သမားရိုးကျမှ ခွဲထွက်၍ ပို၍ကောင်းမွန်သည့် Solar Dryer Domes ဖြင့် အခြောက်ခံခြင်း


05 February, 2021

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် တောင်သူများအတွက် နေလှန်းခြင်းမှာ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ မိမိအခြောက်ခံလိုသည့် ဟင်သီးဟင်းရွက်ဖြစ်စေ၊ သစ်သီးဝလံဖြစ်စေ၊ ကောက်ပဲသီးနှံဖြစ်စေ အခြားသော ထုတ်ကုန်များကိုလည်း နေလှန်းရာတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်းများရှိနိုင်သကဲ့သို့ အမှိုက်သရိုက် ပိုးမွှာများလည်း မမျှော်လင့်ပဲဝင်ရောက်လာနိုင်ပါသည်။

ထို့ကြောင့် မိမိ၏ ထုတ်ကုန်၊ စိုက်ပျိုးသီးနှံများကို တန်ဖိုးမြင့်၊ စနစ်တကျနှင့် သန့်ရှင်းစွာ ထုတ်လုပ်နိုင်ရန်၊ ရာသီဥတုကြောင့် အခြောက်ခံလုပ်ငန်းစဉ်တွင် ပျက်စီးခြင်းမရှိအောင် အလေအလွင့်နည်းစေရန်နှင့် လျှပ်စစ်နှင့် အခြားစွမ်းအင်ကုန်ကျစရိတ်များလျှော့ချနိုင်စေရန်အတွက် Solar Dryer Domes ဖြင့် အခြောက်ခံနိုင်ပါသည်။

သမားရိုးကျ နေရောင်တွင် အခြောက်ခံခြင်းနှင့် Solar Dryer Domes ဖြင့် အခြောက်ခံခြင်းတွင် ကွဲပြားမှုများရှိပြီး အကျိုးရလဒ်များ ကွာခြားစေပါသည်။

သမားရိုးကျနေရောင်တွင် အခြောက်ခံခြင်း၏ စိန်ခေါ်မှုများ
***********
• အခြောက်ခံလုပ်ငန်းစဉ်အတွင်း အခြောက်ခံ ကုန်ပစ္စည်း၏ ၄၀% ကျော် ဆုံးရှုံးနိုင်ခြင်း၊
• အခြောက်ခံကုန်ပစ္စည်း၏ အရောင်နှင့် အဟာရဓာတ်များ သိသာစွာ ပြောင်းလဲခြင်း၊
• လေ၊ မိုး၊ ဆီးနှင်း စသည့် ရာသီဥတုဒဏ် ခံနိုင်ခြင်း၊
• ဖုန်၊ သဲ၊ တိရစ္ဆာန်အညစ်အကြေးများ ပါဝင်နိုင်ခြင်းကြောင့် ကျန်းမာရေး၊ သန့်ရှင်းမှု စံနှုန်းများနှင့် မကိုက်ညီခြင်း၊ စသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ရတက်ပါသည်။

Solar Dryer Dome အသုံးပြုခြင်း၏ အကျိုးရလဒ်များ
*************
• ခြောက်သည့်အချိန် တစ်ဝက်လျှော့ချနိုင်ခြင်း၊
• ပျက်စီးခြင်း အလေအလွင့်မရှိခြင်းကြောင့် ထုတ်ကုန်မြင့်မားခြင်း၊
• နိုင်ငံတကာမှ သတ်မှတ်ထားသော ကျန်းမာရေးနှင့် ညီညွှတ်သည့် သန့်ရှင်းမှုစံနှုန်းများနှင့် ကိုက်ညီခြင်း၊
• ဖုန်၊ မှို၊ အခြားသော အညစ်အကြေးများ မပါဝင်ခြင်း၊
• ဖောက်ပြန်သော မမျှော်မှန်းနိုင်သည့် ရာသီဥတုကြောင့် ပျက်ဆီးဆုံးရှုံးမှုမရှိခြင်း
• အရောင်၊ အရသာ၊ အသွင်အပြင် ပိုမိုကောင်းမွန်ခြင်းကြောင့် အရည်အသွေး ပိုမိုကောင်းမွန်သော ထုတ်ကုန်ထုတ်လုပ်နိုင်ခြင်း၊
• အခြောက်ခံလုပ်ငန်းစဉ်အတွင်း ထုတ်ကုန်၏ အရေးပါသော အဟာရဓာတ်များ ဆုံးရှုံးမှုကို ထိန်းထားနိုင်ခြင်း၊
• တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်နိုင်ခြင်း၊
• အခြောက်ခံလုပ်ငန်းစဉ်အတွင်း လျှပ်စစ်နှင့် အခြားစွမ်းအင်ကုန်ကျစရိတ်များ မရှိခြင်း စသည် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

နေလှန်းခြင်း၊ လျှပ်စစ် Oven တွင် အခြောက်ခံခြင်း၊ Solar Dryer တွင် အခြောက်ခံခြင်း အခြောက်ခံကာလ နှိုင်းယှဉ်ချက်
*********************

အခြောက်ခံသည့်ကုန်ပစ္စည်း

ရေငွေ့ပါဝင်သည့် ပမာဏ

အခြောက်ခံကာလ

အခြောက်မခံမီ (%)

အခြောက်ခံပြီး (%)

နေရောင်တွင် လှမ်းခြင်း

လျှပ်စစ် Oven တွင် အခြောက်ခံခြင်း

Solar Dryer တွင် အခြောက်ခံခြင်း

ငှက်ပျောသီး

၇၀-၈၀

၇-၁၅

၇-၁၀ ရက်

၂ ရက်

၃-၄ ရက်

ငရုတ်သီး

၇၅-၈၀

၅-၈

၇-၁၀ ရက်

၁ ရက်

၃-၄ ရက်

ခရမ်းချဉ်သီး

၇၀-၈၀

၁၀-၁၁

၁၀-၁၅ ရက်

၁ ရက်

၃-၄ ရက်

သရက်သီး

၈၀-၈၅

၁၀-၁၁

၇-၁၀ ရက်

၄ ရက်

၃ ရက်

ချင်း

၈၅-၉၀

၁၀-၁၂

၃ ရက်

ဝ.၅ ရက်

၁.၅ ရက်

နနွင်း

၈၅-၉၀

၁၀-၁၂

၃ ရက်

ဝ.၅ ရက်

၁.၅ ရက်

ရရှိနိုင်သော အရွယ်အစားနှင့် အခြောက်ခံနိုင်သည့် ပမာဏ
******************

အမျိုးအစား

အသေး

အလတ်

အကြီး

Jumbo

အများဆုံး အသုံးပြုနိုင်သည့် ပမာဏ (ပိဿာ)

၂၀၀

၃၅၀

၆၀၀

၈၀၀

အကျယ် (ပေ)

၂၆

၂၆

၂၆

၂၆

အရှည် (ပေ)

၂၀

၃၉

၆၆

၈၉

အခြောက်ခံနိုင်သော ထုတ်ကုန်များ
********************
• ဟင်းသီးဟင်းရွက်များ - ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဒန့်သလွန်၊ ချင်း၊ နနွင်း၊ မုန်လာဥ ဖြူ/နီ၊ ကြက်သွန် နီ/ဖြူ
• သစ်သီးဝလံများ - ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ ဇီးသီး၊ သင်္ဘောသီး၊ နဂါးမောက်သီး၊ စပျစ်သီး၊
• ကောက်ပဲသီးနှံများ - လက်ဖက်နှင့် ဆေးဖက်ဝင်အပင်များ၊ ကော်ဖီ၊ ငရုတ်ကောင်း၊ မျှစ်၊ ဝဥ၊ ကြက်ဟင်းခါးသီး၊ လေးညှင်းပွင့်၊
• အခြားသော ထုတ်ကုန်များ - ငါး၊ ပုဇွန်၊ တို့ဖူးခြောက်၊ ထမင်းကွက်ကြော်၊ အော်ဂနစ်မြေသြဇာ၊ ငါးမုန့်ခြောက်၊ ကြာဆံ/ ခေါက်ဆွဲခြောက်

စသည့်ထုတ်ကုန်များကို အခြောက်ခံနိုင်ပါသည်။

Food Industry Investment/Divestment Read 838 times