"မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာနဲ့ မိုဘိုင်းနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာတဲ့အခါ ဒီဂျစ်တယ်နည်းပညာသုံး ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ပညာရပ်ဟာ Digital Marketing ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများအတွက်သာမက၊အခြားစီးပွားရေးလုပ်ငန်းများအတွက်ပါ အရေးတကြီးလိုအပ်တဲ့ ပညာရပ်ဖြစ်လာပါပြီ။
Digital Marketing ဟာ လူငယ်နဲ့ပဲဆိုင်တယ်၊ Start-up လုပ်ငန်းတွေနဲ့ပဲဆိုင်တယ်လို့ မစဉ်းစားစေချင်ဘူး"လို့ ကုန်သည်စက်မှုအသင်းချုပ် SME နဲ့ SMIဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကပြောပါတယ်။
မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ နည်းပညာလှိုင်းနောက်ကို အမှီမလိုက်နိုင်ရင် ယှဉ်ပြိုင်မှုနောက်မှာ ကျန်ခဲ့နိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာလုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ နဲ့ လုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာများ ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး၊
“KBank Biz Plan Challenge 2018: The Digital Marketing for Digital Entrepreneur” ကို ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှုအသင်းချုပ်၊ Renaissance Institute နှင့် University of Thai Chamber of Commerce (UTCC)တို့ ပူးပေါင်းမှုနဲ့ လာမယ့် သြဂုတ်လ (၂၀) ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမတိုင်မီ Digital Marketing နဲ့ Business Plan ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို ဇွန်လ (၂၉) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ သင်တန်းမှာ
(1) What is Digital Marketing in the Digital Era
(2) Ideation, Design Thinking Steps and Step Zero
(3) Hitting Success with the Business Model Canvas
(4) Making a perfect pitch
(5) Seeking Fund to Run Business
(6) Fast-Track Entrepreneur: Experience Sharing by Thai & Myanmar SMEs စတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ ပညာရှင်များ နဲ့ လက်တွေ့အောင်မြင်နေတဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များထံမှ လေ့လာသင်ကြားခွင့်ရမှာပါ။
ပြိုင်ပွဲမှာ ပထမဆုအတွက် KBank မှ US$ 10,000 ချီးမြှင့်မှာဖြစ်ပြီး၊ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုရရှိသူများဟာ ထိုင်းနိုင်ငံသို့ Business Matching ခရီးစဉ်လိုက်ပါခွင့် ရရှိကြမှာပါ။
ပြိုင်ပွဲကို မြန်မာနိုင်ငံသား လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
လျှောက်ထားဖို့အတွက် အမည်၊ ကုမ္ပဏီအမည် (သို့) အဖွဲ့အစည်းအမည် (သို့) တက္ကသိုလ်အမည် နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ ဖော်ပြပြီး၊
University of Thai Chamber of Commerce
Tel. (95) 09 730 97447
Email: [email protected]
KBank Yangon Representative Office
Tel. (95) 1 524 285, 1 500 727
Email: [email protected] သို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၂၀ ရက်အတွင်း ဆက်သွယ်ပေးပို့ရမှာဖြစ်ပါတယ်။
လျှောက်ထားသူများမှ စုစုပေါင်း (၂၁၀) ဦး ကို ရွေးချယ်လက်ခံ သင်တန်းပေးသွားမှာဖြစ်ပြီး၊ သင်တန်းတက်ရောက်ပြီးသူများအနေနဲ့ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
အစီအစဉ်
****
(၁) ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းရေးဆွဲနည်း သင်တန်း ( ဇွန်လ ၂၉ ရက် နံနက် ၈း၃၀ မှ ညနေ ၅း၀၀ နာရီထိ)
(၂) ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ ( သြဂုတ်လ ၂၀ရက် )
(၃) ထိုင်းနိုင်ငံရှိ Digital Entrepreneur များနှင့် သွားရောက်တွေ့ဆုံခြင်း ( သြဂုတ်လ ၃၀-၃၁ ရက်)
သင်တန်းနှင့် ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ UTCC နှင့် KBank ဆက်သွယ်ရန် လိပ်စာများအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များ၊ ညီနောင်အသင်းများ၏ အသင်းဝင်များနဲ့ မြန်မာလုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အထူးအလေးထား ဖိတ်ခေါ်လိုက်ရပါတယ်။
သင်တန်းနဲ့ ပြိုင်ပွဲကျင်းပနေပုံများကို မတက်ရောက်နိုင်သူများ လေ့လာနိုင်ဖို့ https://www.facebook.com/KBankKSME/ မှာ Live လွှင့်ပြသသွားမှာဖြစ်တယ်လို့ KBank တာဝန်ရှိသူများထံမှ သိရှိရပါတယ်။
UMFCCI (ကုန်သည်စက်မှုအသင်းချုပ်)