Singapore Airlines ခရီးစဉ်အားလုံး SAF ဆီ အသုံးပြုမည်


03 March, 2022

Singapore Airlines ခရီးစဉ်အားလုံး SAF ဆီ အသုံးပြုမည်

၂၀၂၂ တတိယ ၃လပတ်မှစ၍ Singapore Airlines နှင့် Scoot လေကြောင်းလိုင်းများရဲ့ ခရီးစဉ်အားလုံးမှာ သုံးပြီးသား ဟင်းချက်ဆီနှင့် စွန့်ပစ်တိရစ္ဆာန်အဆီတို့ဖြင့် ထုတ်လုပ်သော sustainable aviation fuel (SAF) ဆီအရောအနှောကို လောင်စာဆီအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။ လိုအပ်သမျှ အရောအနှော လောင်စာဆီအားလုံးကို ExxonMobil ထံမှ ရယူမှာ ဖြစ်ပါတယ်။
တစ်နှစ် စမ်းသပ်သုံးစွဲပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၂,၅၀၀ တန်ခန့် လျော့နည်းလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်လို့ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စင်ကာပူ မြို့ပြလေကြောင်း ကြီးကြပ်ရေးအဖွဲ့ Civil Aviation of Singapore (CAAS)၊ Singapore Airlines နှင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Temasek တို့က ExxonMobil ကို လိုအပ်သမျှ SAF ဆီအရောအနှော အားလုံး ပေးသွင်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ဟင်းချက်ဆီနှင့် စွန့်ပစ်တိရစ္ဆာန်အဆီတို့ဖြင့် ထုတ်လုပ်သော sustainable aviation fuel (SAF) ဆီအရောအနှော ၁.၂၅ သန်းကို Neste က ပေးသွင်းပြီး ExxonMobil ရဲ့ စင်ကာပူမှာ တည်ရှိတဲ့ စက်ရုံမှာ ဂျက်လေယာဉ်ဆီနှင့် SAF တို့ကို ရောနှောမှာ ဖြစ်ပါတယ်။
ဆီအရောအနှောကို စင်ကာပူ ချန်ဂီလေဆိပ်သို့ ၂၀၂၂ ဇူလိုင်လမှ စတင်ပေးပို့ဖို့ အစီအစဉ် ရေးဆွဲထားကြပါတယ်။ လေဆိပ်ရဲ့ လက်ရှိသုံးစွဲနေတဲ့ ဆီဖြည့်စနစ် fuel hydrant system မှာ ဖြည့်တင်းမှာ ဖြစ်ပါတယ်။

Singapore Airlines နှင့် ၎င်းရဲ့ အဖိုးချိုသာလေကြောင်းလိုင်း လုပ်ငန်းခွဲ Scoot တို့က ဆီအနှောကို၂၀၂၂ တတိယ ၃လပတ်မှာ စတင်သုံးစွဲကြမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားမှာ အခြားလေကြောင်းလိုင်းများလည်း အလားတူ သုံးစွဲကြတာမှာ British Airways, Austrian Airlines, Qantas, airBaltic တို့ ပါဝင်ကြပါတယ်။
ကမ္ဘာ့ SAF ထုတ်လုပ်မှုက ၂၀၂၅ မှာ လီတာ ၇.၉ ဘီလျံအထိ ရှိလာဖို့ မျှော်မှန်းထားကြပါတယ်။ လေယာဉ်ဆီ လိုအပ်ချက် စုစုပေါင်းရဲ့ ၂% ဖြစ်ပါတယ်။ ၂၀၃၀ မှာ ၅.၂% ၊ ၂၀၃၅ မှာ ၁၇% တိုးမြှင့် ထုတ်လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်မှန်းထားကြပါတယ်။
၂၀၅၀ ခုနှစ်မှာ လီတာ ၄၄၉ ဘီလျံအထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး လေယာဉ်ဆီ လိုအပ်ချက် စုစုပေါင်းရဲ့ ၆၅%ကို ရရှိမှာ ဖြစ်ပါတယ်။

 

 

Energy News Read 1109 times