ဘယ်စက်ရုံ အလုပ်ရုံ အလုပ်သမားများ SSB ၄၀% ထောက်ပံ့ငွေ အကျုံးဝင်သလဲ


12 October, 2020

လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အကျုံးဝင်သည့် စက်ရုံ အလုပ်ရုံ အလုပ်သမားများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀-၉-၂ဝ၂ဝ ရက်နေ့တွင် အမိန့်အမှတ် - ၁၀၇/ ၂ဝ၂ဝ (အောက်တွင် ဖော်ပြပေးထားပါသည်)ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ၂၄-၉-၂ဝ၂ဝ ရက်နေ့မှ ၇-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ ယာယီရပ်နားထားခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် - ၁၉၆/ ၂၀ ၂၀ (အောက်တွင် ဖော်ပြပေးထားပါသည်)နှင့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ချက် တို့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအားလုံးသည် SSB ၄၀% ထောက်ပံ့ငွေကို ရရှိကြမည် ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေသည် ယခုကာလ စက်ရုံ၊ အလုပ်ရုံ ဖွင့်ခြင်း၊ ပိတ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း သိရပါသည်။

 

 

Local News Laws and Regulations Read 501 times