နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ်ခကောင်းကောင်းပေးကြသော်လည်း ဝင်ရောက်လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်လုပ်သားရှားပါးလျက်ရှိကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ အဓိကပြဿနာမှာ Skill Labour ရှိသောအလုပ်သမားရှားပါးခြင်း၊ Job Net တွင် အလုပ်ပေါင်းများစွာပုံနေသော်လည်း သူတို့လိုချင်သော Skill ကို လျှောက်ထားနိုင်သူများရှားပါးခြင်း၊ တစ်ချို့အလုပ်တွေတွင် လစာ ကျပ် ဆယ်သိန်း၊ သိန်းသုံးဆယ်မှ လေးဆယ်အတွင်း၊ ငါးဆယ်လောက်ပေးသောအလုပ်များရှိသော်လည်း သူတို့လိုချင်သော Skill မရှိသောကြောင့် နိုင်ငံခြားသားများပင် ပြန်ခေါ်ယူထားရကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင်အဓိကလိုအပ်နေသည်မှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုဖြစ်ကြောင်း၊ ကျန်သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်များတွင်လည်း ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားကို နိုင်ငံတော်အဆင့်စီမံချက်ဖြင့် မွေးထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ လုပ်ငန်းခွင်ကျွမ်းကျင်လုပ်သား တစ်သောင်းဝန်းကျင်သာ မွေးထုတ်ပေးနိုင်သေးကြောင်း သိရပါသည်။
Democracy