ရင်းဂစ်-စင်ဒေါ်လာလဲနှုန်း စင်ဒေါ်လာ ဆက်လက်မြင့်တက်လျက်ရှိ
စင်ကာပူဒေါ်လာနှင့် မလေးရှားရင်းဂစ် ငွေလဲနှုန်းတွင် စင်ကာပူဒေါ်လာ တန်ဖိုးဆက်လက်မြင့်တက်လျက်ရှိရာ တနင်္လာနေ့ (မေလ ၂၃ ရက်) တွင် စံချိန်သစ်ငွေလဲနှုန်း ၁ စင်ကာပူဒေါ်လာလျှင် ၃.၁၉၆၄ ရင်းဂစ် နှုန်းထားအထိ မြင့်တက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ရင်းဂစ် ၃.၁၉၅၀ သို့ အနည်းငယ် ပြန်ကျဆင်းခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်သို့ တင်သွင်းသည် တရုတ်နိုင်ငံမှ ကုန်စည်များအပေါ် စည်းကြပ်သည့်အခွန်များ ဖြတ်တောက်လျှော့ချရန် ချိန်ဆနေသည်ဟု သတင်းထွက်ပေါ်သဖြင့် တရုတ်ယွမ်သည် မေလ ၅ ရက်မှစ၍ ဈေးမြောက်ခဲ့ရာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
စင်ကာပူငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS) မှ ကာလလတ်အတွင်း ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန်အတွက် ကျင့်သုံးသည့် ငွေကြေးမူဝါဒ တစ်ရပ်ဖြစ်သော
စင်ကာပူဒေါ်လာ အမည်ခံ ထိရောက်သော ငွေလဲနှုန်း Singapore dollar nominal effective exchange rate (S$NEER) မူဝါဒဘောင်အရ စင်ကာပူဒေါ်လာ ခိုင်မာနေစေရန် ထားရှိသည့် နိုင်ငံခြားသုံးငွေများခြင်းတောင်းထဲတွင် တရုတ်ယွမ်သည် အများစု ဖြစ်သဖြင့် ယေဘုယျအားဖြင့် စင်ကာပူဒေါ်လာ ပိုခိုင်မာနေသည်။
တရုတ်ယွမ် ငွေလဲနှုန်း မြင့်တက်သည်ကို အကြောင်းပြုပြီး ပိုခိုင်မာနေသော စင်ကာပူဒေါ်လာသည် မလေးရှား ရင်းဂစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုးပိုရနေသည်။
S$NEER မူဝါဒအရ ယွမ်ကို အများစု ထားရှိခြင်း ကြောင့် ဖြစ်ေပါ်ေနသည့် ငွေလဲနှုန်းသည် စင်ကာပူဒေါ်လာ SGD ကို အခြားနိုင်ငံခြားသုံးငွေများနှင့် ငွေလဲနှုန်းများတွင်လည်း အနည်းနှင့်အများ တန်ဖိုးမြင့်တက်စေခဲ့သည်။
အမေရိကန်ဒေါ်လာ USD နှင့် ငွေလဲနှုန်းတွင် (+၀.၄၉%)၊ မလေးရှားရင်းဂစ် MYR နှင့် ငွေလဲနှုန်းတွင် (+၀.၁၃%)၊ ဟောင်ကောင်ဒေါ်လာ HKD နှင့် ငွေလဲနှုန်းတွင်(+၀.၄၇%) ၊ ဂျပန်ယန်းနှင့် ငွေလဲနှုန်းတွင် (0.05%) မြင့်တက်ခဲ့သည်ဟု MonFX မှ ဆန်းစစ်ရေးမှူး Mr Simon Harvey က CNA သတင်းမီဒီယာကို ပြောကြားသည်။
ရင်းဂစ်နှင့် ငွေလဲနှုန်းတွင် စင်ကာပူဒေါ်လာ စတမြင့်တက်လာသည်မှာ ဧပြီလကုန်ပိုင်းကတည်းက စတင်ခဲ့သည်။ ငွေလဲလုပ်ငန်းများတွင် စင်ကာပူဒေါ်လာကို တန်ဖိုးကျသည့် ရင်းဂစ်ဖြင့် လူအများအပြား လာရောက် လဲလှယ်ကြရာ ရင်းဂစ်ငွေသား ပြတ်လပ်ကုန်သည်အထိ ဖြစ်ပွားခဲ့သည်။
ဧပြီလဆန်းပိုင်းတွင် ၃.၁၀ ရှိခဲ့ရာမှာ ၃.၁၀ ဖြစ်လာချိန်တွင် စင်ကာပူဒေါ်လာ ရောင်းထုတ်ပြီး ရင်းဂစ်ဝယ်ယူသူများ များပြားလာခဲ့သည်။
စင်ကာပူနှင့် မလေးရှား ဗဟိုဘဏ်တို့၏ ငွေကြေးမူဝါဒ ကွဲပြားနေသည့်အလျောက် စင်ကာပူဒေါ်လာနှင့် မလေးရှားရင်းဂစ် တို့အကြား ငွေလဲနှုန်းမှာ စင်ကာပူက တန်ဖိုးပိုရနေကြောင်း ငွေကြေးကျွမ်းကျင်သူများနှင့် ငွေကြေးကုန်သည်များက သုံးသပ်ကြပါသည်။