မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားနှင့် ၂၃ ကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးအခမ်းအနား အောင်မြင်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ပူးပေါင်းကူညီပံ့ပိုးပေးသောကုမ္ပဏီများနှင့် Sponsor Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၇-၁၂-၂၀၁၈ နေ့ရက်၌ ရန်ကုန်မြို့ရှိ နိုဗိုတဲ ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက Platinum Sponsor ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဒုတိယဥက္ကဌ ဒေါ်ခိုင်ဇော်က Gold Sponsor ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။
ရံပုံငွေရှာဖွေသုံးစွဲရေးကော်မတီမှ ဦးခင်မောင်မြတ်က Silver Sponsor ကုမ္ပဏီများ လက်မှတ်ရေးထိုးခဲ့ပါသည်။