SMIDB က ခြောက်ဘီလျံကျော် ထပ်မံ ထုတ်ချေး ပေးနေ


24 August, 2017

အသေးစား အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB)က ဇူလိုင်လအတွင်းတွင် ၀န်ထမ်းများကို ထုတ်ချေးခဲ့သည့် ၀န်ထမ်းများကိုထုတ်ချေးခဲ့သည့် အတိုးနှုန်း ရာနှုန်းပြည့် လာဆပ်ကြသောကြောင့် ယခု သြဂုတ်လ ဒုတိယအပတ်မှ စပြီး ထပ်မံထုတ်ချေးရာတွင် ကျပ်ခြောက်ဘီလျံကျော် ထုတ်ချေးပြီး ဖြစ်ကြောင်း သိရသည်။

SMIDB ၏အမှုဆောင်အရာရှိချုပ်က ပြီးခဲ့သည့်လကချေးထားသည့် ၀န်ထမ်းများလာဆပ်ကြသည်။

ထို့ကြောင့် ယခုထပ်ပြီး ထုတ်ချေးခြင်း ခြောက်ဘီလျံကျော်နေပါပြီ ဖြစ်သည်ဟု ပြောကြားသည်။

SMIDB ကဇူလိုင်လအတွင်း အစိုးရဝန်ထမ်း ၂၀၀၀၀ ကျော်ကို ကျပ် ၁၀ ဘီလျံကျော် ထုတ်ချေးခဲ့ပြီး သတ်မှတ်ရက် အတွင်း ပြန်လည်ပေးချေခဲ့သောကြောင့် ယခုလ(သြဂုတ်) ဒုတိယအပတ်ထဲတွင် ပြန်လည် ထုတ်ချေး ပေးခဲ့ခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့်လကချေးယူထားသည့်ဝန်ထမ်းများသည်တစ်ရက်မှငါးရက်အတွင်းကိုအတိုးနှုန်းနှင့် ပြန်ဆပ်ရမည့် သတ်မှတ် ပမာဏအတိုင်းပြန်လည်ပေးဆပ်မှုများရှိသောကြောင့်ယခုလတွင် ဒုတိယအကြိမ် အနေဖြင့် ထုတ်ချေးသွားခြင်း ဖြစ်ကြောင်းလည်းသိရပါသည်။

ဇူလိုင်လမှစ၍ အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ် (SMIDB) ကအစိုးရဝန်ထမ်း ၂၀၀၀၀ ကျော် ကိုထုတ်ချေးခဲ့ခြငး်ဖြစ်ပါသည်။

ချေးယူလိုသူ၏ လစာသုံးဆထုတ်ချေးခဲ့ခြင်းဖြစ်ပါသည်။

ပြန်လည်ပေးဆပ်သည့်အခါတွင် ချေးယူမှုပမာဏ၏ ၈.၅ ရာခိုင်နှုနး်ခန့်သာ လစဉ်ပေးချေရမည်ဖြစ်ပါသည်။

အတိုးနှုန်းအနေဖြင့် တစ်ကျပ်နှုန်းသာ ကျသင့်မည်ဖြစ် ဖြစ်ပြီး ချေးယူထားသည့် ငွေပမာဏနှင့် အတိုးနှုန်းကို တစ်နှစ်အတွင်း ဘဏ်ကို ပြန်လည် ပေးချေရမည် ဖြစ်ပါသည်။

အသေးစား ၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ်(SMIDB) အနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ၀န်ကြီးဌာန ရုံးများမှ အဆင့်ဆင့် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ အားလုံးနှင့် တပ်မတော်ဘက်မှ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်က ၀န်ထမ်းများအားလုံးကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပါသည်။

ချေးငွေကိုလိုသလောက်ချေးပေးသွားမည်ဖြစ်သော်လည်း လစဉ်လတိုင်း ပထမ အပတ်နှင့် နောက်ဆုံး အပတ်ကို တော့ အတိုးနှုန်းတွက်သည့် လုပ်ငန်းဆောင်ရွက် ရသောကြောင့် ကြားထဲက နှစ်ပတ်တွင် ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း ပြောပါသည်။

အသေးစား၊ အလတ်စားနှင့် စက်မှုဖွ့ံဖြိုးရေါ်ဘဏ် (SMIDB) သည်မြန်မာနိုင်ငံလုံးတွင် ဘဏ်ပေါင်း ၁၉ ဘဏ်ရှိပါသည်။

Source:Kumudra journal

Banking & Loan Read 2761 times