တောင်ကိုရီးယား အစိုးရက အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို ထောက်ပံ့ကြေး တတိယအကြိမ် ပေးအပ်


11 January, 2021

တောင်ကိုရီးယားနိုင်ငံတွင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊ ကြုံရာကျပန်း လုပ်ကိုင်သူများနှင့်အထူးစာချုပ်အလုပ်သမားများအား ဝမ် ၃ သန်းအထိ ပေးအပ်ရန် ၀.၁ ထရီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အရေးပေါ်ငွေပေးချေမှုအစီအစဉ်ကို စတင်သည်။ ချေးငွေ ထုတ်ပေးခြင်း မဟုတ်ဘဲ ထောက်ပံ့ကြေးငွေအဖြစ် ပေးအပ်သည်မှာ ယခုအကြိမ်သည် တတိယအကြိမ် ပေးအပ်ခြင်း ဖြစ်သည်။

ခန့်မှန်းခြေအားဖြင့် အသေးစား စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် ကိုယ်ပိုင်အလုပ်လုပ်သူများ ၂.၅ သန်း အကျုံးဝင်ပြီး တိုင်းပြည်ရှိ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ငွေထောက်ပံ့ကြေးများအတွက် သတ်မှတ်ချက် ကိုက်ညီကြသည်။


ကပ်ရောဂါကြောင့် လူချင်းခပ်ခွာခွာ နေရန် တင်းကျပ်သောစည်းမျဉ်းများကြောင့် ထိခိုက်နစ်နာသူများကို ပေးအပ်ခြင်းဖြစ်ပြီး လျှောက်လွှာတင်ရန် အကြောင်းကြားချက်ကို ရရှိပြီးနောက် အွန်လိုင်းတွင် လျှောက်ထားပြီးသည့်အခါ ၂ ရက်အတွင်း ထောက်ပံ့ငွေကို လက်ခံရရှိမည် ဖြစ်သည်။

ငွေထောက်ပံ့ကြေး ပေးဝေခြင်းကို ယခုလကုန်တွင် အပြီးအစီးဆောင်ရွက်ရန် အစိုးရက အစီအစဉ် ရေးဆွဲလျာထားသည်။

နိုဝင်ဘာ ၂၄ ရက်နောက်ပိုင်း ခေတ္တရပ်နားရန် လိုအပ်ကြောင်း သတ်မှတ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများဖြစ်သော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများ၊ စားသောက်ဆိုင်များနှင့် ကာရာအိုကေခန်းများ အစရှိသည့် အသေးစားလုပ်ငန်းများသည် လုပ်ငန်းပိတ်ထားရသည့် ရက်အနည်းအများအရ ဝမ် ၂ သန်းမှ ၃ သန်းအထိ အသီးသီး ရရှိကြမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်က တစ်နှစ်ဝင်ငွေ ဝမ် သန်း ၄၀၀ အောက် ရှိသော လုပ်ငန်းများဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကပ်ရောဂါကြောင့် ရောင်းအား ကျဆင်းခဲ့ပါက ဝမ် ၁ သန်း ရရှိကြမည် ဖြစ်သည်။

(ဝမ် ၁ သန်းသည် အမေရိကန်ဒေါ်လာ ၉၀၀ ကျော်နှင့် ညီမျှပါသည်)


koreaherald.com

Global News Read 328 times