ကန်ဒေါ်လာကို ကြံ့ကြံ့ခံနေတဲ့ တစ်ခုတည်းသော အာရှငွေကြေး စင်ကာပူဒေါ်လာ


25 September, 2022

ကန်ဒေါ်လာကို ကြံ့ကြံ့ခံနေတဲ့ အာရှငွေကြေး စင်ကာပူဒေါ်လာ

 

စင်ကာပူ‌ဒေါ်လာသည် နာဖျားနေသော အာရှငွေကြေးပင်လယ် အစွန်အဖျားတွင် သီးခြားတည်ရှိနေသည်။

စင်ကာပူဒေါ်လာသည် စင်ကာပူ၏ ဗဟိုဘဏ်ဖြစ်သော စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့  Monetary Authority of Singapore  MAS ၏ ပြင်းထန်သော မူဝါဒတင်းကျပ်မှု၏ အကူအညီဖြင့် ဒေသတွင်း၌ အမေရိကန်‌ဒေါ်လာကို ကြံ့ကြံ့ခံနေသည့်  တစ်ခုတည်းသော ငွေကြေးဖြစ်သည်။ 
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့သည် ငွေကြေးဖောင်းပွမှုဖိအားကို လိုက်လျောညီထွေဖြစ်စေရန် ကြိုတင် တွန်းလှန်ပေးသော မူဝါဒများ ချမှတ်ခဲ့သည်။

စင်ကာပူဒေါ်လာသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုး အနည်းငယ် ကျဆင်းနေသော်လည်း  ဒေသတွင်း အခြားငွေကြေးများ၏ ဂယက်ရိုက်မှုနှင့် နှိုင်းယှဉ်ပါက စင်ကာပူဒေါ်လာ တန်ဖိုးကျပုံသည် နူးညံ့သိမ်မွေ့ပါသည်။
သို့သော် ဖြစ်ပေါ်နေသည့် ငွေဖောင်းပွမှု မြင့်တက်လာနေဆဲဖြစ်ခြင်းကြောင့် MAS သည် ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လာဖွယ်ရှိသည်ဟု လေ့လာဆန်းစစ်သူတို့က မျှော်လင့်ထားကြသည်။

 MAS မှ ချမှတ်သော ငွေကြေးမူဝါဒသည် အတိုးနှုန်းကို အခြေမခံဘဲ ငွေလဲနှုန်းများကို အခြေခံထားသဖြင့် စင်ကာပူဒေါ်လာအပေါ် သက်ရောက်မှုရှိမည်ဖြစ်ရာ၌  အချို့သောငွေကြေးများနှင့် ယှဉ်လျှင် ငွေလဲနှုန်းများတွင် စင်ကာပူဒေါ်လာကို အားကောင်းလာနေစေမည်ဖြစ်သည်။

စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (MAS) သည် လာမည့်လတွင် စင်ကာပူဒေါ်လာကို အားကောင်းစေခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို တန်ပြန်ရန် ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း လေ့လာသုံးသပ်သူများထံမှ သိရသည်။

စင်ကာပူ၏ အဓိက ငွေကြေးဖောင်းပွမှုသည် ဩဂုတ်လတွင် ၅.၁ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ခဲ့သည်။
၁၄ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ တတိတိဖြင့် တက်လာကြောင်း သောကြာနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ခဲ့သော တရားဝင် အချက်အလက်များအရ  သိရသည်။
အားလုံးခြုံငုံထားသည့် ကုန်ဈေးနှုန်းသည်လည်း ၇.၅  ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
.
MAS သည် ပုံမှန်အားဖြင့် ဧပြီလနှင့် အောက်တိုဘာလတိုတွင် တစ်ကြိမ်စီ ချိန်ညှိသည် ဖြစ်ရာ တစ်နှစ်လျှင် နှစ်ကြိမ် ငွေကြေးမူဝါဒကို တွင် ချိန်ညှိသည်။
သို့သော် ၂၀၂၂ ခုနှစ်တွင် MAS သည် မူဝါဒကိုတင်းကျပ်ခဲ့သည်မှာ ၃ ကြိမ် ရှိပြီဖြစ်သည်။
ပုံမှန် ဧပြီလတွင် တစ်ကြိမ်၊ ကြားဖောက်ပြီး ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။
*ငွေကြေးဖောင်းပွမှုဟာ ဆက်ပြီး တက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီတော့ နောက်ထပ် တင်းကျပ်ပေးတဲ့ မူဝါဒ ချမှတ်လိမ့်မယ်"ဟု OCBC ဘဏ်၏ စီးပွားရေးပညာရှင်နှင့် ဘဏ္ဍာရေးသုတေသနနှင့် မဟာဗျူဟာအကြီးအကဲ Selena Ling က ပြောကြားသည်။
.
MUFG Bank ၏ အကြီးတန်း ငွေကြေးလေ့လာဆန်းစစ်သူ Jeff Ng ကလည်း "ရောင်းလိုအားနှင့်ဝယ်လိုအား ဘက်ဆိုင်ရာအချက်များ" ပေါင်းစပ်မှုကြောင့်ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်ခြင်းသည်  ဩဂုတ်လတွင် ၆.၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ အထူးသဖြင့် အသားနှင့်ငါးများ၏ ကုန်‌ဈေးနှုန်းများကြောင့် မြင့်မားနေနိုင်ဖွယ်ရှိသည်ဟု Mr Ng က ပြောကြားသည်။
အဓိက ငွေကြေးဖောင်းပွမှု၏ အစိတ်အပိုင်းများသည် သွင်းအားစု ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

စားသုံးသူစျေးနှုန်းညွှန်းကိန်း Consumer Price Index(CPI) သည် လက်ရှိ ၅.၅ ရာခိုင်နှုန်းအစား ၆.၃ ရာခိုင်နှုန်းဟု MUFG Bank က တိုးမြှင့်ခန့်မှန်းထားသည်။ 
ဗဟိုဘဏ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် မရှိသော အစားအစာနှင့် စွမ်းအင်ကဲ့သို့သော အရာများကို နုတ်ခြင်းဖြင့် ရရှိသော ငွေကြေးဖောင်းပွမှုနှုန်းဖြစ်သည့် အဓိက ငွေကြေးဖောင်းပွမှု core inflation  သည် လက်ရှိ ၃.၅ ရာခိုင်နှုန်းမှ ၄.၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းသည်။ 

OCBC Bank က CPI ကို ၅.၉ ရာခိုင်နှုန်း၊ အဓိက ငွေကြေးဖောင်းပွမှုကို ၄.၂ ရာခိုင်နှုန်း ခန့်မှန်းထားသည်။ 
Maybank က CPI ကို ၆.၂ ရာခိုင်နှုန်း၊ အဓိက ငွေကြေးဖောင်းပွမှုကို ၄.၂ ရာခိုင်နှုန်း ခန့်မှန်းထားသည်။
  
စင်ကာပူဒေါ်လာသည် အိန္ဒိယရူပီး၊ ထိုင်းဘတ်နှင့် ဖိလစ်ပိုင်ပီဆို ကဲ့သို့သော အခြားသော ဒေသတွင်းငွေကြေးများထက် ဆက်လက်မြင့်မားနေမည်ဟု မျှော်လင့်ကြောင်း Mr Ng က ပြောကြားခဲ့သည်။

စင်ကာပူဒေါ်လာသည် အားကောင်းလာပြီး ဂျပန်ယန်းကဲ့သို့ ငွေကြေးများစွာနှင့် စံချိန်တင်အဆင့်တွင် ငွေလဲနှုန်း ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်အစမှာ စင်ကာပူ တစ်ဒေါ်လာကို ၈၅ ယန်းခန့် ရသည်။ ထိုနောက်ပိုင်းတွင် စင်ကာပူ တစ်ဒေါ်လာကို ယန်း ၁၀၀ ကျော် ရသည်အထိ မြင့်တက်လာခဲ့သည်။
ယူကေ၏ ပေါင်နှင့် ယှဉ်လျှင်လည်း စင်ကာပူဒေါ်လာက မာသည်။ 
ယခုနှစ်အစတွင် တစ်ပေါင်သည် စင်ကာပူ‌ေဒါ်လာ  ၁.၈၀ အထက် ရရှိခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့တွင် တစ်ပေါင်သည် စင်ကာပူ‌ေဒါ်လာ ၁.၅၈ သာ ရတော့သည်။
Source: CNA
#MyanmarIndustriesGuide 

To join Telegram Channel  https://t.me/Guid4U

Banking & Loan Read 16407 times