စင်ကာပူတွင် ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ၄ ခု ရှိလာ


07 December, 2020

စင်ကာပူတွင် 

စင်ကာပူငွေကြေးရန်ပုံငွေအဖွဲ့ (MAS) က ဒစ်ဂျစ်တယ်အပြည့်အဝ လုပ်ကိုင်သည့် ဘဏ်(digital full bank -DFB) နှစ်ခု ဖြစ်သော Grab-Singtel လုပ်ငန်းစုနှင့် နည်းပညာကုမ္ပဏီကြီးဖြစ်သော Sea တို့ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချပေးလိုက်သည်။

 

၎င်းတို့သည် လက်လီဘဏ်လုပ်ငန်းကို လုပ်ကိုင်ကြမည်ဖြစ်ပြီး သမားရိုးကျ ဘဏ်များနည်းတူ အကောင့်ဖွင့်ခြင်း၊ စုဆောင်းငွေ အမျိုးမျိုး လက်ခံဆောင်ရွက်ခြင်း၊ debit နှင့် credit card များ ထုတ်ပေးခြင်း စသည်တို့ကို ဝန်ဆောင်မှု ပေးမည် ဖြစ်သည်။

 

သို့သော် လူချင်းထိတွေ့ လုပ်ကိုင်ခြင်းအစား ဝန်ဆောင်မှုများကို အွန်လိုင်းမှသာ လုပ်ဆောင်မည် ဖြစ်သည်။

 

ဒစ်ဂျစ်တယ်အပြည့်အဝ လုပ်ကိုင်သည့် ဘဏ်များသည် ကော်ပိုရိတ်များကိုလည်း ဝန်ဆောင်မှု ပေးခွင့် ရှိသည်။

 

စင်ကာပူ ဗဟိုဘဏ်က ဒစ်ဂျစ်တယ် လက်ကားဘဏ် လိုင်စင်ကို လုပ်ငန်းစုကြီးတစ်ခု ဖြစ်သော Ant Group ကိုလည်း ပေးအပ်ရန် အစီအစဉ် ရှိသည်။

 

ဒစ်ဂျစ်တယ်လက်ကားဘဏ်လိုင်စင်သည် ကော်ပိုရိတ်များ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဝန်ဆောင်မှုပေးခွင့် ရှိသည်။

 

Ant Group သည် e-commerce ပလက်ဖောင်း Shopee။ ဂိမ်းထုတ်လုပ်သည့်လုပ်ငန်း Garena တို့ကို ပိုင်ဆိုင်ထားသည်။ SeaMoney သည် လုပ်ငန်းစုကြီး၏ ဒစ်ဂျစ်တယ်ငွေပေးချေခြင်း ဝန်ဆောင်မှုအတွက် လက်တံတစ်ခု ဖြစ်သည်။

 

straitstimes.com

digital payments arm

 

Greenland Financial Holdings, Linklogis Hong Kong နှင့် Beijing Co-operative Equity Investment Fund Management တို့ပါဝင်သော ပေါင်းစုလုပ်ငန်းကြီးကိုလည်း အလားတူ ဒစ်ဂျစ်တယ်လက်ကားဘဏ်လိုင်စင် ချပေးသွားမည် ဖြစ်သည်။

Greenland Financial သည် တရုတ်နိုင်ငံပိုင် လုပ်ငန်းဖြစ်ပြီး အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းစုကြီး ဖြစ်သော Greenland Group ၏ ရင်းနှီးမြှုပ်နှံမှု လက်တံတစ်ခု ဖြစ်သည်။

Linklogis Hong Kong သည် supply chain ကို ငွေကြေးထုတ်ချေးသည့် လုပ်ငန်း ဖြစ်သည်။

Banking & Loan Read 333 times