တောင်ကိုရီးယားမှ မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်မည်


05 June, 2018

တောင်ကိုရီးယားနိုင်ငံရှိ အဝတ်အထည်ထုတ်လုပ်သည့်လုပ်ငန်းဖြစ်သော HANSAE ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် စက်ရုံတည်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

အဆိုပါကုမ္ပဏီမှ နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော Nike နှင့် Gap စသည်တို့အတွက် အဝတ်အထည်များထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း၊ HANSAE ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင်လည်း လည်ပတ်နေသည့်စက်ရုံရှိပြီးဖြစ်သော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် စက်ရုံများစတင်တည်ဆောင်နိုင်ရန်လုပ်ဆောင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ဆောက်လုပ်ရေးအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရပါသည်။

ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် တောင်ကိုရီးယားကုန်ပစ္စည်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းလျေ့ာပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

HANSAE ကုမ္ပဏီကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဗီယက်နမ်၊ နီကာရာဂ္ဂါ၊ ဂ္ဂါတီမာလာ၊ မင်ဒိုနီးရှား၊ မြန်မာနှင့် ဟေတီနိုင်ငံတို့တွင် ကော်ပိုရေးရှင်း ၁၇ ခု တည်ထောင်ပြီးဖြစ်ကြောင်း သိရပါသည်။

Myawaddy

Local News Read 781 times