Singtel ပူးတွဲဦးဆောင်သည့် ကုမ္ပဏီစုအသစ်က ဒေါ်လာ သန်း ၃၀၀ ပင်လယ်ရေအောက် ကေဘယ်လ်စနစ်  တည်ဆောက်မည်


09 November, 2022

Singtel ပူးတွဲဦးဆောင်သည့် ကုမ္ပဏီစုအသစ်က ဒေါ်လာ သန်း ၃၀၀ ပင်လယ်ရေအောက် ကေဘယ်လ်စနစ်  တည်ဆောက်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


စင်ကာပူ အခြေစိုက် Singtel နှင့် တရုတ်နိုင်ငံမှ China Telecom Global တို့သည် အရှေ့တောင်အာရှ၏ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ ပင်လယ်ရေအောက် ဖိုင်ဘာအော့ပတစ် fiber-optic ကေဘယ်လ်စနစ် တည်ဆောက်ရန်အတွက် လုပ်ငန်းစု အသစ်တစ်ခုအား ပူးတွဲဦးဆောင်ကြမည်ဖြစ်သည်။
.


ကုမ္ပဏီစုတွင် အခြားသော ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်း လေးခု ဖြစ်သည့်  တရုတ်ပြည်မှ China Telecommunications ၊ ဘရူနိုင်းမှ  Unified National Networks နှင့် ဖိလစ်ပိုင်မှ  Globe Telecom နှင့် Dito Telecommunity တို့ ပါဝင်သည်။
အဆိုပါ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးမှာ  Asia Link Cable System (ALC) ဖြစ်ပြီး အလျား ကီလိုမီတာ ၆,၀၀၀ ရှိသည်။ စင်ကာပူနှင့် ဟောင်ကောင်တို့ကို ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့်  တရုတ်နိုင်ငံမှ ဟိုင်နန်တို့နှင့် ချိတ်ဆက်ပေးထားမည် ဖြစ်သည်။ 
 ၂၀၂၅ တတိယ၃လပတ်တွင် ပြီးစီးရန် မျှော်မှန်းထားသည်။

 Singtel သည် ၎င်းကုမ္ပဏီစုမှ မိတ်ဖက်များနှင့်အတူ အင်တာနက်ချိတ်ဆက်မှုကို တိုးမြှင့်ရန်နှင့် ဒေသတွင်းတွင် ပိုမိုမြင့်မားသော bandwidth ဖြေရှင်းချက် ရရှိဖို့ တောင်းဆိုမှုများ မြင့်တက်လာမှုကို ဖြည့်ဆည်းပေးရန်  လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
Source businesstime 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 584 times