ကော်ပိုရိတ် အကြီးစားများကို စူးစိုက်လုပ်ကိုင်မည့် Siam Commercial Bank Myanmar Ltd (SCBM) ဖွင့်လှစ်


30 October, 2020

Siam Commercial Bank (SCB) သည် ဘဏ်ခွဲ စီးပွားရေးလုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံတွင်ဘဏ်တစ်ခုဖွင့်လှစ်လိုက်ပြီး  အော့ဖ်လိုင်းနှင့်အွန်လိုင်း တို့မှတစ်ဆင့်  တိုးချဲ့ရန်ရည်ရွယ်ထားသည်။

SCB သည် ထိုင်းနိုင်ငံတွင် စီးပွားရေးချေးငွေ လုပ်ကိုင်မှုတွင် စတုတ္ထအကြီးဆုံးဘဏ် ဖြစ်ပြီး ထိုင်းစတော့အိပ်ချိန်းတွင် မြန်မာနိုင်ငံ ဥပဒေအောက်တွင် တည်ရှိသော ကုမ္ပဏီတစ်ခုအဖြစ် Siam Commercial Bank Myanmar Ltd (SCBM) အမည်ဖြင့် စာရင်းပေးသွင်းခဲ့သည်။

ပိုင်ဆိုင်မှူကို ကြည့်လျှင် SCBM၏ အစုရှယ်ယာ ရာနှုန်းပြည့်ကို SCB  က ပိုင်ဆိုင်ထားသည်။ မှတ်ပုံတင်သည့် အရင်းအနှီးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြစ်သည်။

SCBM သည် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် စူးစမ်းလေ့လာခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ  လုပ်ကိုင်ခွင့် လိုင်စင် မရခင်ကတည်းက ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်သည်။

SCB ၏ co-president  ဖြစ်သူ Sarut Rattanaporn က SCBM သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ထိုင်းနှင့် မြန်မာ နှစ်မျိုးစလုံး၏ ကော်ပိုရိတ် အကြီးစားများကို စူးစိုက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။ ဘဏ်နှင့် လုပ်ကိုင်လက်စဖြစ်သော ကော်ပိုရိတ်များသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက် ရှိကြပြီး ဖြစ်သည်။

နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ငွေလွှဲပေးပို့ခြင်းများကို တစ်ဦးတစ်ယောက်အရနှင့် လုပ်ငန်းအရ လုပ်ကိုင်ခြင်းကို ထိုင်းနှင့်  CLMV ( ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) နိုင်ငံများအကြား ပမဏာ တိုးများလာနေသည်ကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးမည် ဖြစ်သည်။

SCBM ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အပါအဝင် သုံးစွဲသူတို့၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးမည့် လက်လီဘဏ်လုပ်ငန်းကိုလည်း စူးစမ်းလေ့လာပြီး တိုးချဲ့လုပ်ကိုင်မည် ဖြစ်သည်။

ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ဘဏ်အဆောက်အဦဖြင့် လုပ်ကိုင်သော သမားရိုးကျ ဘဏ်လုပ်ငန်းတို့ကို ဟန်ချက်ညီညီဖြင့် လုပ်ကိုင်သွားရန် ရည်မှန်းထားသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ဘဏ်ခွဲ ၁၀ ခုအထိ ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်ပြုထားသော်လည်း ထိုသို့ ၁၀ ခုအထိ ဖွင့်လှစ်ရန် လိုအပ်ဦးမည် မဟုတ်ဘဲ ဈေးကွက်ကို အချိန်ယူ၍ အရင်လေ့လာပြီးမှ အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်မည် ဖြစ်သည်။

Covid-19 အခြေအနေသည် မဟာဗျူဟာအတွက် အရေးပါသည့်အချက် ဖြစ်ကြောင်း Sarut Rattanaporn က ပြောသည်။

 

bangkokpost.com

 

Banking & Loan Read 657 times