တွက်ခြေကိုက်သော လုပ်ငန်းဖြစ်လာစေ ရန် ကျေးရွာများနှင့် မြို့များ ချိတ်ဆက်၍ လုပ် ကိုင်ကြဖို့ လိုအပ်မည်။ထိုသို့လုပ်ကိုင်ရာ၌ တန်ဖိုးထပ်ဖြည့်ထည့်ပြီး တန်ဖိုးမြှင့်သည့် လုပ် ငန်းများ ဖြစ်ဖို့ လိုအပ်သည်။ လက်တွေ့ကျကျ လည်း လုပ်ကိုင်ကြရမည်ဖြစ်ရာ ရင်းနှီးမြှုပ်နံှမှု နှင့် လုပ်ငန်းလည်ပတ်ငွေတို့တွင် မိမိကိုယ်ပိုင် ငွေကြေးဖြင့်သာ လုပ်ကိုင်ဖို့ကို အရင်ဆုံးစဉ်း စားကြရမည်။ ကိုယ်ပိုင်မြေ၊ အဆောက်အဦတို့ ကို အသုံးပြုကြရမည်။ လုပ်ငန်းတူသူများ၊ ဆက်နွှယ်ဆက်စပ်နေသော လုပ်ငန်းများ အတူ ပေါင်းစုပြီး လုပ်ကိုင်ကြခြင်းဖြင့် လုပ်ငန်းအရွယ် အစား ကြီးမားအောင် ပြုကြရမည်။ တသီးပုဂ္ဂလ ပိုင် ကုမ္ပဏီများ ၊ အများပိုင်ကုမ္ပဏီများဖြင့် လုပ် ကိုင်ကြရမည်ဖြစ်သည်။ ထိုသို့ ကုမ္ပဏီတစ်ခု အဖြစ် ထူထောင်ထားမှ ဘဏ်ချေးငွေရယူရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။ ပြည်ပမှ လုပ်ငန်း များနှင့်လည်း ဖက်စပ်လုပ်ကိုင်ရန် အဆင်ပြေ မည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ဖို့လည်း အဆင်ပြေမည်ဖြစ် သည်။
ထိုသို့ ကုမ္ပဏီများ ဖွံ့ဖြိုးစည်ပင်လာမှ ကျေးလက်ဒေသ အဆင့်အတန်း မြင့်တက်လာ မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တိုးတက်မှုများ ဖြစ်ထွန်းမည် ဖြစ်သည်။လူနေမှု အဆင့်အတန်းမြင့်တက်လာမည်။ အိမ်ထောင်စု ဝင်ငွေအနေဖြင့်လည်း တိုးသည့်နှစ်တိုး၊ ဆုတ် သည့်နှစ်ဆုတ် မဖြစ်တော့ဘဲ အတန်အသင့် တည်တည်ငြိမ်ငြိမ် ဖြစ်လာမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအနေဖြင့် ဆက်လက်ရရှိ မည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ ရွှေ့ ပြောင်းလုပ်သားများ ပြည်ပသွားရောက်လုပ် ကိုင်မှု လျော့ကျသွားမည်။ မြို့ပြများသို့ ကျေး လက်မှ သွားရောက်အခြေချခြင်းကြောင့် ဖြစ် ပေါ်ရသည့် ကျူးကျော်အပါအဝင် ပြဿနာများ လျော့နည်းသွားမည်။
ကျေးလက်ဖွံ့ဖြိုးရေးတွင် အရေးပါသော မြေအသုံးချခွင့်ကို အဆင့်များခြင်းနှင့် အချိန် ကြာမြင့်ခြင်း မရှိအောင် စီမံဆောင်ရွက်ပေးဖို့ လိုသည်။ စက်များကို သုံးစွဲရာ၌ ဝန်ကြီးဌာန တစ်ခုထက်မက လိုင်စင်ကိစ္စ လျှောက်ထား လုပ်ကိုင်ရခြင်း၊ သက်တမ်းတိုးရခြင်းများအစား ဝန်ကြီးဌာန တစ်ခုဖြင့်သာ ကိစ္စပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့လည်း လိုသည်။ သက်တမ်း ကိုလည်း မော်တော်ယာဉ်များကို ယခုအခါ ယာဉ်လိုင်စင် သုံးနှစ်ပေးသကဲ့သို့ စက်လိုင်စင် များကိုလည်း သုံးနှစ်၊ လေးနှစ်၊ ငါးနှစ် စသဖြင့် ပေးခြင်းဖြင့် လိုင်စင်သက်တက်တမ်းတိုးရသည့် ဝန်ထုပ်ဝန်ပိုး သက်သောစေမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုပြီး အခွန်ကို လျှော့ပေါ့ပေးဖို့လည်း လိုအပ်သည်။ လုပ်ငန်း များကို အခွန်စည်းကြပ်ခြင်းကြောင့် လုပ်ငန်း များ မလုပ်သာသဖြင့် ရပ်ဆိုင်းကြရလျှင် အခွန် ကောက်ဖို့ လုပ်ငန်းအရေအတွက် လျော့နည်း သွားမည်။ သို့ဖြစ်ရာ အခွန်ဝင်ငွေ ရရှိမှု လျော့ ကျသွားပြီး အဆိုးသံသရာ လည်ကုန်မည်ဖြစ် သည်ကို သတိချပ်သင့်သည်။
ကျေးလက်ဒေသအခြေပြု လုပ်ငန်းငယ် များအတွက် ရင်းနှီးလည်ပတ်ငွေ ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ပြီး အက်စ် အမ်အီးလုပ်ငန်းများကို ငွေ ထုတ်ချေး မည့်ဘဏ်အဖြစ် အက်စ်အမ်အီး အများပိုင် ငွေကြေးလုပ်ငန်းကို လုပ်ကိုင်ခွင့် ပြုပေးသင့် သည်။ ဘဏ်တိုးကိုလည်း ယခုလို မြင့်မား မနေ စေဘဲ လျှော့ချသတ်မှတ်ခွင့်ကို ဗဟိုဘဏ်မှ ခွင့်ပြုပေးရမည် ဖြစ်သည်။ ဘဏ်တိုး လျှော့ချ၍ ငွေကြေးဖောင်းပွမှု သိသိသာသာ ပိုကြီးမားမည် မဟုတ်ချေ။
အာမခံလုပ်ငန်းများသည် နစ်နာမည့် အရေး မြင့်မားသည့် သီးနှံအာမခံလုပ်ငန်းကို လက်ရှောင်ထားကြခြင်းအစား သီးနှံအာမခံ လုပ်ငန်း လုပ်ကိုင်ကြရန် အစိုးရမှ တွန်းအား ပေးသင့်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွင် အရေးပါ သည့်အချက်ဖြစ်သော နည်းပညာပြန့်ပွားရေးကို လည်း အစိုးရဌာနများမှ ဆောင်ရွက်ပေးရမည်။
ကျေးလက်ဒေသ အက်စ်အမ်အီးများဖွံဖြိုး တိုးတက်စေရန်အတွက် ဝန်ဆောင်မှုအသင်း များ အမြန်ဆုံး ထူထောင်သင့်သည်။ အက်စ် အမ်အီးချေးငွေ ထုတ်ချေးခြင်းအပြင် ပရိုဂျက် တင်ပြပြီး ချေေးငွ ရရှိရေးကိုလည်း စဉ်းစား ဆောင်ရွက်ပေးရမည်။ လုပ်ငန်းများ ထူထောင် သည့်အခါ စီမံမှုအတွက် ကူညီဆောင်ရွက်ပေး ခြင်း၊ နည်းပညာ ပြန့်ပွားပေးခြင်းများ ထောက် ကူပေးရမည်ဖြစ်သည်။
အက်စ်အမ်အီးလုပ်ငန်းများအနေဖြင့် ပူး ပေါင်းလုပ်ဆောင်မှုများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဌာနများ၊ ဒေသဆိုင်ရာ အာဏာ ပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်။ စိုက်ပျိုးသူ၊ မွေးမြူသူ၊ ထုတ်လုပ်သူများသည် စားသုံးသူများ၏ အကျိုးကို အစဉ်အမြဲ ရှေ့ရှု ထားကြရမည်။ ဘဏ်များနှင့် ချိတ်ဆက်ဆောင် ရွက်ရန်အတွက် လုပ်ငန်းအနေဖြင့် လိုအပ်ချက် များကို အသင့်ရှိနေအောင် ဆောင်ရွက်ထားကြ ရမည် ဖြစ်သည်။ ထို့အတွက် ဝန်ဆောင်မှုပေး မည့် အသင်းမှ ကူညီပေးရမည်ဖြစ်သည်။ ထုတ် ကုန်များကို သန့်ရှင်းလတ်ဆတ်နေအောင် စီမံ ကြရမည်။
နိဂုံးချုပ်အားဖြင့် ၎င်းက တင်ပြသည်မှာ ပြည်သူနှင့် အစိုးရတို့ အမြင်ချင်းတူကြပြီး အတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားသွားပါသည်။