ရန်ကုန်တိုင်းဒေကြီးအတွင်း SMEs စာရင်းကောက်ယူမှုကိုလာမည့်အောက်တိုဘာလတွင် စတင်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းSMEsစာရင်းကောက်ယူမှုကို လာမည့်အောက်တိုဘာလတွင် တောင်ဒဂုံမြိုနယ်မှစတင်မည်ဟု တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများထံမှ သိရှိရပါသည်။
SMEsလုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေးဆောင်ရွက်ရာမှာ တိုင်းပြည်နယ်များတွင် ကဏ္ဍအလိုက်ရှိနေသော လုပ်ငန်းအရေအတွက် အတိအကျသိရှိရန်အတွက် မြေပြင်စာရင်းကောက်ယူရန် လိုအပ်ကြောင်း တိုင်းဝန်ကြီးချုပ် မှ SMEs Forumတွင် ပြောဆိုထားပြီး လက်ရှိအကောင်အထည်ဖော်မှုများကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း အသေးစားအလတ်စား လုပ်ငန်းများ၏ စာရင်းအတိအကျကောက်ယူရာတွင် မြို့နယ်၄၅ခုကို အခြေပြုကောက်ယူမည်ဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် တောင်ဒဂုံတွင်ရှိသော စက်မှုလုပ်ငန်းများကို စတင်တော့မည်ဖြစ်ကြောင်းသိရသည်။
လုပ်ငန်းများ၏စာရင်းကောက်ယူရာတွင် ကွန်ပျူတာစနစ်ဖြင့် အသေးစိတ်အချက်အလက်များကို ကောက်ယူမည်ဖြစ်ပြီး နောက်ပိုင်းလုပ်ငန်းများ၏ချေးငွေ နှင့် လုပ်ငန်းငယ်များ၏ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် များစွာ အထောက်အကူဖြစ်ကြောင်းသိရသည်။
စက်မှုဝန်ကြီးဌာန တာဝန်ရှိသူများ၏ပြောဆိုမှုအရ တစ်နိုင်ငံလုံးအတိုင်းအတာတွင် SMEsလုပ်ငန်းပေါင်း၁သိန်း၂သောင်း အထိရှိနေပြီး အမှန်တကယ်ကောက်ယူထားသောစာရင်းရှိစက်မှုလုပ်ငန်းအရေအတွက်မှာ ၆သောင်းဝန်းကျင်ရှိသည်ဖြစ်ကြောင်းသိရသည်။