေ ရှိနေပြီမို့ မိမိထံမှာ ရှိနေခဲ့သော် သူတစ်ပါးတို့ မကူးစက်အောင် စောင့်ထိန်းပေးကြခြင်းဖြစ်သာ နေ့ရက်တွေကို ဖြတ်သန်းသင့်ပါတယ်။ ကိုဗစ်ကြောင့် သေဆုံးရမယ့်သူ ဦးရေ လျှော့ချဖို့အတွက်သက်သက်နဲ့တော့ လော့ဒေါင်းကို ကာလရှည်ကြာ မကျင့်သုံးဘူးလို့ သုံးသပ်ကြပါတယ်။
Source: theaseanpost.com