မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်ရန် ရုရှားနျူကလီးယားဓာတ်ပေါင်းဖိုငယ်များ သုံးစွဲမည်


23 December, 2022

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်ရန် ရုရှားနျူကလီးယားဓာတ်ပေါင်းဖိုငယ်များ သုံးစွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့သိုက်များမှ ထွက်ရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်မလောက်ငသည့် ပြဿနာနှင့် လုံးထွေးနေချိန်တွင် ရုရှားနိုင်ငံမှ တည်ဆောက်ထားသော အသေးစား မော်ဂျူလာနျူကလီးယားဓာတ်ပေါင်းဖို small modular nuclear reactor - SMR များ တပ်ဆင်ရန် အစီအစဉ်တစ်ခု ရှေ့ဆက်ဆောင်ရွက်မည်ဟု Nikkei သတင်းတွင် ဖော်ပြထားပါသည်။


 ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom နှင့် မြန်မာနိုင်ငံမှ  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ အတူပူးပေါင်းပြီး   SMR များဆိုင်ရာ ပူးတွဲဖြစ်နိုင်ခြေလေ့လာမှုကို ဆောင်ရွက်ရန် နိုဝင်ဘာလနှောင်းပိုင်းတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ 
 
ပုံမှန်နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုတွင် ၁,၀၀၀ မဂ္ဂါဝပ်ခန့် ဓာတ်အားထွက်ရှိပြီး SMR တစ်ခု၏ အမြင့်ဆုံးထွက်ရှိမှုမှာ  မဂ္ဂါဝပ် ရာဂဏန်းဖြစ်ပါသည်။

ရုရှားသည် အမေရိကန်နှင့် ယူကေတို့ထက် ထိုနည်းပညာတွင် ရှေ့မှ ဦးဆောင်နေပါသည်။


ရုရှားနိုင်ငံ ဆိုချီမြို့တွင် ယခုနှစ် Atomexpo နိုင်ငံတကာ ဖိုရမ်တွင် အဆိုပါ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ လျှပ်စစ်ဝန်ကြီးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

Atomexpo မတက်ရောက်မီ မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုနှင့် စိန့်ပီတာဘတ်ရှိ နျူကလီးယားစက်ရုံများနှင့် သုတေသန အဆောက်အအုံများသို့လည်း သွားရောက်ခဲ့သည်။

နိုဝင်ဘာလလယ်တွင် မြန်မာနိုင်ငံနှင့် Rosatom တို့ ရန်ကုန်မြို့တွင် နျူကလီးယားနည်းပညာ သတင်းအချက်အလတ်စင်တာတစ်ခု တည်ထောင်ရန် သဘောတူညီခဲ့ကြပါသည်။

ဝန်ထမ်းလေ့ကျင့်ရေးနှင့် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက်လည်း သဘောတူထားပါသည်။
အရပ်ဖက် နျူကလီးယားစွမ်းအင်အသုံးပြုမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံကိုလည်း သဘောတူထားပါသည်။

မြန်မာနိုင်ငံတွင် နျူကလီယားဓာတ်ပေါင်းဖို အမှန်တကယ်တည်ဆောက်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Rosatom သည် အာဖရိကနှင့် အာရှရှိ ထွန်းသစ်စနိုင်ငံများအတွက် SMRs များကို ပြင်းပြင်းထန်ထန် စျေးကွက်တင်နေသည်။  အရှေ့တောင်အာရှမှာ ကုမ္ပဏီသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် နျူကလီးယားဓာတ်ပေါင်းဖိုများ ဆောက်လုပ်ရန်အတွက် လမ်းခင်းပေးမည့် စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။
ဗီယက်နမ်သည် ၂၀၁၆ ခုနှစ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အစီအစဉ်များကို ဖျက်သိမ်းခဲ့သော်လည်း ထုတ်လုပ်မှု ပမာဏ နည်းသော သုတေသနဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် Rosatom နှင့် ၂၀၁၉ ခုနှစ်တွင် စာချွန်လွှာအသစ် လက်မှတ်ရေးထိုးခဲ့ပါသည်။
Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 930 times