၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်ကာလ၏ ပထမလေးလအတွင်း စင်ကာပူသည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားသည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ၇၀ ရာခိုင်နှုန်း ရှိနေပြီး အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် စင်ကာပူက ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် စင်ကာပူဟာ ခြောက်နှစ်ဆက်တိုက် ပမာဏအများဆုံး နိုင်ငံအဖြစ်ရပ်တည်နေတာပါ။ အရင်တုန်းကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းကျတော့ စင်ကာပူက တရုတ်ထက်ပိုများလာခဲ့တယ် ” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
စင်ကာပူနိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု နှင့် အခြားစက်မှုလုပ်ငန်းများမှာ ရင်းနှီးမြုပ်နှံမှုများပြုလုပ်လာပြီး ထိုထဲကမှ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကတော့ အများဆုံးဖြစ်လာပါတယ်။
“Pepsi နဲ့ Coca Cola ကဲ့သို့ အချိုရည်ကုမ္ပဏီများတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က စင်ကာပူနိုင်ငံမှ တဆင့် ဝင်ရောက်လာခဲ့ကြတယ်။ အခုလတ်တလောမှာတော့ စင်ကာပူနိုင်ငံကနေ စားသောက်ကုန်နဲ့ အခြားကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံဖို့ အလားအလာတွေရှိနေပါတယ်” ဟု စားသောက်ကုန်ထုတ်လုပ်မှုကုမ္ပဏီမှ တာဝန်ခံ ဦးမျိုးကျော်သူက ပြောပါတယ်။
၂၀၁၂ ခုနှစ် မှ ၂၀၁၈ စက်တင်ဘာလအထိ စင်ကာပူသည် မြန်မာနိုင်ငံ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရင်းနှီးမြုပ်နှံထားပါတယ်။
Myawady daily news