စင်ကာပူတွင် သူနာပြု ၄,၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ပြီး အသစ်ခန့် နိုင်ငံခြားသား သူနာပြုများအတွက် အဆောင်စီ


09 August, 2023

စင်ကာပူတွင် သူနာပြု ၄,၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ပြီး အသစ်ခန့် နိုင်ငံခြားသား သူနာပြုများအတွက် အဆောင်စီစဉ်ပေးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


စင်ကာပူ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားသား သူနာပြုများ အများဆုံးပါဝင်သည့် ကျန်းမာရေးလုပ်သားများတွင် စင်ကာပူကို ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသည့်သူများအတွက် နေထိုင်စရာ နေရာ မရခင်စပ်ကြား အဆောင်မှာ နေထိုင်နိုင်ရန် စီစဉ်ပေးထားမည်။
နေရာအဆောက်အဦ ၅ ခု တွင် ၁,၈၀၀ ဦးအထိ နေထိုင်နိုင်ရန် စီစဉ်ပေးထားမည်။

အဆောင်များကို ယခုနှစ်ကုန်တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၄ ဒုတိယ ၃လပတ်တွင် စတင်နေထိုင်နိုင်ကြမည် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 အိပ်ခန်း တစ်ခန်း ၂ ဦး အတူနေရမည်။ ဧည့်ခန်း၊ ထမင်းစားခန်း၊ ဟင်းချက်ခန်း၊ အဝတ်လျှော်ခန်းနှင့် နားနားနေနေနေ နေရန်အခန်း စသည့်  သာယာအဆင်ပြေမှုများ ပါဝင်မည်ဖြစ်သည်။

ကနဦးအနေဖြင့် နေရာ ၅ နေရာမှ အဆောင်များ အသုံးပြုကြသည်ကို စောင့်ကြည့်လေ့လာပြီး ရရှိလာသည့် အတွေ့အကြုံများဖြင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်။ နောက်ထပ်အဆောက်များ တိုးချဲ့ဖွင့်လှစ်သွားမည်။ နောက်ထပ် နေရာ ၁၁ ခု လျာထားသည်။

၂၀၂၃ ခုနှစ်ကုန်အထိ သူနာပြု ၄,၀၀၀ ဦးနီးပါး အသစ်ခန့်မည် ဖြစ်သည်။ နိုင်ငံခြားသား သူနာပြုများနှင့် နိုင်ငံသား သူနာပြု အချိုးမှာ ၆၀:၄၀ ဖြစ်သဖြင့် နိုင်ငံခြားသား သူနာပြုများ အသစ်ခန့်ဦးရေ ပိုများမည် ဖြစ်သည်။


Source: CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Labour Affairs Read 462 times