လူတိုင်းသိသင့်တဲ့ လူမှုဖူလုံရေးကဒ်၏ အကျိုးခံစားခွင့်များ


11 June, 2018

မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမား၊ ဝန်ထမ်းနှင့် အလုပ်ရှင်များ၊ ၎င်းလုပ်ငန်းဌာနများရှိ အုပ်ချုပ်ရေးအရာရှများအတွက် လုပ်ငန်းခွင်က အလုပ်သမားများအတွက နိုင်ငံတော်ကစီစဉ်သတ်မှတ်ပေးထားသည့် လူမှုဖူလုံရေး ဥပဒေအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

လူမှုဖူလုံရေးအာမခံဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့မှာပြဌာန်းခဲ့ပြီး ၎င်းဥပဒေကို နိုင်ငံတော်သမ္မတမှ ကြေညာစာအမှတ်ဖြင့် လက်မှတ်ရေးထိုးသည့်အချိန်မှစ၍ အကျိုးသက်ရောက်ပါသည်။

လူမှုဖူလုံရေးရန်ပုံငွေအတွက် အလုပ်သမားများနှင့် အလုပ်ရှင်က လစာဝင်ငွေအပေါ်တွင် အချိုးကျတွက်ချက်ထားသည့် ငွေပမာဏကို လစဉ်မဖြစ်မနေ ထည့်ဝင်ပေးရပါသည်။

အစိုးရအနေဖြင့် လူမှုဖူလုံရေးအာမခံ မထားမနေရ လုပ်ငန်းဌာနများကို သတ်မှတ်အကြောင်းကြားထားပြီး အာမခံမထားမနေရ အလုပ်သမားတိုင်းသည် မိမိတို့ဝင်ငွေမှ လစဉ်ပေးဆောင်ရသည်။

လူမှုဖူလုံရေးအဓိကရည်ရွယ်ချက်သည် အလုပ်သမားတိုင်းအတွက် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု၊ မိသားစုထောက်ပံ့မှု၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ အခြားလူမှုဖူလုံရေးတို့အတွက် ဖြစ်ပါသည်။

ယနေ့လုပ်ငန်းဌာနတိုင်း၊ စက်ရုံ၊ အလုပ်ရုံတိုင်း အလုပ်သမားများအတွက် မထားမနေရ ထားနေရသည့် လူမှုဖူလုံရေးအာမခံတွင် လုပ်ငန်းဌာနများနှင့် အလုပ်သမားများ မိမိတို့လစဉ် ထည့်ဝင်နေရသည့် လူမှုဖူလုံရေး အာမခံငွေကို တာဝန်ကျေရုံပေးနေရခြင်းမဟုတ်သဖြင့် မိမိတို့ရရှိမည့် ထိုအာမခံအကျိုးကျေးဇူးများကိုလည်း ပြည့်ပြည့်၀၀ ရယူဖို့လိုအပ်ပါသည်။

လူမှုဖူလုံရေးကဒ်ကို ဘာမှသုံးစားလို့မရဘူး အလကားပါပဲဆိုပြီး သေချာသိမ်းဆည်းမထားပဲ အသုံးမချတက်လျှင် လူအဖြစ်သည်။

ကုမ္ပဏီတွေက အုပ်ချုပ်ရေးမန်နေဂျာတွေ၊ ငွေစာရင်းဌာနက ဘဏ္ဍာမှူးတွေ လူမှုဖူလုံရေးအာမခံအတွက် တာဝန်ယူလုပ်ဆောင်ပေးနေသူ ဝန်ထမ်းများသည်လည်း အစိုးရက မဖြစ်မနေလုပ်ခိုင်းလို့ ငွေသွင်းခိုင်းလို့ဆိုပြီး အာမခံကဒ်လုပ်ပေးရုံ အာမခံငွေပေးသွင်းရုံလောက်သာ ဝတ်ကျေတန်းကျေသဘောမထားသင့်ပါ။

အလုပ်သမားတိုင်း မိမိတို့အတွက် ကုမ္ပဏီက လူမှုဖူလုံရေးအာမခံထားပြီး ငွေသွင်းနေရလျှင် မိမိတို့၏ လူမှုဖူလုံရေးကဒ်ကို ရအောင်တောင်းရမည်။

ကုမ္ပဏီကတာဝန်ရှိသူများသည် သက်ဆိုင်ရာလူမှုဖူလုံရေးရုံးမှ အာမခံထားပြီးသော မိမိအလုပ်သမားများ၏ ကဒ်ကို ရအောင်ယူ၍ အလုပ်သမားများထံကို သေချာစွာအပ်နှံပေးရမည်။

ထိုကဒ်သည် အလုပ်သမားက အလုပ်ထွက်သွားလျှင် သို့မဟုတ် အလုပ်ပြောင်းသွားလျှင် ယူသွားရမည့်ကဒ်ဖြစ်ပြီး နောက်အလုပ်ဌာနသစ်ကိုရောက်သွားလျှင် ထိုကဒ်အမှတ်ကို လူမှုဖူလုံရေးလျှောက်လွှာတွင် ဖော်ပြပေးရမည်ဖြစ်သောကြောင့်ဖြစ်သည်။မိမိကဒ်သည် မိမိငွေသွင်းခဲ့သော လပေါင်းများစွာကို ရေတွက်ထားသောကြောင့်ဖြစ်သည်။

ယခုအခါ လူမှုဖူလုံရေးအာမခံကဒ်များကို SMART CARD များဖြင့်ပြုလုပ်ပေးထားပါသည်။ ထိုကဒ်သည် အာမခံထားသူအတွက် မှတ်ပုံတင်ကဲ့သို့အသုံးဝင်ပြီး ဘဝအာမခံချက်ပေးသော အလုပ်သမားများ၏ သက်သေခံကဒ်လည်းဖြစ်သည်။

လူမှုဖူလုံရေးအာမခံကဒ်လုပ်ထားသူသည် မကျန်းမာ၍ ဆေးကုချင်လျှင် မိမိအတွက်သတ်မှတ်ပေးထားသည့် ဆေးခန်းတွင် အခမဲ့ဆေးကုသခွင်းရရှိသည်။ ထိုဆေးခန်းများသည် အစိုးရရုံးပိတ်ရက်ပိတ်သဖြင့် အာမခံထားသူအနေဖြင့် ၎င်းနေ့များတွင် အရေးပေါ်အခြေအနေအရ ဆေးရုံတက်ရပါက မိမိတို့တက်ရောက်သည့်ဆေးရုံမှဆေးစာများဖြင့် လူမှုဖူလုံရေးဆေးခန်းဖွင့်သည့်နေ့တွင် သွားရောက်ပြသကာ ဆေးကုသစရိတ်တောင်းခံနိုင်ပါသည်။

အာမခံထားသူသည် မကျန်းမမာဖြစ်သည့်နေ့မှရှေ့ပိုင်း ၆ လအတွင်း လက်ရှိလုပ်ငန်းဌာနတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး အာမခံကြေး ၄ လ စာ ပေးသွင်းထားပြီးဖြစ်ရမည်။

အာမခံထားသူ အလုပ်သမားသည် ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့သည့်အခါ ဆေးခွင့်ယူထားစဉ် အလုပ်ရှင်မှ လစာမပေးသောကြောင့် ဝင်ငွေမရှိသောအခါ ပျမ်းမျှလစာ၏ ငွေ ၆၀% ကို ၂၆ ပတ်(၆ လစာ) အထိ လူမှုဖူလုံရေးဌာနသို့တင်ပြတောင်းဆို ခံစားခွင့်ရှိသည်။

ဆေးစာများတင်ပြရမည်ဖြစ်ပြီး ဆေးစစ်ချက်များနှင့်လူမှု့ဖူလုံရေးဆေးခန်း ဆေးရုံ ဆရာဝန် ဆေးစစ်ချက်များပါရမည်ဖြစ်သည်။

အာမခံထားသူ အမျိးသမီးများ မီးဖွားပါက ဆေးခွင့်အတွက် လစာငွေ၏ ၇၀% ခံစားခွင့်ရမည်ဖြစ်ပြီး ဆေးကုသမှု မီးဖွားစရိတ် အနေဖြင့် မိမိလစာ၏ ငွေ ၅၀ % ရမည်ဖြစ်သည်။

ကလေးအမွှာ ၂ ယောက်မွေးပါက ၇၅ % ရမည်ဖြစ်ပြီး အမွှာ ၃ ယောက်အထက်မွေးပါက မိမိလစာပျှမ်းမျှ လစာ ၁၀၀ % အပြည့်ကို မီးဖွားစရိတ်အနေဖြင့်ရမည်ဖြစ်သည်။

ထိုစရိတ်ငွေသည် ကုမ္ပဏီနှင့်မသက်ဆိုင်၊ အာမခံထားသူအတွက် သီးသန့်စရိတ်ဖြစ်သည်။

အာမခံထားသူ အလုပ်သမား အမျိးသားသည် မိမိ၏ ဇနီး မီးဖွားရင် ခွင့် ၁၅ ရက်ယူနိုင်သလို ထို ၁၅ ရက်စာအတွက် အကျိုးခံစားခွင့်ငွေ တောင်းခံနိုင်သည်။

သို့သော် ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းက မိမိတို့အားသတ်မှတ်ပေးထားသော လူမှုဖူလုံရေးဆေးခန်းကို ပြသပြီး သူတို့စီစဉ်ပေးသည့်အတိုင်းလိုက်နာရမည်ဖြစ်သည်။

မီးဖွားခြင်း၊ ကလေးစောင့်ရှောက်မှုများလည်း အခမဲ့ရသည်။

ထိုအကျိုး ခံစားခွင့်ကို အလုပ်သမားက မိမိရပိုင်ခွင့်ဖြစ်သလို သက်ဆိုင်ရာ ကုမ္ပဏီမှတာဝန်ယူထားရသူများကိုယ်တိုင်က မိမိအလုပ်သမားများအတွက် ထိထိရောက်ရောက် တင်ပြတောင်းဆိုပေးရမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး အာမခံ ဥပဒေ အာဏာသက်ရောက်သည့်နေ့မှ စတင်၍ ထိုဥပဒေပြဌာန်းချက်နှင့်အညီ အာမခံကြေး ပေးသွင်းသူများသည် အလုပ်မလုပ်နိုင်တော့သည့် အာမခံထားသော အလုပ်သမားများအတွက် အသက်ပြည့် အငြိမ်းစားခံစားခွင့်အနေဖြင့် အာမခံကြေးငွေကို ၂၀၁၂ ခု ဥပဒေအရ စတင်ပေးသွင်းထားခဲ့စဉ်မှသည် နောက်ဆုံးအချိန်ထိ လပေါင်း ၁၈၀ (၁၅ နှစ်) စာ ပေးသွင်းထားပီးဖြစ်ပါက အလုပ်သမား၏ ပျှမ်းမျှ လစာ တစ်လစာ၏ ၁၅ ဆ ကို တစ်လုံးတစ်ခဲတည်းရယူခွင့်ရမည်ဖြစ်သည်။

၁၂ လ မှ လပေါင်း ၁၈၀ အတွင်း သွင်းထားပီးသူသည် အလုပ်ရှင်မှသွင်းပေးထားငွေ ၏ ၄၀ % နှင့် အလုပ်သမားသွင်းငွေကို အတိုးနှင့် ပြန်ရမည်ဖြစ်ပြီး ၁၂ လ အောက် အာမခံငွေပေးသွင်းထားရင် ပေးသွင်းထားငွေအားလုံးပြန်ထုတ်ယူခွင့် ရှိသည်။

အာမခံထားသူသည် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိကြောင်းဆေးစာနှင့် အစိုးရက သတ်မှတ်ထားသော အငြိမ်းစားသက်ပြည့် အရွယ်ဖြစ်ကြောင်အထောက်အထားတင်ပြရမည်။

လူမှုဖူလုံရေး အာမခံထားပြီးသော အလုပ်သမားတိုင်း၊ အလုပ်ရှင်တိုင်းအာမခံကြေးများလစဉ် လတိုင်းပေးသွင်းရသလို ရပိုင်ခွင့်အကျိုးများကိုလည်း ပြန်လည်တောင်းခံရမည်ဖြစ်သည်။

လူမှုဖူလုံရေးအာမခံလုပ်ထားပါက အလုပ်သမားနောင်ရေး နှင့် ကျန်းမာရေးအတွက် စိတ်အေးနိုင်မည်ဖြစ်သည်။

အရေးကြီးဆုံးကတော့ လူမှုဖူလုံရေးအာမခံကဒ် ရအောင်တောင်းပါ။ သေချာကိုင်ဆောင်ထားပါ။ အခွင့်အရေး အပြည့်အသုံးချပါ။မှတ်ပုံတင်လိုပဲ အရေးပါသောအရာတစ်ခုဖြစ်သည်။

၂၀၁၂ လူမှုဖူလုံရေး အာမခံဥပဒေအရ အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ခဲ့ရလျှင် သင်သူဌေး ဖြစ်နေရင်တောင် လစာဝင်ငွေက ဒေါ်လာ ရာ ထောင်ချီရနေတာဆိုရင် ပြန်ရမယ့် ပမာဏကလည်း အများကြီးဖြစ်ပါသည်။

လူမှုဖူလုံရေးအာမခံကဒ်ကိုင်ထားပြီး ၁၅ နှစ်စာသွင်းထားခဲ့တဲ့ အာမခံ ငွေတွေကို အနိမ့်ဆုံး

ပျှမ်းမျှ လစာက ဒေါ်လာ ၁၀၀ ဖြစ်နေခဲ့ရင်တောင် ၁၅ ဆ ဒေါ်လာ ၁၅၀၀ ပမာဏရရှိမည်ဖြစ်ပါသည်။

 Ko Phone Kyaw

Tips Read 5101 times