ပြည်တွင်းတွင် အလုပ်သမား ၃၈၀၀ ကျော် အလုပ်အကိုင်ရစေနိုင်မည့် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု လုပ်ငန်း ခြောက်ခုကို ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုအတည်ပြုလိုက် ကြောင်း (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှတ်တမ်းများအရ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် တရုတ်(တိုင်ပေ)တို့မှ စက်မှုကဏ္ဍ အတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခြောက်ခုကိုအတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်း ခြောက် ခုမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃၈၇၆ ဦး အတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ LED နှင့် Lighting accessories ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့ ဖြစ်ပြီး ရင်းနှီး မတည်ငွေပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ ၁၁ လကျော်အတွင်း ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အတည်ပြု လုပ်ငန်းပေါင်းမှာ ၁၂၉ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
Pyi Myanmar