အလုပ်သမားlလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာလက်အောက်ရှိလူမှုလုံရေးအဖွဲ့တွင် လူမှုဖူလုံရေးlအာမခံအလုပ်သမားအဖြစ်အဖွဲ့ဝင်ထားသူများအနေဖြင့် Covid-19 ရောဂါနှင့်စပ်လျဥ်း၍ Quarantine ဝင်ရောက်ရပါကသက်ဆိုင်မြို့နယ်များတွင်ရှိသည့် လူမှုဖူလုံရေးအဖွဲ့ထံကျန်းမာရေးထောက်ပံ့စရိတ်တောင်းခံနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှလက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးရဲ့ ပြောကြားချက်အရ သိရသည်။
"လူမှုဖူလုံရေးlအာမခံအလုပ်သမားများအနေနဲ့Covid ရောဂါနဲ့ပတ်သက်ပြီးသက်ဆိုင်ရာညွှန်ကြားချက်နဲ့Quarantine ဝင်ရပါကညွှန်ကြားစာအထောက်အထားကိုပြပြီးလူမှုဖူလုံရေးအဖွဲ့ထံကျန်းမာရေးထောက်ပံ့စရိတ်တောင်းခံနိုင်ပြီးအမိန့်ကြော်ငြာစာအမှတ်၁၁/၂၀၂၀နဲ့အလုပ်သမားlလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကနေတရားဝင်စာထွက်ပြီးဖြစ်ပါတယ်။ သတ်မှတ်ချက်အနေနဲ့အာမခံထည့်ဝင်ကြေးကိုမှတ်ပုံတင်ကာလ(၆)လနဲ့ထည့်ဝင်ကြေးကာလ(၄)လရှိဖို့တော့လိုပါမယ်။ သတ်မှတ်ချက်ပြည့်မီရင်လစာရဲ့ပျမ်းမျှ( ၆၀ )ရာခိုင်နှုန်းကိုကျန်းမာရေးထောက်ပံ့ငွေအဖြစ်ပြန်လည်ရရှိမှာဖြစ်ပါတယ် " လို့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးးက ပြောကြားခဲ့သည်။
Myanmar Industry Guide