အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ကျပ် ၁၂.၅ ဘီလီယံ ဒိန်းမတ်နိုင်ငံ အစိုးရက ထောက်ပံ့မည်။
မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SME) ရှင်ပေါင်း ၄၅၀ ကျော်အတွက် ဒိန်းမတ်အစိုးရက ကျပ် ၁၂.၅ဘီလီယံ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးနဲ့ SME ဖွံ့ဖြိုး တိုးတက်ရေး ဌာနတို့ဟာ စီးပွားရေး လုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်းတို့ကို မြှင့် တင် ပေးဖို့ ရည်ရွယ်ချက်နဲ့ Responsible Business Fund (RBF) ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း လက် မှတ်ရေးထိုးပွဲ ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပရိုဂရမ်တွင် လုပ်ငန်းရှင်မှ ထည့်ဝင်ရမည့် ငွေကြေး ပမာဏ တစ်ခုလည်း ရှိသည်။
ထို့နောက် ကူညီခြင်းမှာ ၁၀၀ ရာခိုင် နှုန်း မဟုတ်ဘဲ ကုမ္ပဏီဘက်မှ ထည့်ဝင်ရမည့် ပမာဏရှိရခြင်းမှာ လုပ်ငန်းရှင်များဘက်မှ အမှန်တကယ်အလုပ်လုပ်ချင်သည်ကို သေသေချာချာ သိချင်သောကြောင့် ထည့်ဝင်ရမည့် ပမာဏဖြစ်သည်ဟုမြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။
စွမ်းအင် အလေအလွင့် လျော့နည်းရေး၊ ရေအရင်းအမြစ် အသုံးချရေး၊ စွန့်ပစ် ပစ္စည်းနဲ့ အညစ်အကြေး အသုံးချရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး လုပ်ငန်းစဉ်များ (OSH)၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကြီးကြပ်-ကွပ်ကဲခြင်း နည်းပညာတွေ၊ လက်တွေ့နဲ့ နည်းပညာဆိုင်ရာ နည်းလမ်းတွေ စတဲ့ လုပ်ငန်း နယ်ပယ် ရ ခုအနက် တစ်ခုခုနဲ့ ဆက်စပ်တဲ့ ဘယ်လုပ်ငန်းမဆို ထုတ်ချေးပေး သွား မယ်လို့သိရပါတယ်။
Source:B to B