အသေးစားနှင့်အလတ်စား(SME)လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အဓိကလိုအပ်သည့် ဘဏ်ချေးငွေရရှိရန်အတွက်ဇွန်လ ၁၅ ရက်နေ့ကရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ် တွင်ဧရာဝတီဘဏ်မှ တာဝန်ရှိသူများနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်တွင်း SME လုပ်ငန်းအများစုသည်အပေါင်ပစ္စည်းများကိုအခြေခံပြီး ငွေကြေားထောက်ပံ့မှုရယူရသောကြောင့် အချို့လုပ်ငန်းများမှာအပေါင်ပစ္စည်းမရှိသည့်အခက်အခဲများတွေ့ကြုံလျက်ရှိကြောင်း၊ ယင်းအခက်အခဲများကိုဖြေရှင်းရန်အတွက်ငါးလုပ်ငန်း၊ နှမ်းစိုက်ပျိုးရေး၊ စက္ကူနှင့်ပျော့ဖတ်လုပ်ငန်း၊ ပလတ်စတစ်နှင့်ဆားလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်းနှင့်အသေးစားငွေရေးကြေးရေးလုပ်ငန်းမှတာဝန်ရှိသူများကလုပ်ငန်းလည်ပတ်ရာတွင်ဘဏ်ချေးငွေလိုအပ်နေမှုများကိုဧရာဝတီဘဏ်မှတာဝန်ရှိသူများထံအသီးသီးတင်ပြခဲ့ကြသည်။
ဧရာဝတီဘဏ်အနေဖြင့် SMEလုပ်ငန်းများအတွက်သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်ဘဏ်ချေးငွေရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။