ပြည်တွင်းဘဏ်များအနေဖြင့် ဘဏ်ငွေစာရင်းထိန်းသိမ်း ခ ကောက်ယူခွင့်ရှိပြီး ဧရာဝတီဘဏ်၊ ပလာဇာ ဘဏ်ခွဲတွင် အပ်ငွေစာရင်းများကို၂၀၂၁ ဇန်နဝါရီ ၁ ရက်ကစတင် ပြီး လစဉ်ထိန်းသိမ်းခ ကောက်ခံ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ထိုကြေညာချက်တွင် စာရင်းသေအပ်ငွေများ မပါ ဝင်ဘဲ ကျန်ဘဏ်စာရင်းများကို လစဉ်ထိန်းသိမ်းခ ၅၀၀ ကျပ်ကို လစဉ် System မှ အလိုအ လျောက်ဖြတ်မည်ဟု ပါရှိပြီး ဘဏ်စာရင်းအသစ်ဖွင့်ပြီး နောက် တစ်လတွင် ထိန်းသိမ်းခကို ကောက်ခံမည်ဟုလည်း ပါရှိသည်။
အပ်ငွေများအတွက် ၂၀၂၁နှစ်ဆန်းကစတင်ပြီး လစဉ်စာရင်းထိန်းသိမ်းခ ကောက်ခံမည်ဖြစ် ကြောင်း ပြည်တွင်းဘဏ်အချို့က ယခုရက်ပိုင်းတွင် စတင်ကြေညာ ထားပြီး ဘဏ်အချို့က ကောက်ခံရန် စီစဉ်လျက်ရှိသည်။
ဘဏ်စာရင်းထိန်းသိမ်းခ ကောက်ခြင်းသည် နိုင်ငံတကာတွင်လည်းကောက်ခံလေ့ရှိပြီးအသုံးမပြုသည့် ဘဏ်စာရင်းများတွင် ထိန်းသိမ်းခနုတ်ရင်း အကောင့်ပိတ်သိမ်းသွား ရန်လည်းဖြစ်သည်။
စာရင်းထိန်းခကောက်ခံ ခြင်းသည့် ငွေကြေးအမြောက်အ မြားအပ်နှံသူများအတွက် အခက်အခဲမရှိသော်လည်း ငွေသောင်း ဂဏန်းသာ စုဆောင်းသူများအတွက် စာရင်းထိန်းသိမ်းခကပိုကုန်ကျမည်ကာ ယင်းကဲ့သို့ငွေကြေးအနည်းငယ်သာ စုဆောင်းသူများအတွက်လည်း ဘဏ်ထိန်းသိမ်းခဝန်မပိစေရန် ဗဟိုဘဏ်မှ ပြည်တွင်းဘဏ်များကိုတိုက်တွန်းသွားမည်ဖြစ်ကြောင်းသိရသည်။