အခြေခံလူတန်းစားများအတွက် အသေးစားချေးငွေများကူညီပေးမည်


24 April, 2018

အခြေခံလူမှုအသိုင်းအဝိုင်းအတွက် အသေးစားငွေကြေးထောက်ပံ့ပေးနိုင်ရေး Myanmar Finance International Limited (MFIL)က မြန်မာငွေ ကျပ် ရှစ်ဘီလျံ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုမြန်မာကျပ်ငွေ ၈ ဘီလျံတန်ဖိုးနှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၆ မီလျံတန်ဖိုးရှိ ဘဏ္ဍာရေးပံ့ပိုးမှု သဘောတူစာချုပ်ကို MFIL နှင့် ရိုးမဘဏ်အကြားချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ရိုးမဘဏ်မှတစ်ဆင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

MFIL သည် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အိမ်ထောင်စုပေါင်း ၅၄၀၀၀ နီးပါးကို စုစုပေါင်းချေးငွေတန်ဖိုး မြန်မာကျပ်ငွေ ၁၁ ဘီလျံကျော်ဖြင့် ငွေကြေးဝန်ဆောင်မှုပေးနေသော အသေးစားငွေချေးလုပ်ငန်း အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ဘဏ္ဍာရေးစနစ်သည် ပိုမိုပွင့်လင်းမြင်သာမှုရှိလာသည့်အပြင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ပိုမိုသက်သာသော ချေးငွေများကိုရရှိမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှု သဘောတူညီမှုအသစ်များနှင့်အတူ ခန့်မှန်းခြေ ငွေချေးယူသူ ၂၅၀၀၀ ကို ထပ်မံချေးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Agribusiness Finace Program မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တရားမဝင် ငွေချေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများမှ တစ်ဆင့် ငွေကြေးဝန်ဆောင်မှုများရယူမှုများစွာရှိနေရာ အသေးစားချေးငွေလုပ်ငန်းများအဖွဲ့အစည်းသို့ ရိုးမဘဏ်၏ ကူညီပံ့ပိုးပေးမှုသည် အသေးစားလုပ်ငန်းရှင် ၁၀၀၀၀ ကျော်နှင့် တောင်သူလယ်သမားများ ပါဝင်သော Client အသစ်များကို ငွေကြေးဝန်ဆောင်မှုအသစ်များ ပေးအပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Pyimyanmar

Banking & Loan Read 783 times