နိုင်ငံတကာတွင် ဆိုလာစွမ်းအင်သုံးစွဲမှုမြင့်တက်လာ


19 January, 2018

တရုတ်တွင် ယမန်နှစ်က ဆိုလာစွမ်းအင်တပ်ဆင်သုံးစွဲမှု မြင့်တက်လာခဲဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာအတွက် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို စံချိန်တင်မြင့်တက်စေခဲ့ကြောင်း Bloomberg စွမ်းအင်သုတေသနက ဇန်နဝါရီ ၁၆

ရက်တွင် ဖော်ပြခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် ကျဆင်းခဲ့ပြီးနောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က ဒေါ်လာ ၃၃၃ ဒသမ ၅ ဘီလျံအထိ သုံးရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Bloomberg New Energy Finance (BNEF) လေ့လာမှုက တွေ့ရှိခဲ့ပါသည်။

ဂျပန်၊ ဂျာမနီနှင့် ဗြိတိန်တို့တွင် ဆိုလာစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုကျဆင်းခဲ့သော်လည်း တရုတ်တွင် ဆိုလာစွမ်းအင်သုံးစွဲမှုက ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း Bloomberg ၏လေ့လာမှုကတွေ့ရှိခဲ့ပါသည်။

တစ်မဂ္ဂါ၀ပ်အတွက် ရင်းနှီးမြှုပ်နှံမှုစရိတ်သည် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း ဆိုလာစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁၆၀ ဒသမ ၈ ဘီလျံအထိရှိခဲ့ပြီး ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

တရုတ်က တစ်ကမ္ဘာလုံးတွင် ရင်းနှီးမြှုပ်နှံမှု၏ ထက်ဝန့်ခန့်ကို ရင်းနှီးခဲ့ပြီး ဒေါ်လာ ၈၆ ဒသမ ၅ ဘီလျံရင်းနှီးမြှုပ်နှံခဲ့သည်။

တရုတ်သည် ၂၀၁၇ ခုနှစ်တွင် ဆိုလာစွမ်းအင် ၂၀ ဂီဂ္ဂါ၀ပ်ဆန့်တပ်ဆင်ခဲ့ကြောင်း BNEF ၏အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဌ တစ်ဦးကပြောကြားခဲ့ပါသည်။

သို့သော်လည်း နေစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဒေါ်လာ ၁၀၇ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမှုရှိခဲ့သည်။

နေနှင့် လေစွမ်းအင်တို့သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၌ ထိပ်တန်းမှရှိနေခဲ့ပြီး ရေအားလျှပ်စစ်၊ ဇီဝစွမ်းအင်ကဲ့သို့သော ကဏ္ဍများသည် ယမန်နှစ်က ဒေါ်လာငါးဘီလျံအောက်သာ ရင်းနှီးမြှုပ်နှံမှုရှိခဲ့သည်။

အမေရိကန်သည် ယမန်နှစ်က ဆိုလာစွမ်းအင်အတွက် ဒေါ်လာ ၅၆ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ပြီး ယမန်တစ်နှစ်ကထက် တစ်ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

အချို့နိုင်ငံများတွင် ဆိုလာစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုသည် နှစ်စကျော်တိုးတက်ခဲ့ပြီး ဆွီဒင်တွင် ဒေါ်လာလေးဘီလျံနှင့် သြစတြေးလျတွင် ဒေါ်လာကိုးဘီလျံအထိ မြင့်တက်ခဲ့သည်။

အီဂျစ်တွင် ဆိုလာစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုသည် ၄၉၅ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး ဒေါ်လာ ၂ ဒသမ ၆ ဘီလျံအထိရှိခဲ့သည်။

ဥရောပတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုသည် ဂျာမနီတွင် ၂၆ ရာခိုင်နှုန်းနှင့် ဗြိတိန်တွင် ၅၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဒေါ်လာ ၅၇ ဒမ ၄ ဘီလျံရှိခဲ့ပြီး ဂျပန်တွင်မူ ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

Global News Read 696 times