SME လုပ်ငန်း ၃၀၀၀၀ ကျော်ကို ချေးငွေများထုတ်ပေးမည်


31 May, 2018

အမေရိကန်၏ နိုင်ငံရပ်ခြားပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (OPIC) က မြန်မာနိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်း ၃၀,၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁၀ သန်းထုတ်ချေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း မေ လ ၃၀ ရက်တွင် သတင်းထုတ်ပြန် သည်။

အဆိုပါချေးငွေများကို ပြည် တွင်းရိုးမဘဏ်နှင့် Dawn အသေးစားချေးငွေလုပ်ငန်းတို့မှတစ်ဆင့် ပြန်လည်ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း ရိုးမဘဏ်နှင့် Dawn တို့က သတင်းထုတ်ပြန်သည်။

‘‘စီမံကိန်းကနေ ပြည်သူတွေ ချေးငွေရရှိစေမှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းအသစ်တွေ စတင်ဆောင် ရွက်ရေး၊ ကလေးတွေ ကျောင်း ထားနိုင်ရေးနဲ့ လုပ်ငန်းတွေထဲမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါ တယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာ စီရယ်က ပြောသည်။

လွန်ခဲ့သည့် လေးနှစ်က OPICသည် ရိုးမနှင့် Dawn တို့မှတစ်ဆင့်ကန်ဒေါ်လာ လေးသန်းထုတ်ချေး ရာ လက်ရှိတွင် အပြည့်အဝပြန် လည်ရရှိထားကြောင်း ဆိုသည်။ ယခုချေးငွေထုတ်ပေးခြင်းကို အ ပြန်အလှန် ထိန်းကျောင်းသည့် ငွေကြေးထောက်ပံ့မှုဟုခေါ်ပြီး အပေါင်ပစ္စည်းမဲ့ချေးငွေထုတ်ပေးခြင်း ဖြစ်သည်။ ထိုစနစ်ကို ၂၀၁၇ နှစ်လယ်ပိုင်းတွင် စတင်ခဲ့သည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ အသေး စားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ကို ပံ့ပိုးကူညီနိုင်မှာ ဖြစ်ပါတယ်’’ ဟု ရိုးမဘဏ် ဥက္ကဋ္ဌ၏ အထူးအ ကြံပေး Mr. Hal Bosher က ပြောကြားသည်။

အပေါင်ပစ္စည်းယူ၍ ချေးငွေထုတ်ပေးသည့် အစား ယခုကဲ့သို့ ဘဏ်များက စွန့်စားဆောင်ရွက်မှုပုံစံသည် အခြေခံစီးပွားရေးလုပ် ငန်းများ အရည်အသွေးတိုးတက် စေရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

OPIC (Overseas Private Investment Corporation) သည် အမေရိကန်အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

7 Day Daily

Local News Banking & Loan Read 4032 times