သုံးလပတ်အတွက် အမြတ်အစွန်းကျဆင်းမှုကို အစီရင်ခံပြီးနောက် စင်ကာပူထိပ်တန်းဘဏ်များသည် ပိုမိုဆိုးဝါးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားကြသည်။
ပြီးခဲ့သည့်အပတ်က စင်ကာပူ၏ အကြီးဆုံးဘဏ်သုံးခုသည် ပြီးခဲ့သည့်တစ်နှစ်နှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ်အသားတင်အမြတ်များ သိသိသာသာကျဆင်းခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။
Coronavirus ပိတ်ဆို့မှုများကြောင့် စီးပွားရေးပြန်လည်ဖွင့်လှစ်သည့်တိုင် DBS Group Holdings၊ Oversea-Chinese Banking Corp နှင့် United Overseas Bank တို့က ကမ္ဘာ့စီးပွားရေးသည် မသေချာမရေရာကြောင်း သတိပေးခဲ့သည်။
စီးပွားရေးအခြေအနေများ အားနည်းလာခြင်းနှင့် Covid-19 ကြောင့် ချေးငွေဆုံးရှုံးမှုအတွက် ရန်ပုံငွေများထပ်မံချန်ထားကြောင်းလည်း ပြောကြားခဲ့ကြသည်။
လာမည့်လများအတွင်း ဘဏ်ချေးငွေများတွင် ကြွေးဆုံးများ ဖြစ်ပေါ်နိုင်ဖွယ် ရှိသဖြင့် အရန်ငွေကို တိုးမြှင့်ပြီး ဘေးဖယ်ထားကြသည်။
DBS က စင်ကာပူဒေါ်လာ ၁.၉၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလျံ)ကိုလည်းကောင်း၊ OCBC က စင်ကာပူဒေါ်လာ ၁.၄၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလျံ)ကိုလည်းကောင်း၊ UOB က စင်ကာပူဒေါ်လာ ၆၈၂ သန်း (အမေရိကန်ဒေါ်လာ ၄၉၇.၅ သန်း)ကိုလည်းကောင်း ဘေးဖယ်ထားသည်။
စင်ကာပူသည်အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာနှင့်ဒေသဆိုင်ရာ စီးပွားရေး အကျပ်အတည်းများနှင့်ကြုံတွေ့ရသည့် အဓိကဘဏ္ဍာရေးဗဟိုချက် ဖြစ်သည်။ သို့သော် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ က “ ကမ္ဘာ့အကောင်းဆုံးသောနိုင်ငံများအနက် တစ်ခုအပါအဝင်ဟု” ဟု တစ်ချိန်က ဖော်ပြခဲ့ဖူးသည် ။
ဘဏ်သုံးခုသည် အာရှတစ်ခွင်တွင် အဓိကကစားသမားများဖြစ်ပြီး အမြတ်အစွန်းပုံမှန် ရရှိနေခြင်းနှင့် ဒေသတွင်းတိုးတက်မှုအခြေအနေနှင့် ထဲထဲဝင်ဝင် ရှိသော ရင်းနှီးမြုပ်နှံမှုများ ပြုထားခြင်းကြောင့် ရင်းနှီးမြုပ်နှံသူများက ၎င်းတို့ကို နှစ်သက်ကြသည်။
By Myanmar Industrial Guide