SME လုပ်ငန်းရှင်များအတွက် ကျပ်သိန်း၈၀၀ အထိ ထောက်ပံ့ပေးမည့် RBF အထောက်အပံ့


05 February, 2021

အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ (SMEs)အတွက် ဒိန်းမတ်အစိုးရဖွံ့ဖြိုးရေးအထောက်အပံ့ဖြစ်သောResponsible Business Fund (RBF) ပဉ္စမအကြိမ်မြှောက်အဆိုပြုလွှာများကို ပထမအဆင့်အနေဖြင့်လက်ခံနေပါသည်။

အဆိုပါအထောက်ပံ့မှုများအတွက် သတ်မှတ်ထားသောကဏ္ဍ (၆)ခုမှာ

စွမ်းအင်အလေအလွင့်လျှော့ချခြင်း၊

ရေသုံးစွဲမှုလျှော့ချခြင်း၊

စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချခြင်း၊

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်

စွန့်ပစ်ရေဆိုးသန့်စင်ခြင်းတို့ဖြစ်သည်။

RBF အနေဖြင့် စီမံကိန်းကုန်ကျစရိတ် ၃၀%၊ အများဆုံး မြန်မာကျပ်ငွေ သိန်း၈၀၀အထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Myanmar Eco Solutions အနေဖြင့် စွမ်းအင်အလေအလွင့်လျှော့ချခြင်း ကဏ္ဍအတွက် စီမံကိန်းများအား တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။

မန္တလေးတိုင်း မေမြို့ရှိ Greenland Coffee ခြံတွင် (၂၀ kW) ရှိ Solar Pump အား ဧက၄၀ ရေပေးဝေနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင်တပ်ဆင်ခဲ့ပါသည်။

၎င်းအပြင် မြန်မာနိုင်ငံ ပထမဆုံးသော ယာဉ်ရပ်နားစခန်း Solar Car Port (62 kW) ကို ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၁၅မိုင်ရှိ GR 8 စားသောက်ဆိုင်တွင်လည်းကောင်း၊ မွန်ပြန်နယ် ရေးမြို့ရှိ Star Light Resort Hotel တွင် (20 kW နှင့် ဘက်ထရီ 46 kWh) အားလည်းကောင်း RBF အထောက်အပံ့ဖြင့် ၂၀၂၀ ခုနှစ် မေလနှင့် ဇွန်လများတွင် အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပြီးဖြစ်ပါသည်။

စိတ်ပါဝင်စားသော SME လုပ်ငန်းရှင်များအနေဖြင့် Myanmar Eco Solutions သို့ဆက်သွယ်တိုင်ပင်နိုင်ပါသည်။

လျှောက်လွှာများတင်သွင်းရာတွင်လည်း လိုအပ်သောအကူအညီပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။

Myanmar Eco Solutions သို့ဆက်သွယ်ရန်ဖုန်းနံပါတ်များ -

၀၉ ၄၀၆ ၁၉၆ ၁၉၀

၀၉ ၄၀၆ ၁၉၆ ၁၉၁

စန္ဒီ - ၀၉ ၄၅၆ ၆၅၅ ၄၇၅

https://myanmarecosolutions.com/

Myanmar Eco Solutions

Investment/Divestment Read 591 times