SME လုပ်ငန်းများတွင် ကြုံတွေ့ရသောအခက်အခဲများ


11 June, 2018

SME ဆိုတာဘာလည်းဆိုတော့ small and medium enterprises လို့ခေါ်တယ်။ တနည်းအားဖြင့်တော့ မြန်မာလိုခေါ်ရင် အသေးစားနှင့် အလတ်စားလုပ်ငန်းများလို့ခေါ်တယ်။ ဒီဘက်ခေတ်ကျတော့ micro small and medium လို့လည်းခေါ်ပေမဲ့ မြန်မာပြည်မှာတော့ SME လို့သုံးရင်ကိုပဲ ပြည့်စုံနေပါပြီ။

နိုင်ငံတော်တော်များများတွင် SME ဆိုတာရှိတယ်၊ SME လုပ်ငန်းတွေကို အစိုးရတွေကိုယ်တိုင်ကဖော်ဆောင်ပေးတယ်၊ အားပေးတယ်၊ လုပ်ပေးတယ်။

SME တွေအောင်မြင်လာတဲ့အခါ ဒီထက်ပိုကြီးတဲ့ cooperation တွေဖြစ်လာရင် တိုင်းပြည်တိုးတက်လာမှာဖြစ်လို့ပဲဖြစ်ပါတယ်။

SME တွေလုပ်တဲ့အခါမှာလည်း ကျွန်တော်တို့အတွေ့အကြုံရဆိုလျှင် တစ်နေ့ထက်တစ်နေ့ SME ဆိုတဲ့ ကုမ္ပဏီလေးတွေ၊ လုပ်ငန်းစုလေးတွေပေါ်လာတယ်။ ဒါပေမဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာပဲ ပြန်ပြီး ပျောက်ကွယ်သွားကြတာတွေ့ရပါတယ်။

ဘာလို့ပျောက်သွားရလည်းဆိုတဲ့အကြောင်းအရင်းကတော့

ပထမအချက်အနေဖြင့် စပြီးတည်ထောင်စဉ်တုန်းကတော့ လုပ်ချင်၊ ကိုင်ချင်စိတ်ဘဲရှိတယ်။ ဥပမာအနေဖြင့် အိမ်မှာရှိတဲ့အမျိုးသမီးတစ်ယောက် သရက်သီးသနပ်လုပ်တာတော်တယ်၊ သူ့သရက်သီးသနပ်ကို အိမ်မှာလုပ်ရင်းစားရင်းနဲ့ သူငယ်ချင်းတွေကျွေး၊ အိမ်ကမိသားစုတွေကိုကွေးရင်းနဲ့မှ သရက်သီးသနပ်လေးရောင်းစားပါလားဆိုပြီး မေးတဲ့အခါ မဆိုးဘူးဟဆိုပြီး စရောင်းဖို့လုပ်တယ်၊

ပထမဆုံးအနေနဲ့ဈေးထဲမှာ ပုလင်းအလွတ်တွေဝယ်လာတယ်၊ သရက်သီးသနပ်တွေလုပ်တယ်၊ လုပ်ပြီးရောင်းတယ်။ နီးစပ်ရာ ကိုယ့်အမျိုး၊ အိမ်နီးချင်းတွေကိုပေါ့၊ လိုက်ရောင်းတော့အားပေးကျတယ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ အားနာလို့ပဲဖြစ်ဖြစ်ပေါ့၊

အဲ့ဒီမှာ နာမည်လေးတစ်ခုရလာတဲ့အခါကျတော့ နာမည်လေးတစ်ခုတပ်ပြီးတော့ရောင်းပါလားဆိုတော့ ကိုယ့်အိမ်ရှေ့လေးမှာ ဆိုင်လေးဖွင့်ပြီးစရောင်းတယ်။

ဒီအထိ ok တယ်၊ ဒီထက်ပိုပြီးနောက်ထပ်လုပ်ငန်းတစ်ခုအနေနဲ့အလားအလာရှိတယ်၊ ရောင်းတော့မယ်ဆိုတဲ့အခါကတော့ စပြီးတော့ အခက်အခဲကရှိလာတယ်။

အခက်အခဲတွေကဘာတွေလည်းဆိုတော့ လုပ်ငန်းတစ်ခုဟာ အကန့်အသတ်တစ်ခုရောက်သွားတဲ့အခါ အဲ့ထက်ပိုပြီး မလုပ်နိုင်တော့တာတွေ့ရတယ်။

SME နဲ့ပတ်သက်ပြီး အချက် (၁၁) ချက်ရှိတယ်ဘာတွေလည်းဆိုတော့

(၁) Difficulties in Assessing Finance

လူတွေဟာ ဒီထက်ပိုပြီးအောင်မြင်လာတဲ့အခါ ငွေရေးကြေးရေးပံ့ပိုးမှုဘယ်သူရှိလည်းဆိုတာ ရှာရပါပြီ၊ အရမ်းခက်တယ်၊ တစ်နည်းအားဖြင့် လုပ်ငန်းတိုးချဲ့ဖို့အတွက် ပိုက်ဆံမရှိကြဘူး။

(၂)Difficulties in Tranforming Technology

ကိုယ့်ဘာသာကိုယ် အိုးနဲ့လုပ်၊ လက်နဲ့မွှေတုန်းက သရက်သီးလုပ်ရတာလွယ်ပေမဲ့ တကယ်တမ်း ရောင်းအားကောင်းလာတဲ့အခါကျတော့ စက်ကိရိယာတွေ၊ နည်းပညာတွေလိုလာပြီ၊ ထိုအရာတွေမပါပဲ လုံးဝလုပ်လို့မရတော့ဘူး။

(၃) Marketing

ဈေးကွက်ရှာတာ ဘယ်နေရာမှာဘယ်လိုရောင်းမလည်း၊ နိုင်ငံတကာကိုဘယ်လိုထိုးဖောက်မလဲဆိုတာကို လုပ်ဖို့ခဲယှဉ်းကြတယ်။

(၄) Skilled Worker

ကျွမ်းကျင်လုပ်သားတွေ၊ လုပ်ငန်းကြီးလာတဲ့အခါ ကိုယ်တစ်ယောက်တည်းမနိုင်တော့ဘူး၊ အဲ့တော့ကျွမ်းကျင်လုပ်သားတွေရှာရတော့မယ်

(၅) Lack of Getting Information

သတင်းအချက်အလက်ရဖို့ခဲယဉ်းတယ်၊ ကိုယ်ဘာသာလုပ်တုန်းကတော့ အေးဆေးပဲ၊ ဒါပေမဲ့ လုပ်ငန်းကြီးဖြစ်လာတဲ့အခါကျတော့ ဘယ်သူကကိုယ်နဲ့ယှဉ်နေလည်း၊ ဘယ်သူကကိုယ်နဲ့ပြိုင်နေလည်း၊ ဘက်သရက်သီးကကိုယ်ထက်ပိုကောင်းတယ်၊ ကိုယ်သရက်သီးက အစိမ်းပဲရှိတာလား၊ ချဉ်ငန်စပ်လုပ်တာလားစည်ဖြင့် ဈေးကွက် Information သတင်းအချက်အလက်အရမ်းလိုပါတယ်။

(၆) Business Law [ Rules & Regulations, Kicense]

ဒီထက်ကုမ္ပဏီကကြီးမားလာတဲ့အခါ လုပ်ငန်းထောင်ရတော့မယ်၊ ပိုက်ဆံပေးရတော့မယ်ပေါ့ဆိုတဲ့အခါ နိုင်ငံတော်ကသတ်မှတ်ထားတဲ့နည်းတွေ၊ လိုင်စင်တွေကိုတရားဝင်တောင်းရတော့မယ်။

(၇) Services for improvement

ဒီလုပ်ငန်းကို ဒီထက်ပိုကောင်းအောင်၊ တိုးတက်ကြီးပွားအောင် services ကောင်းအောင်ဘာလုပ်မလည်းဆိုတာ စဉ်းစားဖို့လိုတဲ့အချက်ဖြစ်တယ်။

(၈) Tax & Incentives

ဆိုလိုတာကတော့ အခွန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံတော်က ဒါဆောင်ပါဆို များတယ်၊ နည်းတယ်ဆိုပြီး အခွန်အကြောင်း နည်းမလည်စရာကိစ္စများစကြုံလာတယ်။

(၉) Lack of resilient for competition

ဒါကတော့ကိုယ်ကလုပ်တယ်၊ ကိုယ်လုပ်တာလည်းအောင်မြင်တယ်၊ မှန်တယ်၊ အလားအလာရှိတယ်လည်းဆိုရော ကိုယ်ထက်ပိုပြီး ပိုက်ဆံရှိတဲ့သူ၊ အင်းအားရှိတဲ့သူက ကိုယ့်အလုပ်လည်းလိုက်လုပ်ရော၊ ကိူယ်ရဲ့ဈေးကွက်ကြီးပျေက်သွားလေ့ ပျောက်သွားထရှိတယ်၊ အဲ့ဒါကိုတင်းခံနိုင်တဲ့အနေအထားမရှိတာလည်းတွေ့ရတယ်။

(၁၀) Infrastructure

ကိုယ်လုပ်တုန်းကတော့ တစ်နိုင်တစ်ပိုင်လုပ်တာပဲ၊ ဒါပေမဲ့ တကယ်တမ်းတည်းနင်လားငါလားရှိလာပြီ၊ စက်ရုံထောင်ရတော့မယ်ဆိုလျှင် စက်ရုံထောင်ရမဲ့မြေနေရာ၊ စက်ရုံထောင်ရမည့် နည်းပညာ ဘာမှမရှိပါဘူးဆိုတဲ့ အခြေခံမရှိတဲ့ဒုက္ခလေးတွေရောက်ပါတယ်။

(၁၁) Enviromental

တကယ်တန်းနည်းဥပဒေတွေနဲ့လာပြီဆို နည်းဥပဒေအရ၊ ပတ်ဝန်းကျင်အရ စည်းနဲ့ကမ်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ရတော့မယ်ဆိုတဲ့အခါ အတွေ့အကြုံကလည်းမရှိတဲ့အခါကျတော့ SME တော်တော်များများဟာ ကျဆုံးသွားတက်ပါတယ်။

အကြုံပြုချင်တာကတော့ SME တွေအနေဖြင့် ကြောက်စရာဘာရှိလည်းဆိုတော့ ဒီ (၁၁) ချက်ရှိပါသည်။

အဲ့ဒီအချက် ၁၁ ချက်နားနီးရင်တော့ ကိုယ်ဘာလုပ်ရမလည်းဆိုတာ အကူအညီတောင်းပါ၊ အကူအညီလိုအပ်တာကိုယူပါလို့ တိုက်တွန်းချင်ပါတယ်။

Credit : U Myint Zaw

Local News Tips Read 976 times