မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ခွင့်ပြုမိန့် (၆)ခုခွင့်ပြုခဲ့ကြောင်း သိရပါသည်။
ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများတွင် ရာခိုင်နူန်းပြည့်နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု (၂) ခု ၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (၂) ခု ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၂)ခုတို့ပါဝင်ပါသည်။
● ရာခိုင်နူန်းပြည့် နိုင်ငံခြားများ ရင်းနှီးမြှုုပ်နှံမှု
=======================
(၁)Construction, Operation and Leasing of Industrial Park ၊ Taekwang Myanmar Development Co.,Ltd ၊ ညောင်အင်း (အနောက်မြောက်ကွင်း ၊ ခတ္ထိယကွင်း ၊ညောင်အင်းကျေးရွှာ အုပ်စု ၊ ပဲခူးမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီးရှိ စုစုပေါင်းမြေဧရိယာ ၂၀၅ ဧကအနက် ၂၀၃.၆၀ ဧက ။
(၂) ဝက် နှင့် ဝက်သားပေါက် မွေးမြူခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း ၊ Myanmar C.P Livestock Company Limited ၊ မြေကွက်အမှတ် (၄၃၊၄၄)၊ အထူးဇုန်(၂) တိုးချဲ့ ၊ မြေကွက်အမှတ် (၂၆၆ ၊ ၂၆၇) ၊ အထူးဇုန် (၂) ၊ မြေကွက်အမှတ် (၃၈၊၃၉)။
● ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
=======================
(၁) Construction, Operation and Leasing of High-End Villa ၊ Myanmar Yatai International Holding Group Co., Ltd. ၊ ကွင်းအမှတ် - OSS – 69 (ဃ)ရွှေကုက္ကိုလ်မြိုင်အပြင်ကွင်း ၊ ဦးပိုင်အမှတ် (၂) ၊ ပူလွဲပူကျေးရွှာ အုပ်စု ၊ မြဝတီမြို့နယ် ၊ ကရင်ပြည်နယ်ရှိမြေ ၆၂ ဧကအနက် ၂၅.၅ ဧက။
(၂) BOT စနစ်ဖြင့် စက်သုံးစီတင်/ချ ဆိပ်ခံတံတား နှင့် ဆီသိုလှောင်ကန်များ တည်ဆောက်ပြီး စက်သုံးဆီသိုလှောင် ဖြန့်ဖြူးသည့် ဝန်ဆောင်မှုလုပ်ငန်း ၊ Green Asia Services Co.,Ltd . ၊သီလဝါ ဆိပ်ကမ်းဒေသ သန်လျင် ကျောက်တန်းနယ်မြေ ၊ ရန်ကုန်တိုင်းဒေသကြီး ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေ (၂၄.၇၁) ဧက။
● မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
=======================
(၁)ဆပ်ပြာအမျိုးမျိုးထုပ်လုပ် ဖြန့်ဖြူးရောင်ချခြင်းလုပ်ငန်း ၊ Yuzana Company Limited ၊ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်။
(၂) စားအုန်းဆီ နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ခြင်း နှင့် ရောင်းချခြင်းလုပ်ငန်း ၊ ယုဇနကုမ္ပဏီလီမိတက် ၊ဆိပ်ကမ်းသာလမ်း ရွှေလင်ပန်း စက်မှု့ဇုန်၊လှိုင်သာယာမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး ။
ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့၊ လုပ်ငန်း နှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၁၀ /၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၉၆၈) ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။