အသေးစား ငွေချေးလုပ်ငန်းများအတွက် နည်းပညာအနာဂတ် ညစာစားပွဲကို တစ်နှစ်လျှင် လေးကြိမ်ပြုလုပ်သွားမည်ဟု သိရပါသည်။
အဆိုပါအခမ်းအနားကို ဇူလိုင်လ ၁ ရက်မှာ စတင်ပြုလုပ်ကြောင်း ၊ မြန်မာနိုင်ငံရှိ အသေးစားချေးငွေလူပ်ငန်းရှင်များအနေဖြင့် နည်းပညာကိုအသုံးပြုပြီး ဝန်ဆောင်မှုအသစ်တွေစတင်ခြင်း၊ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ခြင်း၊ လုပ်ငန်းဆောင်တာတွေကို အရှိန်အဟုန်မြင့် တိုးချဲ့နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း၊ ထိုအကြောင်းအရာများကို " အသေးစားငွေချေးလုပ်ငန်းများအတွက် နည်းပညာ အနာဂတ် " ညစာစားပွဲမှာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။
အုဆိပါအခမ်းအနားကို Musoni Core Banking System ဆော့ဖ်ဝ်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ နည်းပညာတွေကို ပံ့ပိုးပေးနေတဲ့ Thista Works မှ တည်ခင်းဧည့်ခံခြင်းဖြစ်ကြောင်း သိရပါတယ်။
Musoni နှင့် Thitsa Works အနေဖြင့် ယခုလို တွေ့ဆုံညစာစားပွဲတွေကို တစ်နှစ်လေးကြိမ်ခန့်ပြုလုပ်ဖို့ စီစဉ်ထားကြောင်း၊ တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေဖြင့် Thitsa Works ရဲ့ ဖုန်းနာပါတ် +95-9978669442 ကို ဆက်သွယ်၍သော်လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း စာရင်းပေးနိုင်ကြောင်း သိရပါသည်။
Internet Journal