စင်ကာပူငွေကြေးအာဏာပိုင်က ခရစ္စပတိုငွေကြေး ဝန်ဆောင်မှု လုပ်ငန်းအများစုကို လိုင်စင်ပယ်ချ
စင်ကာပူက ခရစ္စပတိုငွေကြေးတွေအတွက် ပါပါလာလာ မရှိဘူးလို့ Nikkei Asia ရဲ့ သတင်းမှာ သုံးသပ်ထားပါတယ်။
အဲဒီလို ရှုမြင်သုံးသပ်တာဟာ အထောက်အထားအချို့အရ အထိုက်အလျောက် မှန်ကန်နေပါတယ်။
စင်ကာပူငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS) က ယခုနှစ်မှာ
စတင်ဆောင်ရွက်သောအစီအစဉ်အသစ်အရ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုတိုကင် ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်ဖို့ လိုင်စင်ရယူရန် အခက်အခဲရှိနေပါတယ်။
လျှောက်ထားတဲ့လုပ်ငန်း ၁၇၆ ခုမှာ ၁၀၃ ခုကို MAS က ပယ်ချတာ ရှိသလို လျှောက်ထားခြင်းကို ပြန်ရုပ်သိမ်းခိုင်းတာလည်း ရှိပါတယ်။
လုပ်ကိုင်ခွင့် မရတဲ့အထဲမှာ ကမ္ဘာ့အကြီးမားဆုံး ခရစ္စပတိုအိပ်ချိန်း Binance ပါဝင်ပါတယ်။
Binance က လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းစဉ်မှ ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ စက်တင်ဘာလတုန်းက MAS က လုပ်ကိုင်နေတာတွေ ရပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့လို့ ရပ်ဆိုင်းထားပါတယ်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Binance.com ကို စင်ကာပူမှ သုံးစွဲသူများ တစ်လအတွင်း ရပ်ဆိုင်းကြရန် စင်ကာပူ ငွေကြေးအာဏာပိုင်က ပြောကြား
ယခုအထိ ကုမ္ပဏီ ၄ ခု ကိုသာ ဒစ်ဂျစ်တယ် ငွေပေးချေမှု တိုကင် digital payment token (DPT) ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားပါတယ်။
တို့ ဖြစ်ပါတယ်။
Coinhako ကိုတော့ မူအားဖြင့် အတည်ပြုပေးထားပါတယ်။ စင်ကာပူမှာ DPT ဝန်ဆောင်မှုများ ပေးအပ်ခွင့် ရရှိဖို့ Major Payment Institution လိုင်စင်အတွက် MAS ရဲ့ ပြဌာန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြည့်စုံဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းများသည် စားသုံးသူများကို အကာအကွယ်ပေးဖို့သာမက စင်ကာပူမှာ ယုတ်ညံ့တဲ့ လုပ်ရပ်များဖြင့် လုပ်စားတာကို ခွင့်မပြုကြောင်း သေချာခိုင်မာစေခြင်းဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို အထိခိုက်မခံတာ ဖြစ်ပါတယ်။
ငွေကြေးဝန်ဆောင်မှုကဏ္ဍသည် စင်ကာပူ ဂျီဒီပီတွင် ၁၆% ဝန်းကျင်ရှိသဖြင့် အရေးပါသောကဏ္ဍ ဖြစ်ပါတယ်။ ထို့ပြင် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ကိုလည်း ထောက်ကူပေးနေပါတယ်။
Warren Buffett က ပြောဖူးတယ်။ ဂုဏ်သိက္ခာကို တည်ဆောက်ဖို့ နှစ်ပေါင်း ၂၀ အချိန်ယူရတယ်။ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တာ ၅ မိနစ်ပဲကြာတယ်။ အဲဒါကို ထည့်စဉ်းစားပေးရင် လုပ်ပုံကိုင်ပုံ ပြောင်းလဲသွားလိမ့်မယ်လို ဆိုမိန့်ခဲ့ပါတယ်။
စင်ကာပူအနေဖြင့် ကာလရှည်ကြာထိန်းသိမ်းထားနဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံမှာ မဟုတ်ဘူး။ ငွေရေးကြေးရေး စိတ်ချရတဲ့ အချက်အချာအဖြစ်ကို ခရစ္စပတိုကြောင့် အထိခိုက်ခံမှာ မဟုတ်ဘူး။ နိုင်ငံသားများနဲ့ နိုင်ငံခြားသားများ စင်ကာပူမှာ ခရစ္စပတိုငွေကြေးကိစ္စအဝဝ စိတ်ချရတယ် ဆိုတဲ့ ဂုဏ်သိက္ခာကို တည်ဆောက်မှာ ဖြစ်ပါတယ်။
MAS ၏အခန်းကဏ္ဍက မကြာသေးမီက ခရစ္စပတိုလောက တွင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော မကောင်းမှုအလေ့အကျင့်များကို စင်ကာပူတွင် ကျူးလွန်ဖို့ အခွင့်မသာကြောင်း သေချာအောင် ကြပ်မတ်ပေးဖို့ ဖြစ်ပါတယ်။
ခရစ္စပတိုငွေကြေး ခေတ်ထနေတဲ့အတွက် လုံလအတွေ့အကြုံ လုံလုံလောက်လောက်မရှိဘဲ နည်းပညာကို အရဲစွန့် စီးပွားရှာရန် ဝင်ကစားကြတဲ့သူတွေ ရှိနေပါတယ်။ ဒစ်ဂျစ်တယ်တိုကင်များ၊ ဒင်္ဂါးများနှင့် NFTs များအတွက် ဝန်ဆောင်မှု ပေးအပ်ရာမှာ ရိုးသားပါသော်လည်း သုံးစွဲသူများကို ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ပေးနိုင်စွမ်း မရှိသေးသော လုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးမည် မဟုတ်ချေ။
ခရစွပတို လုပ်ငန်း တစ်ရာကျော် ဆိုင်ဖွင့်ပြီး လုပ်ကိုင်ခြင်းအစား အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှု မြင့်မားတဲ့ စံရည်စံသွေး မြင့်မားတဲ့ လုပ်ငန်းများဖြင့်သာ အရေအတွက် အနည်းငယ်ဖြင့် လုပ်ကိုင်သည်က ပိုအကျိုးဖြစ်ထွန်းမယ် လို့ MAS ရဲ့ ညွှန်ချုပ်က မှတ်ချက်ပြုပါတယ်။