Space BD သည် ဂျပန်နိုင်ငံမှ အာကာသလုပ်ငန်းသစ်ဖြစ်ပြီး နိုင်ငံတကာအာကာသစခန်း (International Space Station-ISS )ဖြစ်သည့် ဂျပန်မှ စမ်းသပ်မှုပုံစံဖြစ်ပြီးတစ်ခုတည်းထီးထီးဖြစ်သော အကြီးဆုံး ISS module လည်းဖြစ်သော “ Kibo” ကို သုံးစွဲခွင့် ကမ်းလှမ်းသည့်အပြင် ဂျပန်နိုင်ငံအတွက် ဂုဏ်ဆောင်အထင်ကရဖြစ်သည့် “ H3” ပစ်လွှတ်ခြင်းတွင် အတူထည့်ပေးလိုက်ရန်လည်း ကမ်းလှမ်းမှုများ ပြုသည်။ မြန်မာနိုင်ငံ၏ မိုက်ခရိုဂြိုဟ်တု ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဟိုကိုင်ဒိုတက္ကသိုလ်၊ တိုဟိုကိုတက္ကသိုလ်နှင့်မြန်မာ့လေကြောင်းအင်ဂျင်နီယာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် မိုက်ခရိုဂြိုဟ်တုကို အာကာသအတွင်း နေရာချပေးရန်အတွက် ဝန်ဆောင်မှု ပေးအပ်ရန် ရွေးချယ်ခံရကြောင်း ကြေညာသည်။
မြန်မာနိုင်ငံအဖို့ ပထမဆုံးတီထွင်ခဲ့သော Micro-satellite သည် ISS Kibo module မှ နေရာချပေးသွားမည်ဖြစ်သည်။ ဟိုကိုင်ဒိုတက္ကသိုလ်နှင့် Space BD သည် စာချုပ်ချုပ်ဆိုပြီး Space BD သည်ပစ်လွှတ်ခြင်းနှင့် နေရာချပေးခြင်း ၀ န်ဆောင်မှုကို ပေးလိမ့်မည်။
ပြသထားသည့်ပုံသည် ဖိလစ်ပိုင်သမ္မတနိုင်ငံအတွက် Hokkaido တက္ကသိုလ်နှင့် Tohoku တက္ကသိုလ်မှတီထွင်ခဲ့သော DIWATA1 ဖြစ်သည်။
မြန်မာမိုက်ခရိုဂြိုဟ်တုသည် ကီလိုဂရမ် ၅၀ မိုက်ခရိုဂြိုဟ်တုဖြစ်ပြီး ဟိုကိုင်ဒိုတက္ကသိုလ်နှင့် တိုကူတက္ကသိုလ်တို့နှင့်အတူ ပူးပေါင်း၍ မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်မှ ဖွံ့ဖြိုးတည်ဆောက်ထားသည်။
ဂြိုဟ်တုမစ်ရှင်သည် ဂြိုဟ်တုပုံရိပ်များထောက်ပံ့ပေးခြင်းအားဖြင့် ပိုမိုထိရောက်ပြီး စနစ်ကျသောစိုက်ပျိုးရေးနည်းစနစ်များကို အကောင်အထည်ဖော်ရန်နှင့် သဘာဝဘေးအန္တရာယ်များကိုစောင့်ကြည့်ရန် ရည်ရွယ်သည်။ တက္ကသိုလ် ၃ ခုအကြား ပူးပေါင်းမှုသည် မြန်မာနိုင်ငံ၏ ပထမဆုံး Micro-satellite အပါအဝင် လာမည့် ၅ နှစ်အတွင်း microsatellites နှစ်ခုစတင်ရန် ကြိုတင်ခန့်မှန်းထားသည်။ တရားဝင် ဝန်ဆောင်မှုပေးသူအဖြစ် JAXA က ၂၀၁၈ ခုနှစ်တွင် ရွေးချယ်ခဲ့သည့် Space BD သည်မြန်မာနိုင်ငံ၏ပထမဆုံး Micro-satellite မစ်ရှင်ကို ထောက်ပံ့ရန် ဂြိုလ်တု လွှတ်တင်မှုနှင့် နေရာချပေးခြင်း ဝန်ဆောင်မှုကို တစ်နေရာတည်းမှာ ရရှိသည့် ဝန်ဆောင်မှုကို ပေးအပ်သည်။
ဟိုကိုင်ဒိုတက္ကသိုလ်မှ အာကာသမစ်ရှင်စင်တာ၏ဒါရိုက်တာပါမောက္ခ Yukihiro Takahashi က“ ဂြိုဟ်တုလွှတ်တင်ပြီး ပုံရိပ်ဆွဲခြင်းကိစ္စသာမက နောက်ဆုံးပေါ် နည်းပညာနှင့် စောင့်ကြည့်မှတ်သားသည့်နည်းလမ်းများမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေကို ဆန်းစစ်ပြီး တကယ့်လက်တွေ့ ရလဒ်တွေကို ဆောင်ယူဖို့ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင် ဖြစ်ပါတယ်" ဟု ပြောကြားသည်။
သို့ဖြစ်ရာ အာကာသထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့်တိုင်းပြည်အနေဖြင့် ပထမဆုံးယူနစ်ကို ပတ်လမ်းသို့ အောင်မြင်စွာလွှတ်တင်ရန် ဖြစ်နိုင်ခြေ မြင့်မားရန် အလွန်အရေးကြီးသည်။
"အဲဒါအတွက် Kibo မှ နေတရာချပေးခြင်းဟာ ဂြိုလ်တုလွှတ်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဂြိုလ်တုငယ်လေးတွေ စုပြုံပြီး ဒုံးပျံဖြင့် တင်လွှတ်တာတွေထက် တုန်ခါမှု ပိုနည်းပါတယ်။ ရှေ့ဆက်လှမ်းမယ်ဆိုရင် ကမ္ဘာအတွက် အာကာသအသုံးချမှုကိုဆက်လက်ချဲ့ထွင်ခြင်းကို စက်မှုလုပ်ငန်းနဲ့ တက္ကသိုလ်ပညာရပ် သင်ကြားမှုတို့ အနီးကပ်းပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် လုပ်ဆောင်သွားပါမယ်" ဟု ၎င်းက ပြောကြားသည်။
ပိုမိုသိရှိလိုပါက https://space-bd.com သို့ဝင်ရောက်ကြည့်ရှုပါ