၂၀၂၁ မှာ စင်ကာပူ သွင်းကုန်ထုတ်ကုန် ၂ မျိုးစလုံး ပမာဏ မြင့်တက်ခဲ့
၂၀၂၁ မှာ စင်ကာပူ ကုန်စည်ကုန်သွယ်ရေး ၁၉.၇% တိုးခဲ့ပါတယ်။ ၂၀၁၉ နှင့် ၂၀၂၀ တို့မှာ ဆုတ်ယုတ်ခဲ့ပြီး ၂၀၂၁ မှာ တိုးများခဲ့တာ ဖြစ်ပါတယ်။ ရေနံထုတ်ကုန် ကုန်သွယ်ရေးမှာ ယခင်နှစ်ကထက် ဆီဈေး ပိုမြင့်လို့ ကုန်သွယ်မှု တန်ဖိုးပမာဏ ပိုများစေခဲ့ပါတယ်။ ရေနံ ထုတ်ကုန်မဟုတ်သော ကုန်စည်များ ကုန်သွယ်ရေးမှာလည်း တိုးများခဲ့ပါတယ်။
၂၀၂၁ မှာ ကုန်စည်ကုန်သွယ်မှု စင်ကာပူဒေါ်လာ ၁.၂ ထရီလီယံအထိ ရောက်ခဲ့ပါတယ်။
၂၀၁၉ မှာ စင်ကာပူဒေါ်လာ ၁ ထရီလီယံ ရှိခဲ့ပြီး ၂၀၂၀ မှာ စင်ကာပူဒေါ်လာ ၉၆၉ ဘီလျံ ရှိခဲ့ကြောင်း Enterprise Singapore ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေနံထုတ်ကုန် ကုန်သွယ်မှုက ၂၀၂၀ မှာ ၃၁% လျော့ကျခဲ့ပြီး ၂၀၂၁ မှာ ၄၃.၆% မြင့်တက်ခဲ့ပါတယ်။
ရေနံထုတ်ကုန်မဟုတ်သောကုန်စည် ကုန်သွယ်မှု ၂၀၂၁ မှာ ၁၅.၉% မြင့်တက်ခဲ့ပါတယ်။ ၂၀၂၀ မှာ ၀.၇% မြင့်တက်ခဲ့ပါတယ်။
၂၀၂၁ မှာ ပို့ကုန် ၁၉.၁% ၊ သွင်းကုန် ၂၀.၄% မြင့်တက်ခဲ့ပါတယ်။
.(Image: Enterprise Singapore)
ရေနံထုတ်ကုန်မဟုတ်သောပြည်တွင်းပို့ကုန် non-oil domestic exports (NODX) နှင့် ရေနံထုတ်ကုန်မဟုတ်သောပြန်လည်ပို့ကုန် non-oil re-exports (NORX) တို့ ပါဝင်သော ရေနံထုတ်ကုန်မဟုတ်သောပို့ကုန် Non-oil exports (NOX) ၂၀၂၁ မှာ ၁၆.၅% မြင့်တက်ခဲ့ပါတယ်။
၂၀၁၉ မှာတော့ ၁.၇% မြင့်တက်ခဲ့ပါတယ်။
၂၀၂၁ မှာ အီလက်ထရွန်နစ် ကုန်စည်များနှင့် အီလက်ထရွန်းနစ် မဟုတ်သော ကုန်စည်များ ၂ မျိုးစလုံး တင်ပို့မှု မြင့်တက်ခဲ့လို့ NODX ၁၂.၁% မြင့်တက်ခဲ့ပါတယ်။
အီလက်ထရွန်းနစ် ပို့ကုန်အမျိုးမျိုးမှာ Integrated circuits, PCs and diodes & transistors တို့ တင်ပို့မှု များပြားခဲ့ပါတယ်။
အီလက်ထရွန်းနစ် မဟုတ်သော ပို့ကုန်အမျိုးမျိုးမှာ အထူးပြုစက်များ၊ ရေနံဓာတုပစ္စည်းများနှင့် အခြေခံဓာတုပစ္စည်းများ တင်ပို့မှု တိုးများခဲ့ပါတယ်။
(Image: Enterprise Singapore)
စင်ကာပူရဲ့ ရေနံထုတ်ကုန်မဟုတ်သောပြည်တွင်းပို့ကုန် non-oil domestic exports (NODX) အတွက် ထိပ်တန်းဈေးကွက်တွေအနက် တရုတ်၊ တိုင်ဝမ်နှင့် တောင်ကိုရီးယားတို့ထံသို့ တင်ပို့မှု မြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဂျပန်နှင့် အီးယူတို့ထံ တင်ပို့မှု လျော့ကျခဲ့ပါတယ်။
CNA