လျှပ်စစ်စွမ်းအင် တင်သွင်းမှု စင်ကာပူ တိုးမြှင့်မည်


30 October, 2022

လျှပ်စစ်စွမ်းအင် တင်သွင်းမှု စင်ကာပူ တိုးမြှင့်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


စင်ကာပူသည် ဒေသတွင်းမှ လျှပ်စစ်ဓာတ်အား ပိုမိုတင်သွင်းမည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်တွင် 4 gigawatts (GW) အထိ လျှပ်စစ်ဓာတ်အား တင်သွင်းရန် ရည်မှန်းထားသည်။
 
စင်ကာပူ၏ စွမ်းအင်စျေးကွက်အာဏာပိုင် Energy Market Authority (EMA) သည် ဒေသတွင်းမှ လျှပ်စစ်ဓာတ်အား တင်သွင်းသည့် ပရောဂျက်များအတွက် အဆိုပြုလွှာများ တောင်းခံမှုများ  requests for proposals (RFPs)
စတင်ခဲ့သည်။ EMA သည် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဆိုပြုချက် ၂၀ ကျော် လက်ခံရရှိခဲ့သည်။
စင်ကာပူ လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ၉၅%ကို ပြည်ပမှ တင်သွင်းသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ထုတ်လုပ်လျက်ရှိရာ လျှပ်စစ်ဓာတ်အားကို သွယ်ဝိုက်သောအားဖြင့် ပြည်ပမှတင်သွင်းရာ ရောက်နေသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို မြှင့်တင်ရန် အစိုးရက စီစဉ်နေခြင်းနှင့်လည်း ဖီလာဆန့်ကျင် ဖြစ်နေသည်။ 

စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စွမ်းအင်ဆိုင်ရာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဏ္ဍာငွေထောက်ပံ့မှု၊ ဒေသတွင်းဓာတ်အားလိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အားအတွက် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်း အပြန်အလှန်ချိတ်ဆက်မှုတို့ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။ အလားတူာစာချုပ်များကို စင်ကာပူနိုင်ငံက ဩစတြေးလျ၊ ဗီယက်နမ်၊ လာအိုနှင့် ဘရူနိုင်းတို့နှင့် လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 276 times