အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနှင့် အဆင်းရဲဆုံး နိုင်ငံများ(
စင်ကာပူ
စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အချမ်းသာဆုံးဖြစ်ကြောင်း GDP ညွှန်းကိန်းများအရ သိရပါသည်။
စင်ကာပူနိုင်ငံသည် စီးပွားရေးစျေးကွက်အတွင်း ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်လာပြီး ယခုဆိုလျှင် နိုင်ငံတကာ စီးပွားရေးရပ်တည်မှု၏ ထိပ်ပိုင်းကိုပင် ရောက်ရှိလာပြီဖြစ်သည်။
စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ်စားမှု အနည်းဆုံးသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများစတင်လုပ်ကိုင်ရန်အတွက် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။
မပြောပလောက်သော လာဘ်စားမှု၊ အခြေခံအဆောက်အအုံများစွာရှိခြင်းနှင့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခြင်း၊ ကျွမ်းကျင်လုပ်သားများပြားခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများက စင်ကာပူနိုင်ငံအတွင်း အမြဲမပျက်ရှိခြင်းနှင့် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်း ရ၀၀ ကျော်လာရောက် လုပ်ကိုင်လျက်ရှိပါသည်။
စင်ကာပူနိုင်ငံသားမဟုတ်သော အလုပ်သမား ၄၄ရာခိုင်နှုန်းခန့်ရှိပြီး ထိုအလုပ်သမားများသည် အခွန်ငွေအနည်းငယ်သာပေးဆောင်ရခြင်းကြောင့် လာရောက်လုပ်ကိုင်သောသူအများအပြား ရှိနေပါသည်။
စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် မီလီယံနာ အများဆုံးရှိရာ နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။
ဘရူနိုင်း
ဘရူနိုင်းနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ဘော်နီရိုကျွန်း၏ မြောက်ဖက်ကမ်းရိုးတန်းတွင် တည်ရှိပါသည်။
ဘရူနိုင်းနိုင်ငံ အရှေ့တောင်အာရှ၏ ဒုတိယအချမ်းသာဆုံးနိုင်ငံရပ်တည်နေကြောင်း GDP ညွှန်းကိန်းများအရ သိရပါသည်။
ဘရူနိုင်းနိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော GDP ညွှန်းကိန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းအပေါ်သို့ မှီခိုလျက်ရှိပါသည်။
ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများမှ တစ်ဆင့်လည်း နိုင်ငံ၏ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိပါသည်။
ဘရူနိုင်းနိုင်ငံ၏ GDP ညွှန်းကိန်းရာခိုင်နှုန်းများမှာ စိုက်ပျိုး၊မွေးမြူရေး မှ ၀.၇ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းများမှ ရ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများမှ ၂၆ ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။
ဘရူနိုင်းနိုင်ငံသည် အစားအသောက်လိုအပ်ချက်အတွက် သွင်းကုန်များပေါ်တွင်မှီခိုနေရပြီး နိုင်ငံ၏ စက်မှုကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ဂျပန်၊ တောင်ကိုရီးယား၊ သြဇီ၊ အိန္တိယနှင့် နယူးဇီလန်တို့သည် ဘရူနိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံများ ဖြစ်ကြပါသည်။
မလေးရှား
မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် တတိယအချမ်းသာဆုံးဖြစ်ကြောင်း GDP ညွှန်းကိန်းများအရ သိရပါသည်။
နိုင်ငံ၏ စက်မှုကဏ္ဍ စျေးကွက်စီးပွားရေးဆိုင်ရာ မူဝါဒပြောင်းလဲမှုသည် လုံလောက်သော ပြောင်းလဲမှုများကို ဖြစ်စေပါသည်။
လွန်ခဲ့သော ၂၀၁၄-၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ GDP ညွှန်းကိန်းသည် အဆင့် ၂၀၌သာရပ်တည်ခဲ့ကြောင်း သိရပါသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးဆိုင်ရာတိုးတက်မှုနှုန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် အလျင်မြန်ဆုံးဖြစ်ပြီး နိိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ပန်းတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေပါသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးအပေါ်များစွာမှီခိုခဲ့သော်လည်း နိုင်ငံဝင်ငွေ၏ ရ ဒသအ ၁ ရာခိုင်နှုန်းသာ ရရှိခဲ့ပါသည်။
စက်မှုလုပ်ငန်းများမှ ၃၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုလုပ်ငန်းများမှ အများဆုံးအဖြစ် ၅၆ ဒသမ ၂ ရာခိုင်နှုန်းအသီးသီး ရှိကြပါသည်။
မလေးရှားနိုင်ငံ၏ အဓိကပို့ကုန်များမှာ စားအုန်းဆီ၊ သဘာဝဓာတ်ငွေ့၊ ရော်ဘာ၊ စက်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ ဖြစ်ကြပါသည်။
မြန်မာ
မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှနိုင်ငံများထဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါသည်။
နိုင်ငံ၏ စီးပွားရေးသည် ဆယ်စုနှစ်တစ်စုခန့် ရပ်တန့်နေခဲ့သောသော်လည်း ယခု အစိုးရလက်ထပ်တွင် ကောင်းမွန်သော စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများ စတင်နေပြီဖြစ်သည်။
၂၀၁၂ ခုနှစ်လောက်အထိ အခြေခံအဆောက်အအုံနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုများကြောင့် နိုင်ငံတွင် အလုပ်လက်မဲ့မှုနှုန်းသည် လူဦးရေ၏ ၃၇ ရာခိုင်နှုန်းကျော်ရှိပြီး ၂၇ ရာခိုင်နှုန်းကျော်သည် ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရပါသည်။
နိုင်ငံ၏ GDP ရ၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမွေးမြူရေးမှဖြစ်ပြီး စက်မှုလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများကတော့ ၈ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်း အသီးသီး ရှိကြပါသည်။
မြန်မာနိုင်ငံ၏ ကူညီထောက်ပံ့ငွေသည် နိုင်ငံတကာတွင် အနည်းဆုံးဖြစ်ပြီး ၄ ဒေါ်လာခန့်သာရှိပါသည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံသည် ဒုတိယမြောက်ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဖြစ် ရပ်တည်နေပါသည်။
လွန်ခဲ့သောနှစ်အနည်းက ဖွံ့ဖြိုးမှုအနောက်ကျဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့ရာမှ အလည်အလတ်နိုင်ငံအဖြစ်သို့ ၂၀၁၆ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့ပါသည်။
စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများမှာ GDP ညွှန်းကိန်းများမှာ ၃၄ ဒသမ ရရာခိုင်နှုန်း၊ ၂၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၄၁ ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။
လွန်ခဲ့သော ၂၀၁၂ ခုနှစ်ခန့်က ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေ ၁၈ ဒသမ ၆ ရာခိုင်နှုန်းခဲ့သည် ဆင်းရဲချို့တဲ့စွာနေထိုင်ကြရပြီး အလုပ်လက်မဲ့ဦးရေကတော့ ၃ ဒသမ ၅ ရာခိုင်နှုန်းကျော်ရှိခဲ့ပါသည်။
အရှေ့တီမော
အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံးတွင် တတိယနေရာမှာတော့ အရှေ့တီမောကရပ်တည်နေကြောင်း သိရပါသည်။
လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အလုပ်လက်မဲ့ဖြစ်နေပြီး ၄၉ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် ဆင်းရဲချို့တဲ့စွာနေထိုင်လျက်ရှိပြီး လူဦးရေရဲ့ စာပေမတတ်မြောက်မှုနှုန်းကတော့ လူဦးရေ၏ တစ်ဝက်ကျော်ခန့်ရှိကြောင်း သိရပါသည်။
ထိုကဲ့သို့ဖြစ်ရသော အကြောင်းတရားများထဲမှ အရေးကြီးဆုံးသောအချက်ကတော့ အင်ဒိုနီးရှားနိုင်ငံအတွင်းမှ ခွဲထွက်ခဲ့တာကြောင့် ဖြစ်ကြောင်းသိရပါသည်။
နိုင်ငံရဲ့တင်ပို့ကုန်တွေကတော့ ဆပ်ပြာထုတ်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများနှင့် ပုံနှိပ်ခြင်းလုပ်ငန်းများဖြစ်ပြီး နိုင်ငံရဲ့ အဓိကစက်မှုထုတ်ကုန်များကတော့ စကျင်ကျောက်၊ ကော်ဖီ၊ စန္ဒကူး တို့ပဲဖြစ်ပါသည်။