မြန်မာနိုင်ငံ၏ အရေပြားထိန်းသိမ်းမှုထုတ်ကုန်များစျေးကွက်၏တန်ဖိုးသည် ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၁.၆ သန်းအထိ ရှိလာနိုင်သည်။
Allied Market Research မှ ထုတ်ပြန်သော Myanmar Skin care Products Market အစီရင်ခံစာ အသစ်အရ ဈေးကွက် အရွယ်ပမာဏသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၂.၃ သန်း ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၁.၆ သန်းအထိ ဖြစ်လာလိမ့်မည်ဟု ဆိုထားသည်။
အရေပြားထိန်းသိမ်းမှုထုတ်ကုန်များစျေးကွက်သည် ကြိုတင်ခန့်မှန်းကာလ ၂၀၂၁ မှ ၂၀၁၇ ခုနှစ် ကာလအတွင်းနှစ်စဉ် ကြီးထွားနှုန်း ၈.၆ % ရှိလိမ့်မည်။ ဈေးကွက်ထဲတွင် ခရင်မ်သည် ဈေးကွက်ဝေစု အကြီးမားဆုံးဖြင့် ဦးဆောင်နေပြီး ကြိုတင်ခန့်မှန်းကာလတစ်လျှောက် ဆက်လက်ကြီးစိုးနေလိမ့်မည်ဟု တွက်ဆထားသည်။
သုံးစွဲသူ လူဦးရေတွင် အသက်ငယ်ရွယ်သူများက အများစုဖြစ်ပြီး ရွေ့လျားပြောင်းလဲကာ စိတ်အားထက်သန်သော စားသုံးသူ အခြေ ရှိသည်။ ထို့ပြင် ဆန်းစစ်ချက်များအရ ဝင်ငွေ အလယ်အလတ် ရှိသော လူအုပ်စုဝင် သုံးစွဲသူများသည် ၂၀၂၀ ပြည့်နှစ်ကုန်တွင် နှစ်ဆ ဖြစ်လာမည်။ အခြေခံအဆောက်အအုံ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အွန်လိုင်း အရောင်းအဝယ်များဆီသို့ ရွှေ့ပြောင်းမှု လျင်မြန်စွာ ဖြစ်ပေါ်ခဲ့သည်။ အွန်လိုင်းရှော့ပင် တွင်ကျယ်နေပြီ ဖြစ်သည်။
ဈေးကွက်အတွင်းသို့ brand ဖြင့် ကြည့်လျှင် နိုင်ငံတကာ brand များအကြားနှင့် ပြည်တွင်း brand များအကြား ယှဉ်ပြိုင်မှုများ အသင့်အတင့် ရှိသည်။ ပြည်တွင်း brand များနှင့် နိုင်ငံတကာ brand များအကြားတွင်လည်း ယှဉ်ပြိုင်မှဒ အသင့် အတင့် ရှိသည်။ ပြည်တွင်း brand များသည် နိုင်ငံတကာ brand များ မပေးနိုင်သည့် အချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတကာ အရေပြားထိန်းသိမ်းမှုထုတ်ကုန်များကို ယှဉ်ပြိုင်ကြရသည်။
Skin District 9 သည် ၂၀၁၆ ခုနှစ်တွင် လက်ဖြင့် ပြုလုပ်သော သဘာဝအလှကုန်များ ပေးအပ်သည်။ သုံးစွဲသူတို့သည် သဘာဝထုတ်ကုန်များကို ယုံကြည်စိတ်ချထားကြသည်ဖြစ်ရာ ထိုအချက်သည် သုံးစွဲသူများကို ဆွဲဆောင်ပေးသည့် အချက် ဖြစ်သည်။ ပြည်တွင်းမှ သုံးစွဲသူများသည် ဈေးလျှော့ပေးခြင်းကို နှစ်ခြိုက်ကြသော်လည်း အကောင်းစား ထုတ်ကုန်များထံမှ လျှော့ဈေး မမျှော်လင့်အပ်ကြောင်းကိုလည်း သဘောပေါက်ထားကြသည်။ ရွှေပြားကဲ့သို့သော ကံစမ်းမဲကလည်း ဆွဲဆောင်မှု ပြင်းထန်သည်။
သုံးစွဲသူတို့၏ ရွေးချယ်မှုတွင် နောက်ထပ် အရေးပါသည့် အချက်မှာ အရက်နှင့် အရက်ပျံဖြင့် ထုတ်လုပ်ခြင်း၊ တိရစ္ဆာန် ထုတ်ကုန်ဖြင့် ထုတ်လုပ်ခြင်း မဖြစ်ဖို့ကို အလေးပေးကြသည်။ အရေပြား အလှ ဆင်ခြင်းကြောင့် အရေပြား အိုမင်းသွားမည်ကို စိုးရိမ်ကြပြီး ရေရှည်အတွက် အရေပြားကျန်းမာရေးရှုထောင့်မှ ရွေးချယ်ဆုံးဖြတ်ကြသည်။ မအိုမင်းစေခြင်း (anti-ageing) ၊ အရေပြား မတွန့်စေခြင်း (anti-wrinkle) ၊ အရေပြား မခြောက်ကပ်စေခြင်း (moisturizing) ‘မ’သုံးလုံးကို အမျိုးသားများထက် အမျိုးသမီးများက ပိုဂရုစိုက်ကြပြီး ခရင်မ် အမျိုးအစားကို လိုရှင်းနှင့် အခြားအမျိုးအစားများထက် ပိုမိုလိုလားကြသည်။
ရောင်းချသည့် channel များတွင် စူပါမားကက်များ ဟိုင်ပါမားကက်များသည် ဝေစုအကြီးမားဆုံး ဖြစ်သည်။ စူပါမားကက်များတွင် အလှကုန်လုပ်ငန်းက မိမိဝန်ထမ်းများဖြင့် ကောင်တာတစ်ခု ခင်းကျင်းပြီး အထူးလျှော့ဈေး ဆွဲဆောင်မှုဖြင့် ဖိတ်ခေါ်ကာ ရောင်းချသည့်ပုံစံကို အသုံးများသည်။ အွန်လိုင်းသည် ဖွံ့ဖြိုးစ အခြေအနေတွင် ရှိနေသည်။
အချို့ ဆေးဝါးရောင်းချသည့် ဆိုင်များသည်လည်း skincare ထုတ်ကုန်များကို ကျန်းမာရေးသုံး ဆေးဘက်ဝင် ပစ္စည်းအဖြစ် ရောင်းချပေးကြသည်ဖြစ်ရာ နီးစပ်ရာ ဆေးဆိုင်တွင် သုံးနေကျ skincare ကို ပုံမှန်အားဖြင့် ဝယ်ယူလေ့ ရှိကြသည်။
လူသိများပြီး အာရုံပြုမိစေဖို့အတွက် ဆိုရှယ်မီဒီယာ အထူးသဖြင့် Facebook တွင် ဖော်ပြပြီး ရောင်းချခြင်းကိုပါ တစ်ပါတည်း လုပ်ကိုင်ကြခြင်းဖြင့် skincare သုံးစွဲသူဦးရေ ပိုတိုးလာနေစေသည်။
ပြည်တွင်း skincare ထုတ်ကုန်များသည် နာမည်ရထားသော Dove, Neutrogena, Pantene အစရှိသည့် brand များကို ယှဉ်နိုင်နေဆဲ ဖြစ်သော်လည်း skincare ထုတ်ကုန်များတွင် အခရာကျသည့် သနပ်ခါးကို ပြည်ပသွင်းကုန် အလှကုန်များတွင် ပါဝင်လာခြင်းသည် ကြီးမားသော စိန်ခေါ်မှု ဖြစ်သည်။
နာမည်ကြီး နိုင်ငံတကာ brand များမှ တင်သွင်း ရောင်းချသည့် ဈေးကြီးသော skincare ထုတ်ကုန်များကို နိုင်ငံခြားသားများ၊ အထက်တန်းလွှာနှင့် လူလတ်တန်းစားအထက်လွှာတို့က သုံးစွဲကြသည်။
key players များအဖြစ် ရွှေပြည်နန်း၊ L’Oréal S.A., Kao Corporation, Estee Lauder, Revlon Inc., Unilever Group, Shiseido Company Limited, Procter & Gamble, Frenzo Myanmar Company Limited, Beiersdorf AG တို့ကို တွေ့ရသည်။